စပါးမြစ်ဖုနီမတုတ်ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
ဒီနီမတုတ်ဟာ မြစ်ထိပ်ကတစ်ဆင့် ထိုးဖောက်ဝင်ရောက်ပြီး အနည်းဆုံး (၄၁) နာရီကြာပါတယ်။ အမတွေဟာ အမြစ်အတွင်းမှာ ဖွံ့ဖြိုးလာကြပြီး ဥတွေကို မြစ်ထိပ်မှာ အုကြပါတယ်။ သားလောင်းတွေဟာ တူညီတဲ့ အမြစ်တစ်ခုတည်းမှာရှိတဲ့ မိခင်ရဲ့အဖုထဲမှာပဲ နေကြပါတယ်။
တွေ့ရှိရသည့်နေရာ
ဒီနီမတုတ်ဟာ တောင်ယာမြေ၊ လယ်မြေနဲ့ ရေနက်ကွင်းစပါးမှာဖျက်ဆီးတဲ့ ကပ်ပါးပိုး ဖြစ်ပါတယ်။ ၄င်းဟာ ရေလွှမ်းထားတဲ့ပတ်ဝန်းကျင်မှာ နေသားကျပြီး ရေမြုပ်နေတဲ့ မြေကြီးထဲမှာ အချိန်အကြာကြီး နေနိုင်ပါတယ်။ ဒီနီမတုတ်အရေအတွက်ဟာ (၄) လကြာပြီးတဲ့အခါမှ လျင်မြန်စွာကျဆင်းသွားပေမဲ့ ရေမြုပ်တဲ့မြေကြီးထဲမှာ အနည်းဆုံး (၁၄) လကြာ အသက်ရှင်နေနိုင်ပါတယ်။ ဒီနီမတုတ်ဟာ အနည်းဆုံး အနက် (၁) မီတာ ရှိတဲ့ ရေနက်ထဲမှာလည်း (၅) လကြာကြာ အသက်ရှင်နေနိုင်ပါတယ်။ ၄င်းဟာ ရေမြုပ်နေတဲ့ အခြေအနေမှာ စပါးပင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေမဲ့ ဒီနီမတုတ်ကျတဲ့ မြေကနေ ရေတွေကို ထုတ်လိုက်တဲ့အခါ စပါးပင်ထဲကို လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်ကြပါတယ်။ ၄င်းဟာ ဒီနီမတုတ်ကျနေတဲ့ စပါးပင်တွေရဲ့အမြစ်ထဲမှာ အသက်ရှင်နေနိုင်တယ်။ ၄င်းဟာ မြေကြီးအစိုဓါတ် ၃၂% ကို ပိုမိုနှစ်သက်ပါတယ်။ ၄င်းဟာ မြေကြီးအစိုဓါတ် ၂၀% ကနေ ၃၀% အထိနဲ့ စပါးပင်ပွားအဆင့်နဲ့ စပါးနှံစထွက်တဲ့အချိန် မြေကြီးကခြောက်နေရင် အကောင်းဆုံး ဖွံ့ဖြိုးကြီးထွားပါတယ်။ ခံနိုင်ရည်နည်းတဲ့ စပါးမျိုးတွေ ကြီးထွားလာတာနဲ့ ဒီနီမတုတ်အရေအတွက် များလာပါတယ်။ လက်ခံပင် အတော်အတန်များများရှိတာရယ်၊ ခြောက်သွေ့ရာသီ အတောအတွင်း အလှည့်ကျ ဟင်းသီးဟင်းရွက်ပင်တွေကို စိုက်တာဟာ ဒီနီမတုတ်တိုးပွားမှုကို အားပေးရာ ရောက်ပါတယ်။
ခွဲခြားနည်း
နီမတုတ် ရှိမရှိ စပါးပင်တွေမှာ အောက်ပါလက္ခဏာတွေကို စစ်ဆေးပါ။
• အမြစ်ပေါ်မှာ ချိတ်ပုံစံ ဖုလုံးလက္ခဏာရှိခြင်း
• အသစ်ထွက်လာတဲ့ စပါးရွက်တွေ ပုံပျက်နေပြီး အနားသားတစ်လျှောက် တွန့်လိမ်နေခြင်း
• စပါးပင်ပုသွားခြင်း
• စပါးရွက်များ အစိမ်းရောင်ဖျော့ခြင်း
• ဆိုးဝါးစွာကျရောက်တဲ့စပါးပင်များ စောစီးစွာ ပန်းပွင့်ပြီး အရွယ်ရောက်ခြင်း
အခြားနီမတုတ်များဟာလည်း ဒီလို ဆင်တူလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ နီမတုတ် ဟုတ်မဟုတ် အတည်ပြုဖို့ စပါးပင်ရဲ့ အမြစ်မှာ ချိတ်ပုံစံဖုလုံးရှိမရှိ စစ်ဆေးပါ။

စီးပွားရေးအရ အရေးပါပုံ
စပါးမြစ်ဖုနီမတုတ်ကို စပါးထုတ်လုပ်တဲ့ ဂေဟစနစ်အားလုံးမှာ အကန့်အသတ်ရှိတဲ့ အရာတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ တောင်ယာစပါး စပါးပျိုးပင်ငယ်ရဲ့ ပတ်လည်မှာ နီမတုတ်ကောင်ရေ (၁၀၀၀) ရှိရင် စပါးအထွက် ၂.၆ % ကျတယ်လို့ ခန့်မှန်းရပါတယ်။
ဆည်ရေသောက်စပါးမှာ ဖျက်ဆီးမှုဟာ ရွှေ့ပြောင်းမစိုက်မီ ဒါမှမဟုတ် တိုက်ရိုက်စိုက်စပါးမှာ ရေမလွှမ်းမီ ဖြစ်စေပါတယ်။ စမ်းသပ်ချက်တစ်ခုအရ စပါးပင်တစ်ပင်မှာ နီမတုတ်အကောင်ငယ် ၄၀၀၀ ဟာ ရေနက်စပါးမှာ ၇၂ % အထွက် ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
စပါးမြစ်ကို ဝင်ရောက်မလာအောင် ကြိုတင်တားဆီးဖို့ အောက်ပါတို့ကို ဆောင်ရွက်ပါ။
• အဆက်မပြတ်ရေလွှမ်းပါ။
• ရေလွှမ်းထားတဲ့ မြေကြီးပေါ်မှာ စပါးပျိုးပင်တွေကို ပြုစုပါ။
• ပဲလွမ်း၊ ဂုန်လျှော်၊ နေကြာ၊ နှမ်း စတဲ့ သီးနှံများနဲ့ သီးလှည့်စိုက်ပါ။
ဖြစ်နိုင်ပါက အောက်ပါတို့ကို ဆောင်ရွက်ပါ။
• ဒီနီမတုတ်ကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကိုစိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများကို သက်ဆိုင်ရာ ဒေသတွင်းစိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပါ။
• မြေကြီးထဲကို အဆိပ်ငွေ့မှိုင်းတိုက်ပစ္စည်း အသုံးပြုပါ သို့မဟုတ် နီမတုတ်သတ်ဆေးကို မြေကြီးထဲကို ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။
• အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
• ဒိုင်ယာဇီနွန် (Diazinon)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
si thu
4 years agoမြေကောင်း ကရမ်းကောင်းတယ် awbaက
သန်းစိုး
5 years agoဆေး
သန်းစိုး
5 years agoဘယ် မှာ ဝယ် လို့ ရလဲ ဆရာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာကိုကို
See all
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020