မိကျောင်းသွယ်နဲ့ ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင် (၂)
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ ထိန်တောကြီးအုပ်စု၊ မိကျောင်းသိုက်ကျေးရွာက တောင်သူကြီး မန်းမြင့် အောင်ဆိုတာ လက်ရှိမှာ စပါးစိုက်တောင်သူတွေအကြိုက်တွေ့ကြတဲ့ စပါးမျိုးတွေဖြစ်တဲ့ မိကျောင်းသွယ်စပါး မျိုးနဲ့ ဧရာအောင်စပါးမျိုးတွေကို ကိုယ်တိုင်ထုတ်လုပ်ဖြန့်ချိပေးနေတဲ့ တောင်သူကြီးတစ်ဦးပါ။
တောင်သူကြီးမန်းမြင့်အောင်ဟာ သူလိုကိုယ်လို တောင်သူကြီးတစ်ဦးဖြစ်ပေမဲ့ ရရှိလာတဲ့ နည်းပညာ၊ ဗဟုသုတ တွေကို လက်တွေ့အသုံးချအောင်မြင်နေသူတစ်ဦးဖြစ်လို့ အခြားတောင်သူဦးကြီးဒေါ်ကြီးတွေလည်း အားကျအတုယူစေချင်တဲ့အတွက် Green Way က ဆက်သွယ်မေးမြန်းခဲ့ပြီး အပိုင်း(၁) မှာတော့ မိကျောင်းသွယ်စပါးမျိုး ကို ဘယ်လိုစမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်ခဲ့သလဲဆိုတာ ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
မဖတ်ရသေးဘူးဆိုရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အခု အပိုင်း(၂) မှာတော့ မန်းမြင့်အောင်ထုတ်လုပ်ဖြန့်ချိနေတဲ့ စပါးနောက်တစ်မျိုးဖြစ်တဲ့ ဧရာအောင်စပါးမျိုး အကြောင်း၊ ဘဝတူလယ်သမားတွေကို ဘယ်လိုအကြံပြုချက်တွေ ပေးချင်လဲဆိုတဲ့အကြောင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
မေး။ ။ ဆိုတော့ အခုဦးလေးဖြန့်ပေးနေတဲ့ထဲမှာ ဧရာအောင်ဆိုတဲ့ စပါးမျိုးလည်း ပါတယ်ပေါ့နော်။ အဲ့ဒီ ဧရာအောင်ကကျတော့ကော ဘယ်လိုဖြစ်လာတာလဲ။
ဧရာအောင်ကကျ ဒီလိုဗျ။ မိကျောင်းသွယ်စိုက်နေရင်း ၁ ရာသီ၊ ၂ ရာသီဖြစ်လာတဲ့အခါကျတော့ ထွန်းလာတာ။ မိကျောင်းသွယ်စိုက်နေရင်းထွန်းလာတာပေါ့။ ဒါပေမဲ့ သူက မိကျောင်းသွယ်ထက် အသီးကပိုကောင်းတယ်။ အနှံကလည်းလှတယ်ဆိုပြီးတော့ တစ်ရုံတည်းက တစ်နှံလောက်ကို ကောက်ပြီးတော့ စမ်းကြည့်တာပေါ့။ သူက ကျတော့ တော်တော်ကြာတယ်ဗျ။ ၁၂ ရာသီလောက်ကျမှ ငြိမ်သွားတာ။ သူက ဖြန့်ပေးတာသိပ်မကြာသေးဘူး။ ပြောမယ်ဆိုရင် ၂ နှစ်ကျော်၊ ၃ နှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်။
မေး။ ။ သူ့ရဲ့ဆန်စားသုံးမှုအနေအထားကကျတော့ကော ဘယ်လိုလဲ။ စားလို့ကောင်းလား။
သူကပိုပြီးတော့ ထမင်းမှာကျ မိကျောင်းသွယ်ထက်နူးညံ့တယ်။ စားလို့ပိုကောင်းတယ်ပေါ့။ မိကျောင်းသွယ်ထက် ထမင်းပိုကောင်းတယ်ပေါ့။
မေး။ ။ အထွက်နှုန်းတွေ အပင်အနေအထားတွေကကျ မိကျောင်းသွယ်နဲ့ယှဉ်မယ်ဆို ဘယ်လိုအနေအထားမျိုး မှာရှိလဲ။
အထွက်ကကျ သူက မိုးမှာတော့ အထွက်ကောင်းတယ်။ နွေမှာကျ သူက သိပ်မကောင်းချင်ဘူး။ အဲ့ဒါကတော့ ကွာတယ်။ အသက်ကျတော့ မိကျောင်းသွယ်နဲ့ သိပ်မကွာဘူး။ အလွန်ဆုံးကွာ ၄ ရက် ၅ ရက်ပဲ။ စပါးအပင်အရပ် ကျတော့ သူက မိကျောင်းသွယ်ထက် ၅ လက်မ၊ ၆ လက်မလောက်မြင့်တယ်။ တစ်နှံပါသီးလုံးကျတော့ သူက မိကျောင်းသွယ်ထက် ပိုများပြန်ကောဗျ။ ပင်ပွားကျတော့ မိကျောင်းသွယ်လောက် မရှိဘူး။ မိကျောင်းသွယ်မှာကျ ပျိုးသက်နုနဲ့စိုက်မယ်ဆို ပင်ပွားက ဒီကောင်က အနှံပါပင်ပွား ၄၀ ကျော်လောက်ထိကို ထွက်နိုင်တယ်။ တောင်သူ အပေါ်လည်းမူတည်တာပေါ့။ အနိမ့်ဆုံးကတော့ ၁၀ ပင်အထက်ပဲ။ ဧရာအောင်ကကျတော့ ပင်ပွားနှုန်း တအား ကောင်းတာမျိုးတော့မရှိဘူး။
တစ်နှံပါသီးလုံးမှာကျတော့ မိကျောင်းသွယ်က ၂၅၀၊ ၂၆၀ လောက်ထိ ရှိတယ်။ ဧရာအောင်ကျတော့ ၃၀၀ ကျော် လောက်ထိ ရှိနိုင်တယ်။ သူကကျ ပိုလည်းသွယ်တယ်။ ဝယ်လက်ကျတော့ သူက ပိုမြင့်တာပေါ့နော်။ ပြောမယ်ဆို ဆန်ရည်ဆန်သွေး၊ စားသုံးမှုကျ သူကပိုကောင်းတာကိုး။ ဆန်ဈေးကျတော့လည်း သူကသာတယ်။ ဒါပေမဲ့ သူက သီးထပ်မှာကျတော့ အထွက်နှုန်းမကောင်းတဲ့အားနည်းချက်တော့ရှိတယ်။ မိကျောင်းသွယ်ကတော့ နွေ၊ မိုး မရွေးဘူး။
မေး။ ။ ဒီဧရာအောင်ကိုကျတော့ကော ဘယ်လိုဖြစ်လို့ အဲ့ဒီနာမည်ပေးဖြစ်သွားတာလဲ။
ဒါကကျတော့လည်း ကျွန်တော်က ဧရာဝတီသားကိုဗျ။ ဧရာဝတီမှာလည်း ဒီလိုလူမျိုးတစ်ယောက်ရှိပါလားဆို တာ သိစေချင်တာပေါ့ဗျာ။
မေး။ ။ ကိုယ့်လိုမျိုး ဒီလိုသာမန်တောင်သူတွေအပေါ် ဘယ်လိုမျိုးပြောချင်တာ၊ အကြံပြုချင်တာမျိုး ရှိလဲ။
ကျွန်တော်တို့လို တောင်သူတွေကို ပြောချင်တာကျ ဘယ်လိုခေါ်မလဲဆိုတော့ တောင်သူအကျိုးစီးပွား မြှင့်တင်ခြင်းဆိုတဲ့ကဏ္ဍမှာပေါ့နော်။
သူများက မြှင့်တင်ပေးတာထက် ကိုယ့်ဟာကိုယ်ဘယ်လိုမြင့်တက်အောင် လုပ်ရမလဲဆိုတဲ့ စိတ်ကူးတွေကို ရှိကြမယ်ဆိုရင် ပိုပြီးတော့ ခရီးရောက်တာပေါ့ဗျာ။ သူများ မြှင့်တင်တာကို စောင့်နေမယ့်အစား ကိုယ့်ဟာနဲ့ကိုယ် ဘယ်လိုမြင့်တက်လာအောင် ဖန်တီးယူရမလဲ၊ ဖောက်ထွင်းယူရမလဲ ဆိုတာမျိုး စိတ်ကူးရှိကြမယ်ဆိုရင် တောင်သူဘဝမြှင့်တင်ရေးက သိပ်မခက်လှဘူးပေါ့နော်။ သူများမြှင့်တင်ပေးတာချည်းပဲ စောင့်နေမယ်ဆိုရင်တော့ တောင်သူဘဝမြှင့်တင်ရေးက ဖြစ်လာနိုင်ဖို့ ဝေးလာသေးတယ်ပေါ့နော်။
ကျွန်တော်တို့ဆီမှာဆိုလည်း ၂၀၁၄ လောက်တုန်းက မေတ္တာက နိုင်ငံခြားက ပညာရှင်ကိုခေါ်ပြီး တောင်သူ ကိုယ်တိုင် ကိုယ့်ဟာကိုယ်မျိုးစပ်ပြီးထုတ်နိုင်အောင်ဆိုပြီး ကျွန်တော်တို့ ၂၀၁၄ ၊ ၁၁ ပိုင်းလောက်တုန်းက သင်တန်းယူခဲ့တယ်ပေါ့နော်။ အဲ့ဒီကတည်းကနေစပြီး ကျွန်တော်တို့ မျိုးစပ်ပြီး စမ်းသပ်ပြီး လုပ်လာတာပေါ့နော်။ ဆိုတော့ အခုဆိုရင် ကျွန်တော့်ဆီမှာ ယဉ်တဲ့မျိုးပေါ့ဗျာ။ ခေါဘဏီနဲ့ ဂျပန်နှံကားနဲ့စပ်ပြီး ရလာတာဆိုရင် သားဆက် ၁၃ လောက်ရောက်နေပြီ။ မျိုးကတော့ ယဉ်နေပြီပေါ့။ အဲ့လိုမျိုးတော့ ရလာပြီ။ တောင်သူတွေ လက်ထဲ ထိတော့ မဖြန့်ရသေးဘူး။ နောက်တစ်ခုက ဥဿာမွှေးနဲ့မိကျောင်းသွယ်ပေါ့။ ပြန်ပြီးတော့ စပ်ပြီးတော့ မျိုးငြိမ်တဲ့ မျိုးတွေလည်း ရှိတယ်။ တောင်သူလက်ထဲရောက်အောင်ကျတော့ မျိုးကောင်းမျိုးသန့်ဖြစ်ဖို့က အရေးကြီးတယ် လေ။ မျိုးတစ်ခုက ထုတ်ပြီးတော့ တောင်သူလက်ထဲ ပေါက်ရောက်ဖို့ဆိုရင်တော့ မျိုးကောင်းမျိုးသန့်ဖြစ်ဖို့ လိုတယ်လေ။ ဆိုတော့ စိုက်ပျိုးစမ်းသပ်တုန်းဖြစ်နေတာပေါ့။ ဒါပေမဲ့ မျိုးကတော့ ပြောမယ်ဆိုရင် ထုတ်လို့တော့ ရပြီပေါ့ဗျာ။
မေး။ ။ ဒါဆိုရင် မျိုးစပ်တာတွေပါ အောင်မြင်နေပြီပေါ့။
ဟုတ် ရှိပါတယ်။ စပ်တာတွေလည်း အောင်မြင်ပါတယ်။ ၂၀၁၄ က စပြီးလုပ်တာပေါ့။ မျိုးအသစ်လည်းရတယ် ပေါ့ဗျာ။ အခုဆိုရင် ကျွန်တော်ထုတ်မဲ့မျိုးတစ်မျိုးဆို ကျွန်တော် တော်တော်လေး စိတ်ဝင်စားတာရှိတယ်။
သူက ဥဿာမွှေးနဲ့မိကျောင်းသွယ်ကို စပ်တာပေါ့။ Cross စပ်တာပေါ့။ ဥဿာမွှေးနဲ့မိကျောင်းသွယ်၊ မိကျောင်းသွယ်နဲ့ ဥဿာမွှေး အဲ့ဒီလို စပ်တာပေါ့။ အဲ့ဒီမှာ မိကျောင်းသွယ်နဲ့ဥဿာမွှေးစပ်တာက ပျက်သွားပြီး ဥဿာမွှေးနဲ့မိကျောင်းသွယ်ပဲ ကျန်တယ်။ အဲ့ဒီကမှ A,B,C,D,E,F,G,H အထိကို ခွဲပြီးလိုက်တယ်။ လိုက်တဲ့အခါမှာ A လိုင်းထဲမှာမှ မျိုးမငြိမ့်တငြိမ်လေးမှာ တလိုင်းထပ်ထွက်လာတယ်။ အဲ့ဒါကို ကျွန်တော်က A2 လို့ သင်္ကေတလေး ထားတာပေါ့။ အဲ့ဒီကောင်ကို နောက်တစ်ရာသီမှာ ပြန်စိုက်လိုက်တဲ့အခါမှာ မျိုးမနည်းငြိမ်သွားတယ်။ အဲ့တော့ အဲ့ ကောင်ကို ကျွန်တော်က ထမင်းအနေအထားတို့၊ ဝိတ်(အလေးချိန်) အနေအထားတို့ပေါ့။ မျိုးကောင်းလက္ခဏာ ရှိမရှိ ကျွန်တော်က ပြန်ပြီးစမ်းသပ်တာပေါ့။ အဲ့လို စမ်းသပ်ကြည့်တာတော့ ထမင်းလည်း အဆင်ပြေတယ်။ ညသိပ်ထားလည်း သူကမမာဘူး။ ပြီးတော့ အဆီမရှိဘူး။ ပျော့ပျောင်းတဲ့သဘောပဲရှိတယ်။ အဲ့တော့ ဆီးချို၊ သွေးချိုသမားတောင် လက်ခံလို့ရတဲ့အဆင့်ထိရှိတယ်ဆိုပြီးလည်း တချို့က ပြောတယ်။
ပြီးတော့ သူက တစ်နှံပါသီးလုံးကိုက ၃၀၀ အထက်လောက်ကို ရှိတယ်။ ပင်ပွားလည်းကောင်းတယ်။ ပြောမယ်ဆိုရင် အနှံ ၃၀ ကို နို့ဆီဗူး တစ်ဗူးလောက်ကို ရတယ်။ ကြိုက်တာကတော့ အထွက်နှုန်းကော၊ စားသုံးမှုအဆင့် ကောပဲ။ ပြည်တွင်းမှာဆိုရင် တော်တော်လေးကို ထောက်ခံမဲ့မျိုးတစ်ခုလို့ ကျွန်တော်ကတော့ ထင်ထားတယ်။ မျိုး ကတော့ ငြိမ်တဲ့အဆင့်လောက်ထိကို ရောက်နေပြီ။ ဒီလိုငြိမ်ဖို့အတွက်တော့ ၆ ရာသီ၊ ၇ ရာသီလောက် လုပ်လိုက်ရတယ်။ တချို့တောင်သူတွေကတော့ ဖြန့်ပေးဖို့ ပြောထားတာရှိတယ်။ သိပ်တော့အများကြီး မရသေးဘူးလို့ပဲ သူတို့ကို ပြောထားတယ်။ ပြောရမယ်ဆို မိဘမျိုးအဆင့်လောက်ပဲ ကျွန်တော်က ထုတ်ပေးလို့ ရဦးမှာပေါ့။
ဒီမျိုးကို နာမည်ပေးရင်တော့ ကျွန်တော့်နာမည်ပါအောင် ပေးရမလိုဖြစ်နေပြီ။ ဧရာမြင့်အောင်တို့ ဘာတို့ပေါ့။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မျိုးစပါး
သန့်ဇင်
2 years agoသက်တမ်း နဲ့အထွက်နူန်းလေးဲပြေားပေးပါ
ဦးစိုးွင်
3 years agoစပါးမျိုးတွေကသက်တမ်းဘယ်လောက်ရှိလဲ
Related articles
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
အင်းလေးမှ အမျိုးသမီးငါးကြပ်တိုက်လုပ်ငန်းရှင်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....