ကင်ပွန်းချဉ်၏ ကောင်းကျိုးများ
မြန်မာနိုင်ငံအနှံအပြားတွင်ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံးတွေ့ရပါတယ်။ သဘာဝအလျောက်ပေါက်ရောက်သော စားသုံးပင်ဖြစ်ပါတယ်။ ကင်ပွန်းချည်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုး ဖြစ်သည်။ ကင်ပွန်းချဉ်ကို အချဉ်ရည်ချက်ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ ဟင်းချိုးချက်သောက်ခြင်းများပြုလုပ်၍ စားသုံးနိုင်ပါတယ်။ ကင်ပွန်းချဉ်သည် အသည်းအတွက် အလွန်အသုံးဝင်ပါတယ်။
ပထမဆုံးအနေနဲ့ ဆံသားပျက်စီးမှုကို သဘာဝအတိုင်း ပြန်လည်ကုသပေးနိုင်ပါတယ်။ ဆံသားကို ပြန်လည်သန်စွမ်းအောင်လည်း ထိန်းညှိပေးနိုင်ပါတယ်။ ဗောက်များကိုလည်းပျောက်ကင်းစေပါတယ်။ ဒါကြောင့် ကင်ပွန်းချဉ်ကို ခေါင်းလျော်ရည်နှင့် ရေချိုးဆပ်ပြာများ ပြုလုပ်အသုံးပြုနိုင်ပါတယ်။
အရေပြားရောဂါများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားပေါ် တွင် အနီဖိမ့်အစက်များနဲ့ နှင်းခူနာများကို ပျောက်ကင်းစေနိုင်ပါတယ်။
ခံတွင်းရာဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပြီး ခံတွင်းနံ့ (အာပုတ်) နံခြင်းကိုလည်း လျော့နည်းစေပါတယ်။ ပါးစပ်အတွင်း ပြည်တည်အနာများကြောင့် လည်ချောင်းနာကျင်မှုကို သက်သာစေရန် အလွန်အသုံးဝင်ပါတယ်။ ကိုယ်တွင်းအပူကို ငြိမ်းစေပါတယ်။
ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ချပေးရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကိုလက်စထရောမြင့်တက်မှုကို လျော့နည်းစေရန်အတွက် ကင်ပွန်းချဉ်ရွက်ကို စားသုံးခြင်းဖြင့် ကုသနိုင်ပါတယ်။
အစာအိမ်ရောဂါများနှင့် ဝမ်းချုပ်ခြင်းကို အမှန်တကယ် သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ ဆီးပူ ဆီးအောင့်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တယ်။
ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါများ၊ နှလုံးရောဂါဝေဒနာရှင်တို့အနေဖြင့် အမြဲစားသုံးသင့်ပါတယ်။ သွေးသားသန့်စင်ပေးပြီး ခန္ဓာကိုယ်အဆီကျပေါ့ပါးစေပါတယ်။
“အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့်စကားအတိုင်း သင့်တင့်မျှတစွာစားသုံးရန် လိုအပ်ပါတယ်ဗျ။ ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့အစားအစာများကို ရွေးချယ်စားသုံးပါလို့ အကြံပြုပါတယ်ဗျာ။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all