ရေလုပ်ငန်း စတင်လုပ်ကိုင်တော့မယ်ဆိုလျှင်
ရေနေသတ္တဝါမွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်တော့မည်ဆိုပါက ပထမဦးဆုံး အရေးကြီးသည့်လုပ်ငန်းစဉ်အနေဖြင့် မိမိမွေးမြူမည့်မျိုးစိတ်နှင့် ကိုက်ညီသဟဇာတ ဖြစ်မည့် မှန်ကန်သည့် မြေနေရာရွေးချယ်ခြင်း (Site Selection) ဖြစ်သည်။ သားပေါက်ထုတ်လုပ်ခြင်း ထက် အသားတိုးမွေးမြူခြင်းသည် ပို၍ အရေးကြီးသည်။ မြေနေရာရွေးချယ်ခြင်းအတွက်ပါဝင်ရမည့် အချက်များရှိသည့်အနက် ရေ၏ အရည်အသွေးနှင့် လုံလောက်မှု (Water Quality and Quantity) မှာ ထိပ်ဆုံးမှ ပါဝင်သည်။ တူးဖော်မည့် ငါးကန်အရွယ်အစားအလိုက် အသုံးပြုမည့် ရေပင်ရင်းအတွက် သင့်လျော်မှုကို ဆုံးဖြတ်ရာတွင် လုံလောက်သော ပမာဏနှင့် အရည်အသွေး ပြည့်ဝသည့် စိတ်ချရသော ရေရရှိရေးသည် အရေးကြီးဆုံး အချက်ဖြစ်သည်။ ရေ အရည်အသွေးကောင်းစေရန် ယင်းနှင့်တွေ့နေသည့် အဓိကပတ်ဝန်းကျင်ဖြစ်သည့် မြေကြီး၏ အရည်အသွေးသည် ကနဦးအရေးပါမှု ဖြစ်သည်။
ရေအရည်အသွေးကောင်းစေဖို့ အခြေခံအကျအဆုံးအချက်ကဘာလဲ?
သဘာဝအတိုင်း ပကတိရှိနေသော ကန်ရေ၏ အရည်အသွေးသည် ယင်း၏ အဓိက ပတ်ဝန်းကျင်ဖြစ်သည့် မြေသား၏ အရည်အသွေး (Soil Quality) ပေါ် မူတည်သည်။ မြေနေရာရွေးချယ်မှု မှန်ကန်ခြင်းဖြင့် မြေသား၏ အရည်အသွေးကောင်းမွန်မှုအပေါ် မူတည်၍ ပြုပြင်မှုအနည်းဆုံးဖြင့် မွေးမြူရေးလုပ်ငန်းအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။ မြေသားအရည်အသွေး ညံ့ဖျင်းပါက ကန်ရေအရည်အသွေး ကောင်းစေရန် ပြုပြင်ခြင်းအတွက် ကုန်ကျ စရိတ်မြင့်မားစေပါသည်။
မြေသားအရည်အသွေးကောင်းမွန်မှုအပြင် မွေးမြူရေးအတွက် သင့်လျော်သည့် မြေအမျိုးအစား (Soil Type) ဖြစ်ပါက ရေအရည်အသွေး ကောင်းမွန်စေရုံသာမက ရေထိန်းသိမ်းနိုင်မှုရှိခြင်း၊ ငါးကန်တည်ဆောက်ရာတွင် ကုန်ကျစရိတ် သက်သာစေခြင်း၊ တာဘောင်များ ခိုင်ခန့်မှုရှိစေခြင်းစသည့် အကျိုးများပါ ရရှိစေမည် ဖြစ်ပါသည်။

ငါးကန်အပေါ်မြေသား အရည်အသွေး သက်ရောက်မှုကဘာလဲ?
မြေကြီးနှင့် ရေအကြား ဓာတ်သဘောအရဖလှယ်မှုသည် ငါးကန်၏ အရည်အသွေးကို လွန်စွာလွှမ်းမိုးနိုင်ကြောင်း “Boyd-2008” မှ ကန်အောက်ခြေ၏ အခြေအနေ လေ့လာမှုအရ တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် မြေကြီးသည် ရေအရည်အသွေး၊ အဟာရ ရရှိနိုင်မှုနှင့် ငါးထုတ် လုပ်မှုကို တိုက်ရိုက်သက်ရောက်မှုရှိသည်။ ရေထဲရှိ သက်ရှိများ၏ ကွဲပြားမှုနှင့် ထုတ်လုပ်မှု စွမ်းအားသည် မြေသားပေါ်တွင် မူတည်သည်။ မြေဆီလွှာတွင်ရှိသော ဓာတ်သတ္တုများ (Minerals) နှင့် အဏုဇီဝများ (Microbes) ၏ ဓာတ်ပြုပြောင်းလဲမှုဖြစ်စဉ်များ၊ အာဟာရပံ့ပိုးပေးမှုများအပါအဝင် သဘာဝ အညစ်အကြေးများနှင့် အဆိပ်အတောက်များ ဖယ်ရှားခြင်း အတွက် ဆောင်ရွက်ပေးသည်။ မြေဆီလွှာ အရည်အသွေးသည် အပင်နှင့်တိရစ္ဆာန်ထွက်ရှိမှုကို တည်တံ့စေရန် ရေနှင့်လေထုအရည်အသွေးကို ထိန်းသိမ်းရန် သို့မဟုတ် မြှင့်တင်ရန် စွမ်းဆောင်ပေးသည်။
ငါးကန်အတွက် အရည်အသွေးကောင်းသော မြေနှင့် မြေအမျိုးအစားကို ဘယ်လိုရွေးချယ်မလဲ?
စိုက်ပျိုးရေးကဏ္ဍာတွင် အသုံးပြုသောမြေအမျိုးအစားသည် သဘာဝအာဟာရ ပြည့်ဝသည့် များသောအားဖြင့် မြေသားအနက် (၆") ခန့်ရှိသော အပေါ်ယံမြေလွှာ (Top Soil) ကို အသုံးပြုကြသည်။ မွေးမြူရေးအတွက် အသုံးပြုသည့် မြေသည် အနည်းဆုံး (၃') အနက်ခန့်ရှိသော မြေသားကို တူးဖော်၍ ကန်ပြုပြင်မွေးမြူခြင်းဖြစ်သည်။ သို့ဖြစ်ရာ မွေးမြူရေးအတွက် မြေနေရာရွေးချယ်ခြင်း ဆောင်ရွက်ရာတွင် မိမိရည်မှန်းထားသည့် ထုတ်လုပ်မှုပမာဏ (Production Capacity) ပေါ်မူတည်၍ ကန်ဧရိယာ သတ်မှတ်ပြီး ယင်းအပေါ် အခြေခံ၍ မြေသား၏ မျက်နှာပြင်မှ အနည်းဆုံး (၁') အနက်မှ (၂') အနက်အထိ မြေသားနမူနာယူခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။ မြေသား နမူနာယူခြင်း (Soil Sample Sampling) အနေဖြင့် (၂) ဟက်တာဧရိယာရှိသော မြေအတွက် အနည်းဆုံး နမူနာတစ်ခု၊ ဧရိယာကျယ်သော မြေအတွက် (၅) ဟက်တာတွင် အနည်းဆုံး နမူနာတစ်ခု ယူ၍ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရမည်ဖြစ်သည်။ မြေသားနမူနာဓါတ်ခွဲ စစ်ဆေးခြင်းသည် မှန်ကန်မှုရှိသည့် မြေနေရာရွေးချယ်မှုကို ရရှိစေမည်ဖြစ်သည်။
မြေသား၏ အရည်အသွေးနှင့် မြေအမျိုးအစားအပေါ် လွှမ်းမိုးသည့်အချက်များ
အောက်ဖော်ပြပါ အချက်များပေါ် မူတည်၍ မြေသား၏ အရည်အသွေးနှင့် မြေအမျိုး အစားများ ကွဲပြားမှု ဖြစ်ပေါ်နိုင်သည်။ ယင်းတို့မှာ (က) မြေသား၏ အရောင် (Soil Color)
(ခ) မြေသား၏ ချဉ်-ဖန်ဓါတ် (Soil pH)
(ဂ) သဲ၊ နုံး၊ ရွှံများ ပျံ့နှံပါဝင်မှုနှင့် မြေအမျိုးအစား (Soil Particle Size <Sand, Silt, Clay> Distribution and Soil Type)
(ဃ) N: P: K အာဟာရဓာတ်ပါဝင်မှု (Content of Nitrogen, Phosphorus and Potassium) တို့ပဲဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....