Green Way
တချိန်လုံးကိုယ့်အပေါ် စိတ်ဖိစိးနေတဲ့ အကြွေးတွေကို စနစ်တကျ ဘယ်လိုဖြေရှင်းကြမလဲ။

တချိန်လုံးကိုယ့်အပေါ် စိတ်ဖိစိးနေတဲ့ အကြွေးတွေကို စနစ်တကျ ဘယ်လိုဖြေရှင်းကြမလဲ။

Green Way
Green Way Mother Finance 04/12/2020

        မြန်မာပြည်သူ အတော်များများဟာ အကြွေးနဲ့ မကင်းကြဘူးလို့ ပြောရင် စိတ်ဆိုးကောင်းဆိုးနိုင်ပေမယ့် ဒါဟာ အမှန်တရား ဖြစ်ပါတယ်။ သူဌေးလည်း သူဌေးမို့လို့ သူ့လုပ်ငန်းအတွက် ငွေချေးဆွဲသုံးထားတာ၊ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက် လိုချင်တဲ့ ဖုန်း၊ လက်တော့ပ် စတာလေးတွေအတွက်၊ ဝင်ငွေနည်းလူတန်းစားကလည်း နေ့စဉ်စားဝတ်နေရေးအတွက် ချေးရ ငှားရ လှည့်ရ ဆွဲရနဲ့ လည်နေတာပါပဲ။ အရင်က ရွှေတိုး၊ ငွေတိုး၊ အမိန့်ရအပေါင်ဆိုင်၊ သူငယ်ချင်းအသိမိတ်ဆွေနဲ့ ဘဏ်တွေဆီကပဲ ငွေချေးကြတာ ရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အသေးစားချေးငွေလုပ်ငန်းတွေ အကြွေးဝယ်ကဒ်တွေ အရစ်ကျအိမ်ကားဆိုင်ကယ် အရစ်ကျဝယ်ရောင်းပေးတာတွေ ရှိလာတဲ့အတွက် ချေးကြ၊ ငှားကြ၊ အတိုးနဲ့ ဝယ်ကြ၊ ပြုကြတာတွေလည်း ပိုများလာပါတယ်။

        လိုချင်လို့၊ လိုအပ်လို့ ဝယ်တုန်း၊ ဆွဲတုန်း၊ သုံးတုန်း၊ စားတုန်းကတော့ ပြုံးပျော်ခဲ့ပေမယ့် အတိုးတွေ တက်တဲ့အခါ စိတ်ညစ်ရတတ်ပါတယ်။ တချို့ဝန်ထမ်းတွေဆိုရင် လစာထုတ်လို့ အကြွေးဆပ်တဲ့အခါ သားရေကွင်းပဲ ကျန်တော့တယ်လို့တောင် နောက်ပြောင်ပြောတတ်ကြပါတယ်။ လမကုန်ခင်ငွေအရင်ကုန် ဒါနဲ့ပဲ နောက်လသုံးဖို့ကျ ချေးငှားရ၊ ပြန်ပြီး အဆိုးကျော့သံသရာလည်ပြန်ပါလေရော။ အခု ကပ်ရောဂါဖြစ်တဲ့အခါ လစာတွေရော့ အလုပ်တွေပိတ် ဝင်ငွေမရတာတွေပေါ်လာတယ် အရင်က လစဉ်ပုံမှန်အဝင်အထွက်နဲ့လည်ပတ်နေသူတွေတောင် ငွေဝင်တာနည်းလာတော့ အရစ်ကျအကြွေးတွေတောင်ဝိုင်းလည်ပုံကျဖြစ်ကုန်တယ်။ ဒါကြောင့် ဒီလို တချိန်လုံး ဖိစီးနေတဲ့ အကြွေးတွေကို ဘယ်လိုဆပ်လို့ရမလဲဆိုတဲ့ ငွေကြေးပိုင်းဆိုင်ရာ အကြံဉာဏ်တွေကို ပြန်လည် ဝေမျှပေးချင်ပါတယ်။

🌿ပထမဆုံးအလုပ်ကတော့အကြွေးတွေကို တစ်ခုချင်းစာရင်းလုပ်ဖို့ပါပဲ။

        စနေဖြစ်ဖြစ်၊ တနင်္ဂနွေဖြစ်ဖြစ် မနက်ပိုင်းမှာ အေးဆေး စာအုပ်တစ်အုပ်နဲ့ ကြွေးမြီစာရင်းလုပ်ဖို့ ဖြစ်ပါတယ်။ အရင်ဆုံးရှိသမျှပေးရမယ့်အကြွေးစာရင်းကို ချရေးပါ။ သူငယ်ချင်းဆီက ချေးထားတဲ့ အကြွေး ဆိုင်ကယ်အိမ်ကားဖုန်းအရစ်ကျကြွေးမြီကို ပြန်သွင်းရမယ့် ငွေစတာတွေပေါ့။ ပြီးရင်တော့ ကြွေးမြီတစ်ခုစီကို အသေးစိတ်ပြန်ဖြန့်ပါ၊ ဒီလို ဖြန့်တဲ့ အခါမှာ ဒီအချက် (၄) ချက်ကိုပါ ရေးသွင်းရမှာလည်း ဖြစ်ပါတယ်။ ကြွေးမြီခေါင်းစဉ်၊ အတိုးနှုန်း၊ တစ်လ ဘယ်လောက်ပြန်ဆပ်ရမယ်နဲ့ လတိုင်း ဘယ်အချိန်ပြန်ဆပ်ရမယ်ဆိုတာကိုပါ ရေးမှတ်ထားဖို့ လိုပါတယ်။ ဒါဆိုရင် ဘယ်အကြွေးကို အရင်ဆုံးရှင်းသင့်လဲဆိုတာသေချာသိသွားမှာ ဖြစ်ပါတယ်။

🌿အကြွေးဆပ်ဖို့ အစီအစဉ်မချခင် သေချာစဉ်းစားဆုံးဖြတ်ပါ။

       ခုနလို အကြွေးတွေ အားလုံးသေသေချာချာ မြင်ပြီးပြီဆိုရင်တော့အကြွေးဆပ်ဖို့ အစီအစဉ်ချရပါတော့မယ်။ မချခင် အရင်ဆုံးစဉ်းစားမယ့် အရာတွေ ရှိနေပါသေးတယ်။ အရင်ဆုံး ဘယ်အစီအစဉ်က အလုပ် ဖြစ်မလဲဆိုတာ လက်တွေ့ကျကျစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့  အစီအစဉ်ချပြီးရင် မပျက်ချင်ဘူးမလား၊ အကြွေးဆပ်တဲ့ လုပ်ငန်းစဉ်ဆိုတာ ၁နှစ်၊ ၂ နှစ် ဒါမှမဟုတ် နှစ်ပေါင်းအကြာကြီး အချိန်ယူရမှာဆိုတော့ လက်တွေ့ကျကျစဉ်းစားမှ အစီအစဉ်မပျက်မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးတစ်ခုကတော့ လက်မလျှော့ဖို့ပါပဲ။ အကြွေး ဆပ်ရတာ နေထိုင်ရ ကျပ်တည်းတယ်ဆိုပြီး ဆပ်တလှည့်၊ မဆပ်တလှည့်လုပ်နေရင် ဘဝကပိုအဖြစ်ဆိုးလာမှာပါ။

🌿အကြွေးဆပ်နေတဲ့အချိန်မှာ နေထိုင်မှုပုံစံပြောင်းပါ။

        အကြွေးဆပ်နေတဲ့အချိန်မှာ အပျော်အပါးလျှော့ပါ၊ မလိုတာတွေ သုံးစွဲပစ်တာ လျှော့ပါ၊ ဒီလို လျှော့လို့ စိတ်ညစ်နေရပြီဆိုရင် ခေါင်းထဲမှာ တစ်ခုမှတ်ထားပါ။ ဒီလို အသုံးအစွဲတွေ လျှော့ရတာ ယာယီခဏလေးပါပဲ။ ယာယီအနေနဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။ ဒီအချိန်ခဏလေးကို သည်းခံလိုက်ရင် စိတ်ဖိစီးနေတာတွေအဆင်ပြေသွားမှာဆိုတာလည်း ခေါင်းထဲ ထည့်ထားရမှာ ဖြစ်ပါတယ်။

🌿အကြွေးတွေကို အချိန်မီသတိကတိရှိရှိဆပ်ပါ။

        အသိမိတ်ဆွေ၊ သူငယ်ချင်းဆီက ယူထားတဲ့အကြွေးတွေထက် တရားဝင်ချေးငွေလိုင်စင်ရရှိထားတဲ့နေရာကယူထားတဲ့ ငွေပမာဏတွေက ဥပဒေအရစာချုပ်ဘောင်ဝင်တဲ့အတွက် ကိုယ့်နံမည်အသိုင်းအဝိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ တရားစွဲခံထိ နိုင်ပါတယ်။ သက်ဆိုင်ရာရဲရှေ့နေတရားရုံးတွေနဲ့ပတ်သက်ရနိုင်တဲ့အတွက် သင်ရှောင်ရှားလို့ မရပါဘူး။ အမှုဖွင့်ခံရရင်ငွေစရိတ် ပိုကုန်ကျပါလိမ့်မယ်။ တိကျစွာအမြန်ရှင်းပါ။ မဟုက်ရင်ဒီအမည်းစက်က ကိုယ့်နောက်ကိုအမြဲလိုက်ပါလာလိမ့်မယ်။ အဲလို အရစ်ကျယူထားတဲ့ ကြွေးမြီအကြွေးတွေက တစ်ရက်နောက်ကျရင် နောက်ကျကြေးတွေ ရှိတတ်ပါတယ်။ နောက်ကျကြေးတွေ ထပ်တက်ပြီး ဖိစီးမှုတွေ မရှိစေဖို့ အကြွေးတွေကို ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်မီဆပ်ဖို့ လိုပါတယ်။

🌿အတိုးအများဆုံး အကြွေးကို အရင်ဆပ်မလား၊ အနည်းဆုံး အကြွေးကို အရင်ဆပ်မလား။

        ဒီအပေါ်မှာတော့ အကြံပေးချက်အမျိုးမျိုးရှိပါတယ်။ တချို့ကအများဆုံးအကြွေးကို အရင်ဆပ်ပြီး စိတ်ထဲ အလုံးကြီးကျသွားတာကို အားပေးသလို  အနည်းဆုံးကစဆပ်ပြီး စိတ်အားယူတာမျိုးကို အားပေးကြတာ ရှိပါတယ်။ ဒါမယ့် ကိုယ်နဲ့ ကိုက်တာပဲ ကိုယ်လုပ်ပါ၊ အနည်းဖြစ်ဖြစ်၊ အများဖြစ်ဖြစ်ရွေးပြီး ဆပ်သာ ဆပ်ပါ။ ဘယ်နည်းနဲ့ ဆပ်ဆပ်အကြွေးလျော့သွားတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။

🌿အကြွေးမြန်မြန်ကျေဖို့ဆိုရင် ပေးရမယ့် ငွေပမာဏထက် ပိုဆပ်ဖို့ ကြိုးစားရန်လိုပါတယ်။ 

        ဒါကတော့ ရိုးရှင်းပါတယ်။ အကြွေးတွေ မြန်မြန်ကျေဖို့ဆိုရင် ဆပ်ဖို့ သတ် မှတ်ထားတဲ့ အနည်းဆုံး ပမာဏထက် ပိုဆပ်မှ ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ပိုဆပ်ရမလဲဆိုတာတော့ လူတစ်ယောက်ချင်းစီအပေါ်မူတည်သလို ဘယ်လမှာ များများဆပ်နိုင်မယ်၊ ဘယ်လကတော့ ပုံမှန်ပဲ ဆပ်နိုင်မယ်ဆိုတဲ့ အချိန်ပေါ်မှာလည်း မူတည်ပါတယ်။ အကြွေးမြန်မြန်ကျေဖို့ဆိုရင် အနည်းဆုံး သတ်မှတ်ထားတဲ့ ငွေပမာဏထက် နှစ်ဆဆပ်သင့်တယ်လို့ ဆိုပါတယ်။ ဒီအကြံပေးချက်ဟာ အကြွေးပမာဏနည်းရင် အဆင်ပြေနိုင်ပေမယ့် များရင်တော့ ခက်ခဲနိုင်တာမို့ ကိုယ့်အတိုင်းအဆနဲ့ကိုယ် ချင့်ချိန်ပြီး ဆပ်ပါလို့ ပြောချင်ပါတယ်။

🌿ပိုက်ဆံအပိုလေးများရှိရင် အကြွေးဆပ်ဖို့ သုံးပါ။

        အမွေပဲရရ၊ မုန့်ဖိုးပဲရရ၊ ရုံးကပဲရရ၊ ငွေပိုလေးများရှိပြီဆိုရင် အကြွေးဆပ်ဖို့အထဲ မျက်စိမှိတ်ပြီးသာ ထည့်လိုက်ပါ။ ဒါမှပဲ ကိုယ့်အပေါ်ဖိစီးနေတဲ့ အကြွေးနွံထဲကနေ မြန်မြန်လွတ်မှာမို့ ဒီလောက်တော့ စိတ်ဆုံးဖြတ်နိုင်ရပါမယ်။

        အကြွေးဖိစီးနေတဲ့သူတွေအဖို့ နောက်ဆုံး အမြဲနှလုံးသွင်းရမယ့်အချက်ကတော့ အကြွေးကျေရေးသည် ပထမ၊ အကြွေးကျေရေးသည် ဒုတိယ၊ အကြွေးကျေရေးသည်သာ တတိယလို့ စိတ်ထဲစွဲပြီး ကိုယ်ချထားတဲ့ အစီအစဉ်ကို စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ မလိုအပ်ရင် အကြွေးနဲ့ကင်းစွာနေထိုင်နိုင်တာကအခုလိုမသေချာမရေမရာအချိန်မှာအကောင်းဆုံးပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You
Mother Finance

Content provider

Mother Finance

Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....