ကလေးများကို ကျွေးရန်သင့်တော်သည့် မိုက်ခရိုဂရင်း (၇)မျိုး
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၈)
စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်း များတွင် သုံးစွဲခြင်း (၇)
ကလေးများကို မိုက်ခရိုဂရင်း ကျွေးပါလျှင် ကိုယ်ခံစွမ်းအားမြင့်စေသည်။
ဘာကြောင့်လဲ?
ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနှင့် အာဟာရဓာတ်အစုံ ပါဝင်သည်။ ကယ်လိုရီနည်းသည်။ အန်တီအောက်ဆီးဒန့်ကြွယ်ဝသည်။ ရာသီပြောင်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါများခံနိုင်အောင် ကိုယ်ခံအားမြင့်စေသည်။
ဘယ်လိုပြင်ဆင်ကျွေးမလဲ?
ကလေးများအတွက် မည်သည့်ဟင်းထဲတွင်မဆို သင့်တင့်ရုံထည့်ချက်သင့်သည်။ မိုက်ခရိုဂရင်းကို ကြိတ်ပြီး အသီး ဖျော်ရည်ပုံစံလုပ်ပြီးတိုက်နိုင်သည်။ အစိမ်းကြော်၊ ကြက်ဥနှင့် အရွက်မွှေကြော်ပုံစံမျိုးလည်း ပြုလုပ်နိုင်သည်။
မိုက်ခရိုဂရင်းစားခြင်းသည် ကလေးများခန္ဓာကိုယ်ဖွံ့ဖြိုးရန်ကူညီသည်။
အစိမ်းကျွေးလို့ရလား?
မိုက်ခရိုဂရင်းကို အစိမ်းကျွေးနိုင်သည်။ ကိုယ်တိုင်ဖြစ်စေ၊ ကလေးများနှင့်အတူ အိမ်တွင် စိုက်ပျိုးထားသော လတ်လတ်ဆတ်ဆတ် စားခြင်းကို အကြံပြုလိုသည်။ မြေအခြေခံ မီဒီယာဖြင် စိုက်ခြင်းသည် အာဟာရဖျော်ရည်ဖြင့် စိုက်ခြင်းထက်ပိုကောင်းသည်။ မြေဖြင့်စိုက်သောမိုက်ခရိုဂရင်းသည် နေအလင်းရောင် ကောင်းစွာ ရသည်။ လေဝင်လေထွက် ကောင်းစွာရသည်။ အာဟာရဖျော်ရည် မြေမဲ့နည်းဖြင့်စိုက်သော မိုက်ခရိုဂရင်းများသည် လေဝင်လေထွက် ညံ့သည်။ မှိုနှင့် ဘက်တီးရီးယား စွဲနေတတ်သည်။ အစိမ်းစားခြင်းသည် ကလေးများကို အန္တရာယ် ဖြစ်စေသည်။ ကလေးများကို မိုက်ခရိုဂရင်းကျွေးလျှင် အမြစ်မပါစေရ။ အမြစ်ပါအစိမ်း ကျွေးခြင်းသည် အစာမကြေခြမကျန်းမာခြင်းဖြစ်စေသည်။
ပထမဆုံး အကြိမ်ကျွေးလျှင်
ချိုသော မိုက်ခရိုဂရင်း ကို စကျွေးပါ။ အစိမ်းကို သုပ်ကျွေးပါက ကလေများပိုကြိုက်သည်။ မိုက်ခရိုဂရင်းအစိမ်းစားခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းသည်။ ချက်စားပါကပါဝင်သော အာဟာရနှင့် ဗိုက်တာမင်များ ကျဆင်းသွားသည်။ ဘရိုကိုလီ ပန်းမုံလာအစိမ်းမိုက်ခရို ဂရင်းသည် အနည်ငယ် "သက်"သဖြင့် ကလေးသူငယ်များ မကြိုက်ကြပါ။ အခြားသစ်သီးဖျော်ရည်ဖြင့် Smoothe ပုံစံမျိုးဖျော်သောက်လျှင် ပိုကောင်းသည်။
ကျန်းမာရေးအကျိုးကျေးဇူး
မိုက်ခရိုဂရင်းစားခြင်းသည် ကလေးများ၏ ကိုယ်ခံစွမ်းအားမြင့်စေသည်။ ကလေးများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာရေးနှင့် အရိုးသန်မာရန်အတွက် အကျိုးရှိသည်။ ကိုယ်ခံ စွမ်းအားမြင့်လာသည်။ အမျှင် နှင် ပရိုတင်း ကြွယ်ဝသည်။ အမျှင်ကြမ်းပါဝင်မှုများသဖြင့် ကလေးများ၏ အူလမ်းကြောင်းကို ရှင်းပေးသည်။
ဘယ်မိုက်ခရိုဂရင်းက ကလေးတွေအတွက်ကောင်းလဲ
ကလေးများအတွက် အကောင်းဆုံး မိုက်ခရိုဂရင်းဟု သတ်မှတ်မထားပါ။ ချိုပြီး အနံ့မပြင်းသော မိုက်ခရိုဂရင်းများကို ကလေးများစားကျင့် ရှိကြသည်။ မိုက်ခရိုဂရင်း စားခြင်းသည် ကလေးများကို ဓာတ်မတည့်ခြင်း မဖြစ်စေပါ။ ချိုပြီးအနံ့မပြင်းသော မိုက်ခရိုဂရင်းများကို ကလေးများကိုယ်တိုင်စိုက်၊ ကိုယ်တိုင်လတ်လတ်ဆတ်ဆတ် ခူးဆွတ်စားစေသော အပင်စိုက်ပျိုးခြင်း လက်တွေ့အစီအစဥ်များကို အခြေခံကျောင်းများတွင် သင်တန်းချိန်များကို ရေးဆွဲထည့်သွင်းထားသင့်သည်။
ကလေးများအတွက် ကျွေးရန်သင့်တော်သည့် အရသာချိုပြီး၊ အနံ့ မပြင်းသော မိုက်ခရိုဂရင်း (၇)မျိုး
၁။ ဘရိုကိုလီ ပန်းမုံလာအစိမ်း
၂။ မုံလာဥမရမ်း

၃။ ဆလပ်

၄။ မုံလာဥထုပ်အနီ

၅။ ကိုက်လန်

၆။ နေကြာ

၇။ ပင်စိမ်း

reference:
https://microgreensworld.com on April 11, 2020.
Bhaswant, M.; Shanmugam, D.K.; Miyazawa, T.; Abe, C.; Miyazawa, T. Microgreens—A Comprehensive Review of Bioactive Molecules and Health Benefits. Molecules 2023, 28, 867. https://doi.org/ 10.3390/molecules28020867
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....