အမျိုးသားများအတွက် ကျားဟော်မုန်းကိုမြှင့်တင်ပေးမည့် အစားအစာများ
ကျားဟော်မုန်းဟာ
- အရိုးနှင့်ကြွက်သားကျန်းမာရေး
- သုတ်ကောင်အရေအတွက်
- သွေးဆဲလ်များထုတ်လုပ်ခြင်း
- လိင်စိတ်ဆန္ဒ အစရှိတဲ့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေမှာ အက္ခရာကျပါတယ်။
ကျားဟော်မုန်းပမာဏဟာ အသက်အရွယ်ကြီးရင့်လာတာနှင့်အမျှ ကျဆင်းလာပါတယ်။ အသက်အရွယ်အရမဟုတ်ပဲ ခန္ဓာကိုယ်အဆီများခြင်း၊ အချို့ဆေးဝါးများမှီဝဲရခြင်းနှင့် အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ကျဆင်းတတ်ပါသေးတယ်။
ဗီတာမင်D နှင့် magnesium၊ zinc အစရှိတဲ့သတ္တုဓာတ်များဟာ သွေးတွင်းကျားဟော်မုန်းပမာဏကို ထိန်းညှိရာမှာ အလွန်အရေးပါပါတယ်။
ကျားဟော်မုန်းပမာဏ ကောင်းမွန်စေဖို့အတွက် စားသုံးပေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးပါမယ်။
- ရေထွက် အခွံမာကောင်များ
ကျောက်ပုဇွန်၊ ခရု၊ ဂဏန်း၊ ကမာ စတဲ့အစားအစာတွေမှာ ကျားဟော်မုန်းကျန်းမာရေးအတွက်လိုအပ်တဲ့ zinc၊ selenium၊ အိုမီဂါ3 အဆီဓာတ်များ ပါဝင်ပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုဟာ မျိုးဆက်ပွားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုကျဆင်းစေပါတယ်။ ထို့ကြောင့် zinc ဓာတ်ပါဝင်မှုများတဲ့ ရေထွက်အခွံမာကောင်တွေကို ကျားဟော်မုန်းကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကြာခဏစားသုံးပေးသင့်ပါတယ်။
- ချင်း
ချင်းဟာ အမျိုးသားတွေမွာ မျိုးပွားကျန်းမာရေးအတွက်အထောက်အကူပြုတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ မျိုးဆက်ပွားကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသားတွေကို နေ့စဉ် ချင်းစားသုံးစေသောအခါ ၃ လကြာပြီးနောက် ကျားဟော်မုန်းပမာဏ ၁၇.၇ ရာခိုင်နှုန်း တိုးတက်လာတာတွေ့ရှိရပါတယ်။
- သလဲသီး
သလဲသီးမှာ flavonoid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်။ flavonoidဟာ ကျားဟော်မုန်းထုတ်လုပ်တဲ့ဆဲလ်တွေကို ကာကွယ်ပေးပြီး ဟော်မုန်းပမာဏမြင့်တက်စေပါတယ်။
- အဆီပါဝင်မှုများသောငါးများ
အဆီပါဝင်မှုများတဲ့ငါးတွေမှာ ဗီတာမင်D၊ ဇင့်နှင့် အိုမီဂါ 3 အကျိုးပြုအဆီဓာတ်များပါဝင်ပါတယ်။ ငါးမှာပါဝင်တဲ့အိုမီဂါ 3 အဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက် အထူးအကျိုးပြုပြီး ဟော်မုန်းစနစ်တွေကို ထိန်းညှိပေးပါတယ်။ ငါးတွေမှာပါဝင်တဲ့အဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက် အကျိုးများသော်လည်းပဲ ဆီကြော်မုန့်များကဲ့သို့ အဆီများတဲ့အစားအစာတွေဟာ ကျားဟော်မုန်းပမာဏကို ကျဆင်းစေပါတယ်။
- အစိမ်းရင့်ရောင်ဟင်းရွက်များ
အစိမ်းရင့်ရောင်းဟင်းရွက်တွေမှာ ကျားဟော်မုန်းပမာဏကိုထိန်းညှိတဲ့ magnesium ဓာတ်နှင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အသက် ၆၅နှစ်နှင့်အထက်အမျိုးသားများကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ သွေးတွင်း magnesium ဓာတ်မြင့်မားသူတွေဟာ သွေးတွင်း magnesium ဓာတ် နည်းပါးသူတွေထက် ကျားဟော်မုန်းပမာဏ ပိုမိုမြင့်မားတာကိုတွေ့ရှိရပါတယ်။ ထို့အပြင် အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်စားသုံးမှု နည်းပါးခြင်းဟာ ကျားဟော်မုန်းပမာဏချို့တဲ့ခြင်းနှင့် ဆက်စပ်နေတယ်လို့ ထိုင်ဝမ်နိုင်ငံမှ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ထို့ကြောင့် ကျားဟော်မုန်းပမာဏကို မြင့်မားစေဖို့ magnesium ဓာတ်ပါဝင်မှုများတဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်ကဲ့သို့ အသီးအရွက်များကို မှန်မှန်စားသုံးပေးဖို့လိုအပ်ပါတယ်။
- ထောပတ်သီး
ထောပတ်သီးမှာ ဟော်မုန်းကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုအဆီဓာတ်ပါဝင်ပါတယ်။ ထို့အပြင် ကျားဟော်မုန်းပမာဏကိုမြှင့်တင်ပေးတဲ့ magnesiumနှင့် ဘိုရွန်ဓာတ်များလည်းပါဝင်ပါတယ်။ ဘိုရွန်ဓာတ်ဟာ ကျားဟော်မုန်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးပြီး ကျားဟော်မုန်းများပြိုကွဲပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဘိုရွန်ဓာတ်ပမာဏမြင့်မားခြင်းဟာ ကျားဟော်မုန်းပမာဏကို မြင့်တက်စေတယ်လို့ဆိုသော်လည်း ဘိုရွန်ဓာတ်နှင့် ကျားဟော်မုန်းပမာဏဆက်စပ်မှုကို လေ့လာမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
- ဥအမျိုးမျိုး
ကြက်ဥမှာ အသားဓာတ်၊ အကျိုးပြုအဆီဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်သတ္တုဓာတ်များ ပါဝင်ပါတယ်။ ကြက်ဥမှာပါဝင်တဲ့ selenium ဓာတ်ဟာ ကျားဟော်မုန်းပမာဏကို မြင့်တက်စေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။
- ကြက်သွန်နီ
ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့ ကြက်သွန်နီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ကြွက်တွေကို ကြက်သွန်နီအရည် နေ့စဉ်တိုက်ကျွေးပြီးစမ်းသပ်ရာမှာ ရက်သတ္တပတ် ၄ ပတ်ကြာပြီးတဲ့အခါ ကျားဟော်မုန်းပမာဏ သိသာစွာမြင့်တက်လာတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။
နေထိုင်စားသောက်မှုပုံစံတွေဟာ ကျားဟော်မုန်းပမာဏအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ အရက်၊ အဆီများသောအစားအစာများ၊ အသင့်စားအစားအသောက်များနှင့် အာဟာရနည်းပါးတဲ့အစားအသောက်တွေဟာ ကျားဟော်မုန်းပမာဏကို ကျဆင်းစေပါတယ်။
ရှောင်လွှဲလို့မရတဲ့ လောကဓမ္မတာအရ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကျားဟော်မုန်းပမာဏ ကျဆင်းလာသော်လည်း ကောင်းမွန်တဲ့အစာအာဟာရအပြင် နေထိုင်မှုပုံစံဖြင့်ပါ ဟော်မုန်းပမာဏကို အထိုက်အလျောက်ထိန်းသိမ်းထားနိုင်ပါတယ်။
ကျားဟော်မုန်းပမာဏမြှင့်တင်ဖို့အတွက် နေထိုင်မှုပုံစံတွေကတော့
- သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းပါ
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ
- အလေးမလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားများတည်ဆောက်ပါ
- အိပ်ချိန်လုံလောက်စွာအိပ်စက်ပါ
- စိတ်ဖိစီးမှုလျော့ချပါ
ဗျူးပွိုင့်
4 years agogoob
aungaung
4 years agohi
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThawZin
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....