အင်းလေးမှ အမျိုးသမီးငါးကြပ်တိုက်လုပ်ငန်းရှင်
ငါးဖမ်းလုပ်ငန်းတွင်ပါဝင်လုပ်ဆောင်နေသည့် အမျိုးသမီးများကဲ့သို့ မသီတာအောင်သည်လည်း COVID-19 ကပ်ရောဂါအတွင်း ကျားမရေးရာအတားအဆီးများကို ရင်ဆိုင်နေရသည်။
မသီတာအောင်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ အင်းလေးကန်မှ လတ်ဆတ်သည့်ငါးအစိုများကို အခြောက်လှန်းပြီး အမြတ်အစွန်းရရှိစေရန် ငါးများကို အရည်အသွေးပြုပြင်ထိန်းသိမ်းကာ ပြန်လည်ရောင်းချနေသူဖြစ်သည်။
ထိုကဲ့သို့သော တန်ဖိုးမြှင့်ငါးထုတ်ကုန်များသည် ငါးလုပ်ငန်းကွင်းဆက်တစ်လျှောက် အမျိုးသမီးများအတွက် အဓိက ဝင်ငွေအခွင့်အလမ်းတစ်ခုဖြစ်သော်လည်း အရေးပေါ်အခြေအနေများတွင် ၎င်းတို့အတွက် အကူအညီအနည်းငယ်သာ ရရှိပြီး ကပ်ရောဂါအတွင်း ကျားမရေးရာအကျိုးဆက်များကိုလည်း သိရှိနားလည်မှု နည်းပါးပါသည်။
မသီတာအောင်အနေဖြင့် အမျိုးသမီး ရေထွက်အစားအစာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် မည်သို့ကျော်ဖြတ်ခဲ့သည်ဆိုခြင်းအပေါ် ဆွေးနွေးထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ အသက်မွေးဝမ်းကျောင်းအတွက် ဘာအလုပ်တွေ လုပ်ကိုင်နေလဲ။ လုပ်ငန်းခွင်မှာကော အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။
" ကျွန်မက ကျွန်မအမျိုးသားနဲ့အတူ မိသားစုလုပ်ငန်းဖြစ်တဲ့ ငါးကြပ်တိုက်ပြီး ဈေးကွက်တင်ပို့ရောင်းချတဲ့ အလုပ်ကို ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဒီစီးပွားရေးက ကျွန်မတို့ရဲ့ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်ပါတယ်။ ငါးက ကျွန်မတို့ရဲ့ အဓိကလုပ်ငန်းအတွက်သာမက နေ့စဉ်လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် ကူညီပေးတဲ့ အဓိက အာဟာရအရင်းအမြစ်တစ်ခုလည်းဖြစ်တာကြောင့် ကျွန်မတို့မိသားစုအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်မတို့က အင်းလေးကန်အနီးတဝိုက်က ဒေသမှာ လူသိများတဲ့ အာဟာရတန်ဖိုးမြင့် ဒေသငါးခူလေးကို အဓိကထားပြီး လုပ်ကိုင်နေပါတယ်။ ကျွန်မရဲ့တာဝန်တစ်စိတ်တပိုင်းကတော့ အင်းလေးကန်က ဒီ ငါးစိုပေးသွင်းတဲ့ ဒေသခံ ငါးဖမ်းသမားများနဲ့ ပြောဆိုဆက်ဆံရတယ်။ နောက်ပြီး ငါးကြပ်တိုက်ဖို့ အသုံးပြုမဲ့ ကုန်ကြမ်းနှင့် အခြားသွင်းအားစုတွေအတွက် ငွေပေးချေတဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းရတယ်။ ကျွန်မကြုံတွေ့ရတဲ့ အခက်ခဲဆုံးကိစ္စကတော့ ဖောက်သည်နဲ့ လက်ကားရောင်းချတဲ့ သူတွေဆီက ငွေပေးချေမှုဖြစ်ပြီး၊ ဒါကလည်း ပို့ဆောင်ဆက်သွယ်ရေးအပိုင်း အခက်အခဲကြောင့်လဲ ရှိနေပါတယ်။ အများအားဖြင့်တော့ လုပ်ငန်းခွင်မှာ ဒီ ပို့ဆောင်ရေးအပိုင်းကို အမျိုးသမီးတွေက လုပ်လေ့မရှိတာလည်း ဖြစ်တယ်။
မေး။ ။ ရေထွက်အစားအစာထုတ်လုပ်သူတွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တိုးတက်လာဖို့ဆိုရင် ဘယ်လို အထောက်အပံ့မျိုးတွေ လိုအပ်လဲ။
ပုဂ္ဂလိကကဏ္ဍ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကျွန်မတို့လို ရေထွက်အစားအစာထုတ်လုပ်သူတွေကို လောင်စာသက်သာပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မဲ့ နည်းပညာများကို ရင်းနှီးပေးပြီး ပံ့ပိုးစေလိုပါတယ်။ ဒါက ကျွန်မတို့ထုတ်ကုန်များရဲ့ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းအတက်အကျကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။
အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ပိုမိုဝန်ဆောင်ပေးနိုင်ဖို့ ဈေးကွက်အသစ်တွေ၊ ပိုမို ခိုင်မာတဲ့ချိတ်ဆက်မှုတွေ ရရှိနိုင်အောင်လည်း အကူအညီလိုအပ်ပါတယ်။ USAID ရဲ့ ရန်ပုံငွေနဲ့၊ WorldFish က ဦးဆောင်လုပ်ကိုင်နေတဲ့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ကျွန်မတို့အတွက် ငါးကြပ်တိုက်ထုတ်လုပ်ဖို့ မီးဖိုကို အဆင့်မြှင့်တင်ပေးတာကတော့ ကျွန်မတို့ကံကောင်းပါတယ်။
မေး။ ။ မိရိုးဖလာမီးဖိုထက် ဒီ အဆင့်မြှင့်ထားတဲ့ မီးဖိုကို အသုံးပြုရတာ ဘယ်လို အကျိုးကျေးဇူးမျိုး ရရှိပါသလဲ။
ဒီ အဆင့်မြှင့်ထားတဲ့ မီးဖိုက အကျိုးကျေးဇူး အများကြီးပေးပါတယ်။ မိရိုးဖလာမီးဖိုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထင်း၊ ပြောင်းရိုးနဲ့ လွှစာမှုန့်တွေကို လောင်စာအဖြစ် အနည်းငယ်ပဲ အသုံးပြုရတဲ့အတွက် ပိုမိုထိရောက်တယ်။ ပြီးတော့ ငါးကြပ်တိုက်တဲ့ အချိန် ၁၂ နာရီကြာကနေ ၄ နာရီအထိ၊ သုံးပုံ နှစ်ပုံလောက် လျှော့ချပေးတဲ့အတွက် အရင်ကထက် သုံးဆထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးစေပါတယ်။
အသိသာဆုံးကတော့ ဖိရိုးဖလာမီးဖိုထက် အပြင်ဘက်ကို မီးခိုးထွက်တာ နည်းပါးလာတယ်၊ လေကောင်းလေသန့် ပိုမို ရရှိပြီးတော့ လုပ်ငန်းခွင်မှာ ကျန်မာရေးအတွက် ပိုမို အကျိုးပြုလာပါတယ်။ ဒီနည်းပညာအကူအညီနဲ့ ကျွန်မတို့ဖောက်သည်တွေကို ပိုမိုကောင်းမွန်ပြီး ဘေးကင်းလုံခြုံတဲ့ ထုတ်ကုန်တွေကို ပေးနိုင်ပါပြီ။
ကျွန်မတို့ရဲ့ နေအိမ်စိုက်ခင်းတွေကိုလည်း ပြာနဲ့ ဘယ်လိုနည်းလမ်းသုံးပြီး မြေဩဇာကျွေးလို့ရလဲဆိုတဲ့ အကြံပြုချက်တွေကို သိချင်ပါသေးတယ်။
မေး။ ။ နေ့စဉ်ကြုံတွေ့နေရတဲ့ တချို့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်နေပါသလဲ။
ကျွန်မတို့က မိုဘိုင်း ငွေပေးချေမှု၊ အွန်လိုင်း ဘဏ်ငွေလွှဲပြောင်းမှုဖြစ်တဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်လေးကို ကျင့်သုံးနေပါတယ်။ ငါးပေးသွင်းသူ၊ ဖောက်သည်နဲ့ လက်ကားရောင်းချသူ အများစုက ငွေသားနဲ့ ပေးချေရခြင်းထက် ဒီနည်းလမ်းအသုံးပြုရတာကို ပိုနှစ်သက်ပါတယ်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအားဖြင့် ယခုအခါမှာ အဖိုးတန်နည်းပညာတွေကို မြန်မာ ဘာသာဖြင့် ရယူနိုင်ပြီ။ အနီးအနားကျေးရွာများကနေပြီးတော့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက အစိမ်းရောင်လမ်း၊ ထွက်တိုးနှင့် ရွှေငါး လိုမျိုး စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း အပလီကေးရှင်းများအကြောင်းကို ကြားသိရပါတယ်။ အဲဒီ မိုဘိုင်း အပလီကေးရှင်းတွေကြောင့် ငါးရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ Market actor တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။
နောက်ပြီး ငါးလုပ်ငန်းနည်းပညာများနဲ့ သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန် မျှဝေနိုင်၊ သင်ယူနိုင်၊ ဖလှယ်နိုင်ရုံသာမက နောက်ဆုံးရသတင်းများ၊ ဆောင်းပါးများနှင့် ဒေသဆိုင်ရာ ဈေးနှုန်းများကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ကျွန်မက ရေထွက်အစားအစာကဏ္ဍမှ အမျိုးသမီးတစ်ဦးအနေနဲ့ ထုတ်လုပ်မှု၊ ဈေးကွက်တင်ရောင်းချခြင်းနဲ့ ကုန်ချောပစ္စည်းများပေးပို့ခြင်း စတဲ့ လုပ်ငန်း လည်ပတ်မှုတိုင်းအတွက် ငွေကြေးစီးဆင်းဖို့ရာ ဘဏ္ဍာရေးဆိုင်ရာအတားအဆီးကို ကျော်လွှားနိုင်ခဲ့ပါတယ်။
(WorldFish အနေဖြင့် ရေထွက်အစားအစာကဏ္ဍတွင် ပါဝင်နေသည့် သန်းနှင့်ချီသော အမျိုးသမီးနှင့်အမျိုးသားများ၊ အထူးသဖြင့် အသေးစားငါးပြုပြင်ထုတ်လုပ်သူများနှင့် ငါးမွေးမြူသူများ၏ အကြောင်းအရာများကို ရေးသားဖော်ပြရန်နှင့် အစားအစာနှင့်အာဟာရဘေးကင်းလုံခြုံရေးတွင် ငါးလုပ်သားတို့၏ပါဝင်ကူညီမှုများကို ဂုဏ်ပြုရန် ရည်ရွယ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
မိကျောင်းသွယ်နဲ့ ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင် (၂)
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....