စပါးခင်းတွင်း ဖြစ်တတ်သည့် ရောဂါမဟုတ်သည့် ရောဂါများအကြောင်း
စပါးခင်းမှာ စပါးရွက်လေးတွေ ပုံမှန်မဟုတ်တာမြင်ရုံမျှဖြင့် ပိုး/ရောဂါ ဟု ယူဆပြီးဆေးဖျန်းဖို့ အရင်စဥ်းစားတဲ့အထဲမှာမိတ်ဆွေပါနေပြီလား?
ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုအရင်ဖတ်ကြည့်ပြီးမှ ဘာဆေးဖျန်းသင့်လဲ? ဘာလုပ်သင့်လဲ?ဆိုတာ ဆုံးဖြတ်လိုက်ပါ၊
သက်ရှိ တစ်မျိုးမျိုးကြောင့်မဟုတ်သော စပါးပင်ပြလက္ခဏာများ
သက်မဲ့အကြောင်းအရာများ ကြောင့်ဖြစ်သော အပင်လက္ခဏာများ(non living factors)ကိုAbiotic Disorders လို့ ခေါ်ကြပါတယ်။ ပိုးမွှား၊ရောဂါကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင် သို့မဟုတ်စိုက်ပျိုးမှုအမှားတခုခုကြောင့်ဖြစ်တဲ့လက္ခဏာတွေပါပဲ။
အဲဒါတွေကတော့
၁။ အာဟာရဓာတ်ချို့တဲ့ခြင်း/အဆိပ်သင့်ခြင်း(Nutrient deficiencyand toxicity)
၂။ မြေကြပ်ခြင်း/ရေငတ်ခြင်း(drought/compaction)
၃။ ရေများလွန်း/နည်းလွန်းခြင်း(Water loggy/drought)
၄။ အပူချိန်နိမ့်လွန်း/မြင့်လွန်းခြင်း
၅။ Heavy metal and chemical residue အဆိပ်သင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။

၁။ အာဟာရဓာတ်ချို့တဲ့ခြင်း(Nutrient deficiency)
Nitrogen(N) ချို့တဲ့ပါက အောက်ရွက်များဝါခြင်း၊ ပင်ပွားအားနည်းခြင်း
Phosphorous(P) ချို့တဲ့ပါက အရွက်စိမ်းညှို့ပြီး အပင်ပုနေခြင်း
Potassium(K) ချို့တဲ့ပါက အရွက်များစိမ်းပြီး ရွက်ဖျား/နားခြောက်နေခြင်း
Sulphur(S)ချို့တဲ့ပါက အပေါ်ရွက်အဖျား ဝါဖျော့နေခြင်း
Iron(Fe) Toxicity ဖြစ်ပါက မြေကြီး PH နိမ့်နေခြင်း၊ အရွက်အပေါ်မှာ အညိုစက်ပြောက်တွေ့ရခြင်း(နီတိုလက္ခဏာ)
၂။ Drought stress - ရေငတ်ခြင်း
ရေသွင်းရမည့်ကာလတွင် ရေမရခြင်းသည် စပါးပင်အရွက်များလိပ်ခြင်း၊ တမန်းအိပ်ပြီး မြေကြပ်ခြင်း၊ အမြစ်နာခြင်း ဖြစ်စေပါသည်။
၃။ Water logging (ရေဝပ်ခြင်း)
စပါးခင်းအတွင်း ရေအမြဲရှိနေခြင်း/ရေထုတ်မရခြင်းသည် အမြစ်ဇုန်အတွင်းအောက်ဆီဂျင်ပြတ်လပ်စေပါသည်။ စပါးအမြစ်ပုပ်ခြင်း၊ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်ယ(H2S)ဓာတ်ငွေ့ထွက်စေပြီး စပါးမြစ်များမဲစေပါသည်။ (ဝါတိုလက္ခဏာ)
၄။ Heat stress(High temperature) အပူချန်မြင့်လွန်းခြင်း
စပါးပင်သက်တမ်း တလျှောက် ကြိုက်နှစ်သက်သောအပူချိန်မှာ 26, 27, 28°Cဝန်းကျင် ဖြစ်ပြီး၊ 35°Cထက်ကျော်ပါက စပါးနှံပန်းပွင့်ချိန်တွင် ဝတ်မှုန်ကန်းခြင်း၊ နှံဖြူထွက်ခြင်း ဖြင့်စပါးအထွက်နှုန်းထိခိုက်စေပါသည်။
၅။ Cold stress(Low temperature) အပူချိန်နိမ့်နေခြင်း
20°Cထက်နိမ့်ကျပါက စပါးအပင်ပေါက်ညံ့ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ ဇီဝကမ္မအပြောင်းအလဲဖြစ်စေပါသည်။
၆။ Heavy Metal Toxicity (ဓာတုအဆိပ်သင့်ခြင်း)
မြေဆီလွှာအတွင်း အကြောင်းကြောင်းကြောင့် ရောက်ရှိလာသောarsenic(As) Cadmium(Cd)စသော လေးလံသတ္ထုများကြောင့် စပါးပင်အမြစ်များမှ Znဇင့် နှင့် Mn မင်းဂနိစ်များချို့တဲ့ကာ အပင်ကြီးထွားမှုတန့်စေပါသည်။ (စိမ်းတိုလက္ခဏာ)
#အကြံပြုတင်ပြခြင်း
အထက်ဖော်ပြပါ စပါးခင်းအခြေအနေများသည် ပိုးမွှားရောဂါဟူသောသက်ရှိအကြောင်းတရား(Biotic factors)များကြောင့် မဟုတ်သဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖျန်းခြင်းဖြင့် ကုစား၍မရနိုင်ပါ။
ထို့ကြောင့်စပါးစိုက်လယ်မြေများထွန်ရေးပြင်စဥ်တွင် အောက်ပါလုပ်ငန်းများဆောင်ရွက်သင့်ပါသည်။
မြေချဥ်/မြေငံပြုပြင်ခြင်း
သဘာဝမြေဩဇာနှင့်အတူ ၁ဧက ဂျစ်ဆန်(၂ - ၄ အိတ်)+K Humic 2kgထည့်သင့်ပါသည်။
(Gypsumနှင့် K humic သည် မြေဆီလွှာပြုပြင်ခြင်း၊ မြေတွင်းအဆိပ်အတောက်များကိုဖယ်ရှားခြင်း၊ အမြစ်ဖွဲ့စည်းမှုကောင်းခြင်းကြောင့် stress မျိုးစုံကို ကျော်လွှားနိုင်သည်။)
ဖြည့်စွက်အာဟာရအနေဖြင့် ဆာလဖာ(S) နှင့် (Zn)ဇင့်ပါသော အားဆေးများအသုံးပြုသင့်ပါသည်။
ရေငတ်ခံ/မိုးခေါင်ခံ စပါးမျိုးများ၊ ရေမြှုပ်ခံစပါးမျိုးများ၊ ဆားငံခံစပါးမျိုးများကို ရေမြေဒေသအလိုက် ရွေးချယ် အသုံးပြုသင့်ပါသည်။
ရေချွေတာရေးနှင့် မီသိန်းထုတ်လွှတ်မှု(H2S)ကိုလျှော့ချရန် စပါးခင်းကို စိုတလှည့် /ခြောက်တလှည့် စနစ်(AWD)အသုံးပြုပါ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
chan thar
1 month agoစပါးခင်းကိုဆိုတစ်လှည့်ချောက်တစ်လှည့်ဆိုတော့ပေါင်းမြက်မပေါက်အောင်ရောဘယ်လိုလုပ်ရမလဲခင်ဗျ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026