ပျားတုပ်ခံရခြင်းအတွက် အိမ်တွင်းဆေးနည်းများ
လူအများစုအတွက်တော့ ပျားတုပ်ခံရတာဟာ သိပ်ပြီး ပြင်းထန်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပျားတုပ်ခံရတဲ့နေရာမှာ နာကျင်ခြင်း၊ ဖောရောင်ခြင်း၊ နီရဲပူလောင်ခြင်း၊ ယားယံခြင်းလောက်ပဲ ယာယီခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ ပျားဆိပ်နှင့်ဓာတ်မတည့်သူ ဒါမှမဟုတ် အကြိမ်များစွာအတုပ်ခံရပြီဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
- ခန္ဓာကိုယ်အနှံ့မှာ အင်ပျဉ်ထွက်ခြင်း
- အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်လာခြင်း
- ပြင်းထန်စွာယားခြင်း
- လျှာနှင့် လည်ချောင်းများ ရောင်ယမ်းလာခြင်း
- အသက်ရှူကြပ်လာခြင်း
- နှလုံးခုန်မြန်လာခြင်း
- မူးဝေပျို့အန်ခြင်း
- သတိလစ်ခြင်း
ပျားတုပ်ခံရပြီးနောက် အထက်မှာဖော်ပြထားတဲ့အချက်တွေထဲက တစ်ခုခုကြုံတွေ့ရပြီဆိုရင်တော့ ပျားဆိပ်နှင့် ဓာတ်မတည့်တာဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းဟာ ပြင်းထန်စွာရှော့ရစေနိုင်ပြီး အသက်အန္တရာယ်ရှိတာကြောင့် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။
အိမ်တွင်းဆေးနည်းများ
ပျားတုပ်ခံရပြီးနောက်မှာ ပြင်းထန်တဲ့လက္ခဏာတွေ မခံစားရရင်တော့ အိမ်တွင်းနည်းနဲ့ပဲ သက်သာအောင်ပြုလုပ်လို့ရပါတယ်။ အကယ်၍ ပျားတုပ်ခံရပြီးနောက်မှာ ပျားဆူးလေးအရေပြားမှာစိုက်ကျန်ခဲ့ရင်တော့ အမြန်ဖယ်ရှားပေးရပါမယ်။ ထို့မှသာ အဆိပ်ဆူးမှာရှိတဲ့ ပျားဆိပ်တွေ ခန္ဓာကိုယ်ထဲ ဆက်လက်စိမ့်ဝင်နေမှုကို ရပ်တန့်စေမှာဖြစ်ပါတယ်။ အိမ်တွင်းဆေးနည်းတွေဟာ သိပ္ပံနည်းကျကုသမှုတွေမဟုတ်ပေမယ့် သက်သာစေတဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပျားတုပ်ခံရတဲ့နေရာကို ရေနှင့် ဆပ်ပြာအသုံးပြုပြီး ဆေးကြောလိုက်ပါ။
မုန့်ဖုတ်ဆော်ဒါဟာ ပျားတုပ်ဒဏ်ရာကို သက်သာစေတဲ့ အိမ်တွင်းဆေးနည်းထဲမှာ ထိပ်ဆုံးကနေရာယူထားပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနှင့်ပျစ်ပျစ်ဖျော်ပြီး ပျားတုပ်ရတဲ့နေရာကို ခပ်ထူထူသုတ်လိမ်းပေးပါ။
- ပျားရည်
ပျားရည်ဟာ အနာကျက်မြန်စေ အယားသက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ပျားတုပ်ခံရတဲ့နေရာကို ပျားရည်အနည်းငယ်သုတ်လိမ်းပေးလိုက်ပါ။
- သွားတိုက်ဆေး
- အက်စပရင် သွေးကျဲဆေးပြား
အက်စပရင်သွေးကျဲဆေးပြားကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီးအသုံးပြုနိုင်ပါတယ်။
- ထုံး
ပျားတုပ်ခံရတဲ့နေရာကို ရောင်ယမ်းခြင်းသက်သာအောင် ရေခဲကပ်ပေးနိုင်ပါတယ်။ ဆေးဝါးများအဖြစ် ဘာမီတွန်သောက်သုံးခြင်း၊ ကော်တီဇုန်းခရင်၊ စတီးရိုက်ခရင်လိမ်းခြင်းများလည်းပြုလုပ်နိုင်ပါတယ်။ ကုပ်ခြင်း၊ ပွတ်သပ်ခြင်းများဟာ ဒဏ်ရာကို ပိုမိုရောင်ယမ်းယားယံစေတာကြောင့် ရှောင်ရှားသင့်ပါတယ်။
ref:healthline.com
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThawZin
See all