အာဟာရပြည့် လက်ဖက်ကြက်ဥပြုတ်
ကြက်ဥပြုတ်ကို အခုလို ကိုဗစ်ရောဂါတွေဖြစ်နေတဲ့ကာလမှာ စားသုံးပေးဖို့ ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ ကြက်ဥဟာ စျေးနှုန်းသင့်တင့်တဲ့အပြင် အာဟာရတွေများစွာပါပြီး အဆုတ်ကိုလည်း သန့်စင်ပေးတာကြောင့် ဘက်ဂျက်ချွေတာရာရောက်တဲ့အပြင် ကျန်းမာစေဖို့လည်းစားပေးရပါမယ်။
ကြက်ဥပြုတ်ကို နေ့တိုင်းစားလို့ ရိုးအီနေတဲ့လူတွေအတွက် လက်ဖက်ကြက်ဥလုပ်နည်းလေးကိုရေးသားပေးလိုက်ပါတယ်။ လက်ဖက်ကြက်ဥဆိုတာ လက်ဖက်ခြောက်နဲ့ ကြက်ဥကို အဓိကထား ပြုတ်တာပါ။ သို့သော် ပိုမိုအရသာရှိရန် အခြားအမယ်များထပ်ပေါင်းကာ အာဟာရရှိပြီးစားကောင်းသည့် စားစရာအဖြစ် ဖန်တီးယူနိုင်ပါတယ်။
လက်ဖက်ကြက်ဥလုပ်ရန်
(၁) ကြက်ဥ ၅ လုံး
(၂) လက်ဖက်ခြောက်အခါးထမင်းစားဇွန်း ၂ ဇွန်း
(၃) လက်ဖက်ခြောက်အချိုထမင်းစားဇွန်း ၁ ဇွန်း
(၄) ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၅ ဇွန်း
(၅) ပဲငံပြာရည် အနောက်ထမင်းစားဇွန်း၂ ဇွန်း (ကြာညို့)
(၆) အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း
(၇) သကြား ထမင်းစားဇွန်းတစ်ဝက်
(၈) သစ်ဂျပိုးခေါက်တစ်ခေါက်
(၉) နာနတ်ပွင့် တစ်ပွင့်
(၁၀) ဟွာကျောင်းစေ့အနည်းငယ်တို့လိုပါသည်။
ဟွာကျောင်းဆိုသည်မှာ တရုတ်ဟင်းလျာများနှင့် မာလာရှမ်းကောတို့တွင်ပါသော အထုံစေ့များဖြစ်ပါသည်။ နာနတ်ပွင့်နှင့် ဟွာကျောင်းကို မထည့်လည်းရပါသည်။ အချိုးအစားကိုပုံသေမဟုတ်ဘဲ မိမိနှစ်သက်သလိုပြောင်းလဲနိုင်ပါသည်။
ပထမဦးစွာ ကြက်ဥများကို ရေဆေးကာ ၅ မိနစ်ခန့်ပြုတ်ပါ။ ရေဆူပြီးနောက်ဆယ်ကာ ကြက်ဥများကို အခွံအက်ကွဲရာထင်စေရန်ဇွန်းဖြင့်အခွံကိုခေါက်ပါ။ လက်ဖက်ခြောက်နှင့် ပါဝင်သောအရာအားလုံးကို ရေတွင်ထည့်ကာ အရင်တည်ထားပါ။ ထို့နောက် အခွံအပ်ကွဲရာပေးထားသော ကြက်ဥပြုတ်များကို ထိုလက်ဖက်ခြောက်ရည်ထဲတွင် ဆယ့်ငါးမိနစ်ပြုတ်ပါ။ ထို့နောက် မီးပိတ်ပါ။ ပြီးလျှင် ခနအဖုံးဖွင့်အအေးခံကာ ဆယ့်ငါးမိနစ်ထပ်ပြုတ်ပါ။ လက်ဖက်ခြောက်အရည်များကြက်ဥထဲသို့ဝင်ပါက ပိုမိုအရသာရှိသောကြောင့် နှစ်ကြိမ်ပြုတ်ခြင်းဖြစ်ပါသည်။
နှစ်ကြိမ်ပြုတ်ပြီးပါက အညိုရောင်သန်းပြီး အရသာရှိသော လက်ဖက်ကြက်ဥကို စားနိုင်ပြီဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အရသာရစေရန် ထိုလက်ဖက်ပြုတ်ရည်ထဲတွင် ကြက်ဥများကို တစ်ညလုံးစိမ်ကာ မနက်မှစားနိုင်ပါသည်။ သို့မဟုတ် ရေခဲသေတ္တာရှိပါက ရေခဲသေတ္တာတွင် သုံးလေးရက်စိမ်ကာစားလျှင် ပိုမိုကောင်းမွန်သောအရသာကို ရမည်ဖြစ်ပါသည်။
အာဟာရပြည့်ဝရကာ လုပ်ရလွယ်ကူရိုးရှင်းသော လက်ဖက်ကြက်ဥကို အသစ်အဆန်းအနေဖြင့် စားသုံးနိုင်ရန်ရေးသားလိုက်ရပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စုမြတ်မြတ်မိုး
See all
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....