Green Way
လယ်မြေကောင်းတစ်ကွက်ရဲ့ လက္ခဏာတွေနဲ့ မြေပြင်သုံး စက်ကိရိယာများ

လယ်မြေကောင်းတစ်ကွက်ရဲ့ လက္ခဏာတွေနဲ့ မြေပြင်သုံး စက်ကိရိယာများ

Green Way
Green Way 29/03/2023

 

ကောင်းမွန်သော လယ်ကွက်တွင်ပိုင်ဆိုင်ထားရမည့် အချက်အလက်များနှင့်  မြေပြင်ရာတွင် အသုံးပြုသော ကိရိယာများကို တောင်သူဦးကြီးများ သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။

ကောင်းမွန်သော လယ်ကွက်သည်..

  • (က) အနိမ့်၊ အမြင့်မရှိခြင်း
  • (ခ) ကျောက်ခဲ၊ ကျောက်စရစ် မရှိခြင်း
  • (ဂ) ဆပ်ပြာမပေါက်ခြင်း
  • (ဃ) ထွန်ရေးနက်ခြင်း
  • (င) ရေသွင်းပေါက်ပါရှိခြင်း
  • (စ) ရေထုတ်ပေါက်ပါရှိခြင်း
  • (ဆ) ရေမြောင်းများလုံလောက်စွာပါရှိခြင်း
  • (ဇ) ကန်သင်းနှင့်ပြည့်စုံခြင်း တို့ဖြစ်ပါသည်။

မြေပြုပြင်ရာတွင် အသုံးပြုသော ကိရိယာများ

(က) လင်ပန်းထယ်

သီးနှံစိုက်ပျိုးရန်အတွက် မြေပြုပြင်ရာတွင် ပထမဆုံး မြေခွဲရာ၌ လင်ပန်းထယ်ကိုအသုံးပြုသည်။ မိုးရာသီ၌ ရေမလွှမ်းမီ သီးနှံစိုက်သည့် မြေများတွင် ထယ်ရေးဝင်ထားခြင်းဖြင့် နုန်းတင်ကစ၍ မြေဆီတိုးတက်စေပါသည်။ လင်ပန်းထယ်ဖြ င့် လယ်ကန်သင်းများဖျက်ခြင်း၊ ကန်သင်းဖို့ ခြင်းများကို မြေပျော့စဉ်တွင် အသင့်အတင့် ဆောင်ရွက်နိုင်ပြီးထယ်သွား(၃)ခုပါသော ညာပြန်ထယ်များကို အများအားဖြ င့် အသုံးပြုလက်ရှိပါသည်။ ယင်းကို ထွန်စက်၊ လက်တွန်းစက်တို့ဖြင့် ချိတ်ဆွဲ၍ အသုံးပြုနိုင်သည်။

လင်ပန်းထယ်ဖြင့် ထယ်စာ(မြေစိုင်ခဲ) များကို ညာဘက်သို့လှန်ချပုံ

(ခ) လင်ပန်းထွန်

ပထမထယ်ထိုးပြီးနောက် မြေထယ်စာများကို ခြေမွရန်နှင့်  မြေညှိရန်အတွက်လင်ပန်းထွန်များကို အသုံးပြုသည်။ အသွား(၁၆) ခု ပါသော လင်ပန်းထွန်ကို အများအားဖြင့်အသုံးပြုသည်။

လင်ပန်းထွန်း

(ဂ) သမန်းမွှေစက် (ရိုတာဗေတာ)

သမန်းကမွှစက်သည် မြေကြီးကို ခုတ်ခြေသောကိရိယာ ဖြစ်ပါသည်။ ထို့အပြင် ရိုးပြတ်၊ ပေါင်း မြက်ပင်၊ သီးနှံအမြစ်နှင့် အငုတ်များကို ခုတ်စင်း၍ မြေကြီးထဲသို့ မြှုပ်နှံပေးခြင်းဖြင့် မြေဩဇာပိုမိုကောင်းမွန်စေပါသည်။ သမန်းမွှေစက်ပေါ်တွင် ဓားသွားများကို ၂ တန်း (သို့) ၃ တန်း စသည်ဖြ င့် တပ်ဆင်လေ့ရှိသည်။ သဲမြေ၊ နုန်းမြေ များနှင့် ရွှံစေးမများလွန်းသည့် မြေများတွင် အစိုဓာတ်အသင့်အတင့်ရှိသောအခါ တစ်စပ်တည်းဖြင့် သီးနှံစိုက်ပျိုးနိုင်သည့်မြေ (သမန်းမြေ ) ကိုရသည်။ အလတ်တန်းစား မြေမျိုးတွင်အစိုဓာတ် အသင့်အတင့်ရှိပါက ထယ်၊ ထွန်မပါဘဲ ယင်းကိရိယာဖြင့် နှစ်စပ်ထွန်ယက်စိုက်ပျိုးနိုင်သည်။

သမန်းမွှေစက်(ရိုတာဗေတာ)

 

(ဃ) ကြားပေါင်းလိုက် ကိရိယာ

ကြားပေါင်းလိုက် ကိရိယာကို သီးနှံစိုက်ခင်းများတွင် ပေါင်းသင်မြေဆွရန်အတွက် လည်းကောင်း၊ မြေမာ၊ မြေကြမ်းများ၊ ကျောက်စရစ်ထူသော များတွင် ပထမဦးဆုံး ထွန်ယက်ရန်အတွက်လည်း အသုံးပြုသည်။ သို့သော် အလယ်အလတ်တန်းစား သာမန်မြေနှင့် မြေပွ၊ မြေနုများတွင်မူ ပထမထယ်များ၌ လင်ပန်းထယ်၊ လင်ပန်းထွန်များ ကဲ့သို့ ကောင်းမွန်စွာခြေမွနိုင်မှုမရှိပါ။ ထွန်သွားတစ်ချောင်းစီကို စပရိန်များဖြ င့်ထိန်းထားခြင်းကြောင့် မြေမာ၊ မြေကြမ်းများကို ထွန်ယက်သည့်အခါ ထွန်သွားချောင်းများမကျိုးပဲ့ဘဲ ယိမ်းယိုင်လှုပ်ရှားမှုကိုသာ ဖြစ်စေသည်။ ယင်းစပရိန်၏ လှုပ်ရှားခြင်းကြောင့် ထွန်သွားချောင်းများသည် မြေကြီးပေါ်တွင် ဆောက်ဖြင့်ခုတ်သကဲ့သို့ ခုတ်သွားစေသည်။ ပေါင်းသင်မြေဆွခြ င်း၊ မြေထဲသို့ စူးစိုက်ဝင်ခြင်း စသည်တို့အတွက် ထွန်သွားချောင်း၏ အဖျားတွင် လုပ်ငန်းအတွက်လိုအပ်သော အသွားအမျိုးမျိုးကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

Win Ko Thu

Win Ko Thu

1 year ago

ယခုလိုသိလိုက်ရတော့လည်းကျေးဇူးပါ

Win Ko Thu

Win Ko Thu

1 year ago

ယခင်ကစက်ပိုင်ရှင်များပြုလုပ့်ပေးသည့်ကရိယာတစ်ခုသာဖြစ်သော်ကြောင့်လုပ်ငန်းခွင်တွင်အချိန်ကုန်အခက်ခဲမျိုးစုံကြုံရလိုစက်ကယိရာများကိုအငှားစမ်းသပ်သုံးပြီးတော့ဝယ်မသုံးရဲကြဘူးခင်ဗျာ

Nilar Aung

Nilar Aung

3 years ago

.

Nilar Aung

Nilar Aung

3 years ago

m

Nilar Aung

Nilar Aung

3 years ago

.

You

Related questions

testing

Ya Kauk • 2 answers

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်ပါလားဗျာ့။သိတဲ့သူများဖြေပေးကြပါဦး။ (ပုံမှာကရွှေဝါထွန်းမျိုးပါရက်90ရှိနေပါပြီ။)

U Mg Mg Tin • 1 answers

အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ

Naing Win Tun • 1 answers

ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်‌ပြောပြပေးပါလားခင်ဗျ

မင်းခန့် • 2 answers

ကျွန်နော် ခုမှ စစိုက်ပျိုးမလို့ပါ ကျောက်ဖရုံကို စီးပွားဖစ်စိုက်ပျိုးချင်ပါတယ်ဗျ ရေလျံတွင်းလဲရှိပါတယ် ဘယ်လိုစိုက်ပျိုးရမလဲဗျ

စောဘုန်းထက် • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....