စပါးခင်းတွင်း ဖြစ်တတ်သည့် ရောဂါမဟုတ်သည့် ရောဂါများအကြောင်း
ရေသွင်းရမည့်ကာလတွင် ရေမရခြင်းသည် စပါးပင်အရွက်များလိပ်ခြင်း၊ တမန်းအိပ်ပြီး မြေကြပ်ခြင်း၊ အမြစ်နာခြင်း ဖြစ်စေပါသည်။
စပါးရွက်များရှိ လက္ခဏာများကိုကြည့်၍ ပိုးမွှားရောဂါပြဿနာများကို နှိုင်းယှဥ်ခွဲခြား ဖြေရှင်းခြင်း (၂)
(၃) စပါးဘတ်တီးရီးယားရွက်စင်းရောဂါ နှင့် စပါးရွက်ညိုပျောက်ရှည်ရောဂါ ရုတ်တရက် ကြည့်လိုက်ရင် ခွဲရခက်ပါတယ်။ တစ်ခုက ဘတ်တီးရီးယားကြောင့်ဖြစ်ပြီးကျန်တစ်ခုကတော့ မှိုရောဂါဖြစ်ပါတယ်။ ရွက်ညိုပျောက်ရှည်မှာ ဘတ်တီးရီးယားရွက်စင်းလောက် အရွက်များကို ထိခိုက်ခြင်း မရှိပါ။ အစင်းတွေက အညိုရောင်၊ နီညိုကြောင် ပြသပြီး တစ်ခုနဲ့တစ်ခု နည်းနည်းခွာပြီး ပြပါတယ်။ အရွက်ကို နေရောင်အောက်မှာ ထောင်ကြည့်လိုက်ရင် ဘတ်တီးရီးယားရွက်စင်းတွေဟာ အလင်းဖောက်မြင်ရပြီး ကျန်တစ်ခုကတော့ အလင်းမဖောက်ပါဘူး။
စပါးရွက်များရှိ လက္ခဏာများကိုကြည့်၍ ပိုးမွှားရောဂါပြဿနာများကို စနစ်တကျ နှိုင်းယှဥ်ခွဲခြား ဖြေရှင်းခြင်း (၁)
စပါးရွက်ထိပ်တွေဝါတယ် ခြောက်တယ်ဆိုရင် လူတွေတော်တော်များများက ဘတ်တီးရီးယားလို့ဆိုပြီး ကော့ပါးဆေးတွေ အရမ်းပေးကြပါတယ်။ ဒီလိုဆို မလိုလားအပ်တဲ့ ဆေးဖိုးတွေနဲ့ ပတ်ဝန်းကျင်အဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ စပါးခင်းထဲက ငါးတွေ ဖားတွေ ပုစွန်လုံးတွေသေကုန်နိုင်ပြီး ဒါတွေကိုဖမ်းယူ စားတဲ့လူတွေလည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သေချာခွဲခြားတတ်ဖို့ဖော်ပြပေးလိုက်ပါတယ်။
ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းနည်း(နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်း)
ပိုးမွှားရောဂါ ကာကွယ်နှိမ်နည်းတွေကို လေ့လာနိုင်မယ့်ရုပ်သံဖြစ်ပါတယ်။
စပါးတွင်ကျရောက်တတ်သော ရွက်ဖုံးခြောက်ရောဂါ
စပါးပင်၏ရွက်ဖုံးတွင်ပုံမမှန်သော မြွေပွေးကွက်ကဲ့သို့သော ရေစိုနာအကွက်ကလေးများ စတင်တွေ့ရသည်။
စပါးမြစ်ဖုနီမတုတ်ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
မြေကြီးအစိုဓါတ် ၂၀% ကနေ ၃၀% အထိနဲ့ စပါးပင်ပွားအဆင့်နဲ့ စပါးနှံစထွက်တဲ့အချိန် မြေကြီးကခြောက်နေရင် အကောင်းဆုံး ဖွံ့ဖြိုးကြီးထွားပါတယ်။
စပါးနီတိုပြဿနာ လေ့လာစရာ
စပါးပြီး စပါး ဆက်တိုက်စိုက်ပျိုးခြင်းဟာ နီတို လက္ခဏာကို ပိုအားပေးရာ ရောက်ပါတယ်။
Related topics
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....