အသားအရေနှင့် ဆံသားအတွက် ဥနီအဆီရဲ့အသုံးဝင်ပုံ
ဥနီအဆီဟာ လူသားတို့အတွက် ဘယ်လိုတွေ အသုံးဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မသိခဲ့ကြပါဘူး။ ဥနီအဆီဟာ လူသားတို့၏ ဇီဝကမ္မဖြစ်စဉ်နှင့် အနာရောဂါများအတွက် အလွန်အကျိုးရှိပါတယ်။ ဒါ့အပြင် အသားအရေခြောက်သွေ့မှုကို လျော့နည်းစေပြီး အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ ဆံသားဦးရေအတွက်လည်း အသုံးပြုနိုင်သည်။ ဥနီအဆီကို တစ်မျိုးတည်းအသုံးပြုနိုင်သလို တခြားသော ပစ္စည်းများမှရရှိသော အဆီများနှင့်လည်းတွဲ၍ ပြုလုပ်နိုင်ပါတယ်။
လူသားတို့အရေပြားအတွက် ဥနီအဆီရဲ့အရေးပါပုံ
ဥနီအဆီဟာ လူသားတို့၏ အရေပြားအတွင်းပိုင်းအတွက် လိုအပ်သောဓာတ်များကို ပြန်လည်ဖြည့်ပေးနိုင်သော အဆီတစ်မျိုးဖြစ်ပါတယ်။ နေရောင်ခံခြင်းကြောင့် အရေပြားအတွင်း အစိုဓာတ်ထိန်းသိမ်းမှုဆုံးရှုံးခြင်းကို ၎င်းအဆီအားအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဥနီအဆီကို များစွာသောအလှကုန်ပစ္စည်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သလို ၎င်းအဆီဟာ အရေပြားပေါ်ရှိတစ်သျှူးများနူးညံ့စေရန် အသုံးဝင်ပါသေးတယ်။ ဥနီအဆီဟာအရေပြားပေါ်တွင်ပေါက်သော နှင်းခူနာနှင့် တခြားသော အရေပြားပြဿနာများကို ကုသနိုင်ပါတယ်။
ဥနီအဆီရဲ့အစွမ်းကတော့အရေပြားကို စိုပြေဝင်းလက်စေခြင်း၊ အရေပြားကို နုပျိုစေခြင်းနှင့် အရေပြားတွင်အတွန့်အကြေကြောင်းများဖြစ်ပေါ်ခြင်းကို ကာကွယ်ဟန့်တားနိုင်သည်။ ၎င်းအဆီသည် အာဟာရဓာတ်များစွာပါဝင်နေခြင်းကြောင့် အရေပြားရောဂါနှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်သည်။
ဥနီအဆီတွင် ဗိုက်တာမင် အေ၊ အန်တီအောက်စီဒန့်ဓါတ်နှင့် ရောင်ခြယ်ပစ္စည်းများ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ပျော်ဝင်မှုများသော ဗိုက်တင်မင်အီးလည်းပါဝင်ပြီး ဥနီအဆီဟာ မရှိမဖြစ်လိုအပ်သော သံလွင်ဆီတစ်မျိုးဖြစ်ပါတယ်။ လူသားတို့၏ အရေပြားတိုင်းအတွက် အသုံးဝင်ပါသည်။
ဆံသားအတွက်လည်းအလွန်အသုံးဝင်
ဥနီအဆီတွင် ဗိုက်တာမင်အေနှင့် ဗိုက်တာမင်အီးပါဝင်မှုကြောင့် အသားရေကဲ့သို့ ဆံသားအတွက်လည်း အကျိုးရှိပါတယ်။ ၎င်းတို့ပါဝင်ခြင်းဟာ ဆံသားကြီးထွားခြင်းကို ကူညီစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ၎င်းအဆီကို ပုံမုန်အသုံးပြုခြင်းအားဖြင့် ဆံသားကို ကောင်းမွန်သန်စွမ်းစေပြီး မဲနက်စေပါတယ်။ ဥနီအဆီဟာအရေပြားနှင့် ဆံသားအတွက် ထူးကဲသောအစိုဓာတ်ကို ရရှိစေသည်။
ဆံပင်ကိုပြုပြင်သော ဆေးရည်အဖြစ် ဥနီအဆီကို အသုံးပြုနိုင်ပြီး ဆံသား (ဦးရေပြား)ကို ကောင်းမွန်စေရန် အသုံးပြုသင့်သော အဆီတစ်မျိုးဖြစ်ပါသည်။
၎င်းအဆီကို ကိုယ်တိုင်ပြုလုပ်လိုလျှင် -
-
ဥနီအဆီ
-
နွားနို့
-
ပျားရည်
အထက်ပါပစ္စည်းများကိုရောစပ်၍ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ခေါင်းလျှော်ရည်တစ်မျိုးမျိုး အသုံးပြုခြင်းဖြင့် ဦးရေကိုအေးမြစေပြီး ဆံသားပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။
ထိုသို့ အသုံးပြုရာတွင်လည်း တန်ဆေးလွန်ဘေးဆိုသည်အတိုင်း သင့်တင့်မျှတစွာအသုံးပြုရန် လိုအပ်ပါတယ်။ တခြားသော အဆီများနှင့် တွဲသုံး၍ အရေပြားပြဿနာ အမျိုးမျိုးတို့ကို ကာကွယ်ဟန့်တားနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်တယ်ဆိုတာကို ဆက်လက်တင်ပြပေးပါအုံးမည်။
လင်းလင်းထွန်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....