မှိုဆိုတိုင်း စားသင့်ပါသလား
မိုးရာသီရောက်ပြီဆိုတော့ သွားရင်းလာရင်း လမ်းဘေးဝဲယာမှာ မှိုလေးတွေပေါက်နေကြတာကို မြင်တွေ့နေရပါပြီ။ မှိုလေးတွေမြင်တဲ့အခါ ခူးချင်စိတ်ဖြစ်မိကြမှာပါ။ မှိုတိုင်းဟာ မစားကောင်းမှန်း အားလုံးအသိပါပဲ။ ဒါပေမယ့် မှိုနဲ့မရင်းနှီးတဲ့သူတွေအတွက်တော့ စားကောင်းတဲ့မှိုနဲ့ မစားကောင်းတဲ့မှို ခွဲခြားဖို့ အခက်အခဲရှိနိုင်ပါတယ်။ အဆိပ်ရှိမှိုကို စားသုံးမိရင် မူးဝေ ဗိုက်နာ အော့အန် ဝမ်းလျောဖြစ်စေနိုင်တဲ့အပြင် အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မှိုကိုချက်ပြုတ်ဖို့ အိမ်သို့မသယ်ဆောင်မီ အပြင်ပိုင်းကြည့်ပြီး စားကောင်း၏ မစားကောင်း၏ ခွဲခြားနိုင်မယ့် နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်။
- မှိုရဲ့အနံ့ဟာ မသတီစရာ ခပ်ပြင်းပြင်းအနံ့မျိုးဖြစ်နေရင် အဆိပ်ရှိမှိုဖြစ်ဖို့ သေချာသလောက်ပါပဲ
- မှိုရဲ့ထိပ်မှာ အရောင်ကွဲအကွက်နှင့် ကြွက်နို့ကဲ့လို့ အဖုအထစ်များပါနေလျှင်
- မှိုခေါင်းအောက်ခြေမှ ပါးဟက် စွတ်စွတ်ဖြူနေလျှင်
- မှိုရဲ့ ပင်စည်မှာ အကွင်းလေး ပါနေလျှင်
- မှိုရဲ့ မြေကြီးနဲ့ထိစပ်နေတဲ့ ပင်စည်ပိုင်းကိုကြည့်လို့ လုံးပြီးဖောင်းကြွနေလျှင် (မှိုကို အမြစ်ပါအောင် ဆွဲနှုတ်ကြည့်ပါ)
- မှိုကိုချိုးဖဲ့ကြည့်လို့ အသားတွေ အမဲရောင်ပြောင်းသွားလျှင်
- မှိုရဲ့ပင်စည် အလွန်ကြေမွလွယ်နေလျှင်
အထက်ပါအချက်အလက်တွေအားဖြင့် အဆိပ်ရှိမှိုကို အတော်အသင့်ခွဲခြားသိရှိနိုင်ပါတယ်။
သို့ပေမယ့် မှိုကို အမျိုးအစားတွေအလိုက် မှတ်သားထားတာတော့ အကောင်းဆုံးပါပဲ။ အဆိပ်ရှိမှိုများဟာ လူကိုသေစေသည်အထိ အန္တရာယ်ပေးနိုင်သော်လည်း စားကောင်းသောမှိုများဟာ လူ့ခန္ဓာကိုယ်အတွက် အင်မတန်မှအကျိုးပြုလှပါတယ်။
မှိုဟာ လူကို အန္တရယ်ဖြစ်စေသော အဆီနှင့် ကိုလက်စထရော မပါဝင်သလောက်ဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သော စားစရာတစ်ခုဖြစ်ပါတယ်။
သတ္တုဓာတ်များ၊ ဗီတာမင်များ ကြွယ်ဝစွာပါဝင်ပြီး အသားဓာတ်ကြွယ်ဝတာကြောင့် သက်သက်လွတ်သမားတွေအတွက်လည်း အသားအစားထိုးစားသုံးနိုင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပြီး ဆီးချိုရောဂါရှင်များအတွက်လည်း အထူးသင့်တော်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
မှိုဟာ နှလုံးကျန်းမာရေးနှင့် ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အရိုးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
မှိုဟာ ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်သော်လည်း အလွန်အကျွံမစားမိစေရန်သတိပြုသင့်ပါတယ်။ နေ့စဉ် မှိုငါးပင်မှ ဆယ်ပင် မှန်မှန်စားပေးခြင်းဟာ ကျန်းမာရေးအတွက် အသင့်လျှော်ဆုံးပဲ ဖြစ်ပါတယ်။
Ref: https://www.intechopen.com/books/an-introduction-to-mushroom/edible-mushroom-nutritional-properties-potential-nutraceutical-values-and-its-utilisation-in-food-pr
https://www.gmushrooms.com/info.htm
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThawZin
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....