အာဟာရဓာတ်ကြွယ်ဝတဲ့ စူပါအစားအစာ မိုက်ခရိုဂရင်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၃)
စားမှိုစိုက်ပြီးပွားစာဆွေးများကို ရွက်မှန်စုံပျိုးပင် မိုက်ခရိုဂရင်းခင်းများတွင် သုံးစွဲခြင်း (၂)
မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းများသည် စားသုံးသူများအတွက် အာဟာရပြည့်ပြီး ကျန်းမာရေးအထောက်အကူပြုသည်။ မိုက်ခရိုဂရင်း သည် ကယ်လစီယံ၊ မက်ဂနီစီယံ၊ အိုင်းရွန်း၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဗိုက်တာမင်များပါသော မင်နရယ် အရင်းအမြစ်ဖြစ်သည်။ အာဟာရကြွယ်ဝပြီး ကယ်လိုရီနည်းသည်။ အန်တီအောက်ဆီးဒန့်ပါဝင်မှုများသဖြင့် စျေးကွက်တွင် အဆင့်မြင့် အစားအစာဟုလည်းခေါ်ကြသည်။စားသောက်ဖွယ်ရာများတွင် ထည့်စားပါက အနံ့အရသာပိုကောင်းလာသည်။

၁။ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်း
- မိုက်ခရိုဂရင်းသည် အစေ့စိုက်ပြီး ၁ဝရက်သား အရွက်မှန်စုံအဆင့် ဖြစ်သည်။ ဖွံ့ဖြိုးဆဲ အရွက်ငယ်များတွင် အာဟာရဓာတ် ပြည့်ဝ သည်။
- ဘေဘီဂရင်းသည် ၂-၃ ပတ်သား အရွက်ပိုစုံပြီး ပိုမိုဖွံ့ဖြိုးလာသော အဆင့်ဖြစ်သည်။ နေရောင်ဖြင့် အစာချက်မှု ရှိလာသည်။
- စိုက်ပြီး ၇-၉ ပတ်တွင် အရွယ်ရောက်ပင်ဟု ခေါ်သည်။
၂။ ဗိုက်တာမင် ပါဝင်မှု
- မိုက်ခရိုဂရင်း အရွယ်ရောက်ပင်များထက် အာဟာရဓာတ်သည် ၄ဝ% ပိုမြင့်သည်။
- တနေ့လျှင် မိုက်ခရိုဂရင်း/ဘေဘီဂရင်း၂ဝ- ၂၅ ဂရမ်ကို ဓာတ်စာအဖြစ်စားပါက ဗိုက်တာမင်ကေ ပိုရရှိသည်။ ရောင်ရမ်းမှုကို ကြိုတင်တားဆီးသည်။ ဘရိုကိုလီနှင့် မုံညင်းမိုက်ခရိုဂရင်းသည် ဗိုက်တာမင် ဘီ ကြွယ်ဝသည်။ နှလုံးကျန်းမာရေးတိုးစေသည်။
- ဘေဘီဂရင်းသည် မိုက်ခရိုဂရင်းထက် ဗိုက်တာမင်ကေနှင့် ဘီသည် အနည်းငယ်ပိုပါသည်။
- အရွယ်ရောက်အပင်ကြီးများနှင့် မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများ၏ ဗိုက်တာမင်ပါဝင်မှုသည် မုံညှင်းမျိုးဝင် မိုက်ခရိုဂရင်းအပင်ကြီးများထက် ဗိုက်တာမင်အေသည် ၂ ဆ ပိုသည်။
- မုံလာဥ မိုက်ခရိုဂရင်းတွင် အပင်ကြီးများထက် ကယ်လ်ဆီယံ နှင့် ဖက်တီးအက်ဆစ်သည် ၂ဆ ပိုသည်။
၃။ မင်နရယ် ပါဝင်မှု
မိုက်ခရိုဂရင်းတွင် မင်နရယ် ဖဲရပ်၊ ကောပါး၊ ဇင့်ပါဝင်မှု မြင့်သည်။ ဘေဘီဂရင်းတွင် မင်နရယ်ပါဝင်မှု ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယံနှင့်ကိုလက်စထရောပါဝင်မှုနည်းသည်။
ဟင်းနုနွယ်၊ ကိုင်းလာပင်များ၏ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းပင်များတွင်ပါဝင်သော အေ၊ စီ၊ အီး၊ ကေ၊ အမျှင်၊ အိုင်းရွန်းနှင့် မက်ဂနီစီယံသည် အပင်ကြီးများထက်ပိုပါဝင်သည်။

မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများနှင့် အပင်ကြီး အာဟာရဓာတ်ပါဝင်မှု

၄။ အန်တီအောက်ဆီးဒန့် ပါဝင်မှု
မိုက်ခရိုဂရင်း အစိုချိန် ၁ ဂရမ် တွင် အန်တီအောက်ဆီးဒန့် ၂.၁၇ မီလီဂရမ် ပါသည်။ ဘေဘီဂရင်း အစိုချိန် ၁ ဂရမ်တွင် အန်တီအောက်ဆီးဒန့် ၂.၆၈ မီလီဂရမ်ပါသည်။ ကလိုရိုဖီး ၂ဝ% ပိုပါသည်။
အရွယ်ရောက်အပင်ကြီးများနှင့် မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများ၏ အန်တီအောက်ဆီးဒန့် ပါဝင်မှု
ဘရိုကိုလီ၊ မုံညှင်း၊ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းသည် အပင်ကြီးများထက် အန်တီအောက်ဆီးဒန့်၊ (ကယ်ရိုတီနွိုက် ၊ ဖလေဗိုနွိုက်) ပိုသည်။ သွေးတွင်းသကြားကျစေသဖြင့် နှလုံး၊ ကင်ဆာရောဂါများ ကြိုတင်ကာကွယ်နိုင်သည်။ ဂေါ်ဖီထုတ်အနီ မိုက်ခရိုဂရင်း နှင့် ဘေဘီ ဂရင်း သည် အပင်ကြီးများထက် ဖိုလိတ် ပိုပါ သည်၊
၅။ အနံ့အရသာ
မိုက်ခရိုဂရင်းသည် စားသောက်ဆိုင်ဟင်းလျာများတွင် အနံ့၊ အရသာ၊ အရောင်အတွက်ထည့်သုံးသည်။ ဘေဘီဂရင်းများထက် အရွယ်ရောက် အပင်ကြီးများ၏ အနံ့၊ အရသာနှင့် ပိုတူသည်။ ဘေဘီဂရင်း အနံ့၊ အရသာသည် မိုက်ခရိုဂရင်းထက်ပျော့သည်။ တစ်ပင်လုံးကို အရွက်သုပ်ရာတွင်အသုံးများသည်။
မိုက်ခရိုဂရင်း/ ဘေဘီဂရင်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရိုးရှင်းသည်။ လွယ်ကူသည်။ အလင်း၊ ရေ၊ အာဟာရ၊ အစေ့၊ စိုက်ပျိုးပွားစာ အရည်အသွေး ကောင်းရန်သာလိုသည်။
ကိုးကား
Ayeni, A. Nutrient Content of Micro/Baby-Green and Field-Grown Mature Foliage of Tropical Spinach (Amaranthus sp.) and Roselle (Hibiscus sabdariffa L.). Foods 2021, 10, 2546. https:// doi.org/10.3390/foods10112546
Waterland NL. et al., Mineral Content Differs among Microgreen, Baby Leaf, and Adult
Stages in Three Cultivars of Kale. HORTSCIENCE 52(4):566–571. 2017. doi: 10.21273/HORTSCI11499-16
https://mygardyn.com/blog/plant-life-cycle/
https://microgreensworld.com/microgreens-vs-baby-greens/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....