ငွေကြေးပူပန်ရခြင်းတွေက သင့်ဘဝကို ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာ သိကြလား
၁။ သင်ဟာ "ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့အတွေးတွေနဲ့ စတင်ပြီး ဒုက္ခဘက်နဲ့သောကက တွေးတတ်နေပါပြီ။
ဒီနှစ်မှာတော့ ကပ်ရောဂါ COVID-19 ဟာ တမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှာကို ကြောက်ရွံတာအပြင် လူတွေဟာ အလုပ်အကိုင်မဲ့တွေဖြစ်ကုန်မှာ ကိုလည်းကြောက်ကြပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေကို စိုးရွံ့ကြပါတယ်။ ဘယ်လိုဖြစ်မယ်မှန်းမသိတဲ့ အနာဂတ်စီးပွားရေး အခြေအနေကိုလည်း စိုးရွံ့ကြပါတယ်။ ငွေရေးကြေးရေးအရ စိုးရိမ်ပူပန်စရာမရှိဘူးလို့ထင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် နောက်ပိုင်း သတင်းတွေအကြည့်များလာတဲ့အခါမှာ ကြောက်လာပြီး ကိုယ့်ကိုယ့်ကို "တကယ်လို့ ဖြစ်ခဲ့ရင်"ဆိုတဲ့မေးခွန်းတွေ စတင်မေးလာပါတယ်။ အဲ့စိတ်ပိုင်းဆိုင်ရာအတွေးအရာတွေ ထိန်းချုပ်လို့မလွယ် ဘူးဆိုတာ သိမှာပါ။ စိတ်ဆိုတာနေ့စဉ်ဘဝမှာ တချိန်လုံးမရပ်မနားရွှေ့သွားဖြစ်နေတာပါ။ ကပ်ရောဂါဖြစ်မှ စတာမဟုတ်ပါဘူး။ အရင်ကထဲကငွေကြေးအခြေအနေမခိုင်မာရင် အခုအချိန်မှာစိတ်ကိုတောင်းတင့်နိုင်ဖို့ ခက်ခဲနေပါပြီ။
၂။ သင့်အနေနဲ့ ပိုက်ဆံအတွက် ပိုမိုရုန်းကန်ရပါပြီ။
အခြေအနေတခုမှာ ပိုက်ဆံကြောင့် ပူပန်ရပြီဆို သင့်အနေနဲ့ ဝန်တခုကို ခံစားရပါပြီ။ ဒါဟာ အိမ်ထောင်ရေးတခုမှာဆို အဓိက ထိခိုက်ရပါတယ်။ သင်အမြဲတမ်းပိုက်ဆံအတွက်ဘဲ စိတ်ပူပန်နေရမယ်ဆို အားပေးတာ၊ မျှဝေခံစားတာ ဒါမှမဟုတ် ပိုက်ဆံကြောင့်တခြားပိုင်းတွေ ဆက်သွယ်ထိရောက်မှုဖြစ်လာပါတယ်။ စိတ်ခံစားမှုတွေဟာ ပျံ့လွင့်ပြီး (သို့မဟုတ်) ငွေကြေးအတွက် ပူပန်ရတာ အရမ်းများလာရင် သင်တို့ထဲက တယောက်ဟာ တစုံတခုအတွက် ကျေးဇူးတင်တယ်ပြောခြင်းဟာ ပုံမှန်ထက်လျော့နည်းလာပါမယ်။ ဒါဟာ အံဩစရာတော့မရှိပါဘူး။ အိမ်ထောင်ရေးပြိုကွဲတဲ့အကြောင်းအရာတွေထဲမှာ ပိုက်ဆံကြောင့်ဘဲ လမ်းခွဲတာတွေက ထိပ်တန်းမှာပါပါတယ်။
၃။ သင်ဟာ ငွေကြေး ရေးကြေး အဆင်မပြေရခြင်းကို ဖုံးကွယ်ထားပြီးပေါ်ထွက်မလာအောင် ထိန်းနေရတဲ့အတွက် ပိုမိုစိတ်ဆင်းရဲလာရပါတယ်။
ငွေကြောင့်အမြဲ ရန်ဖြစ်ရတယ်ဆို မိသားစုအတွင်းမှာ တယောက်ကတော့ အသုံးစရိတ်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆုံးဖြတ်ရမယ့်အစား လျို့ဝှက်ထားတတ်လာပါတယ်။ ဒါကို ငွေကြေးဖောက်ပြားမှုလို့ ခေါ်ပါတယ်။ တစ်ယောက်ကရှာဖွေစုဆောင်းထားသမျှ နောက်တစ်ယောက်ကစားသောက်သုံးဖြုန်းဝတ်စားလောင်းကစားချနေရ င်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။
၄။ သင့်ဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ပူပန်ကြောင့်ကြရခြင်းနဲ့ ကုန်ဆုံးပါတယ်။
ငွေကြေးပြဿနာပေါင်းများစွာထဲကနေ ရုံးကန်နေချိန်မှ ာတခြားမျှော်လင့်ချက်တွေ ရည်မှန်းချက်တွေအတွက်ဘယ်လိုမှ အချိန်မပေးနိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်ဆိုတဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ထွက်သွားတယ်။ ဘယ်လိုပြန်စရမယ် ဆိုတာထက်ဘယ်လိုမှဆက်မသွားချင်တာတွေဘဲ ထိုင်တွေးနေမိလိမ့်မယ်။ အဲဒါနဲ့တင်အချိန်တွေ သိုးသွားနိုင်တယ်။
၅။ သင့်ရဲ့ ရုပ်နဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကိုထိခိုက်စေပါတယ်။
လေ့လာတွေ့ရှိချက်အရ ငွေကြေးအရ ပူပန်ရခြင်းဟာ ကျွန်တော်တို့နားလည်ထားတာထက်ပိုပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မအိပ်နိုင်မစားနိုင်ဘဲတဖြည်းဖြည်းနဲ့အားလုံးကိုရင်ဆိုင်ဖို့ ခွန်အားကျလာပါလိမ့်မယ်။ ဥပမာ ဆီးချို၊ ခေါင်းတခြမ်းကိုက်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ နဲ့ အခြားသောရောဂါတွေေ ဖြစ်စေတာပါ။
၆။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။
အခုနောက်ပိုင်းလူငယ်အများစုဟာ စိတ်ပူပန်ကြောင့် ကျမှုနဲ့ စိတ်ဖိစီးမှုတွေဖြစ်နေတာကို တွေ့ရပါတယ်။ ဘာလို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အကြွေးပိနေကြလို့ပါ။ လူမှုကွန်ရက်မှာ နေ့တိုင်းတွေ့နေတာတွေကြောင့် လိုချင်တောင်းတမှုတွေ များလာတယ်။ လက်တွေ့ဆန်ဆန် အချိန်ပေးအားတိုက်အင်တိုက်မလုပ်ဘဲ အလွယ်လမ်းသွားချင်ကြတယ်။ သူများနဲ့နှိုင်းယှဥ်ပြီး လိုက်မမှီတာတွေတွေးခေါ်ရင်း စိတ်ဓါတ်ကျရှုံးနေတယ်။ ကိုယ့်ဘဝအတွက် ဇဝေဇဝါဖြစ်နေပြီးလမ်းပျောက်နေကြတယ်။ ဟိုဟာဒီဟာအကြွေးတွေနဲ့လိုက်ဝယ်ပြီးရှာသမျှငွေတိုင်းက အကြွေးပြန်ဆပ်ရတဲ့အထဲမှာဘဲပါသွားကြတယ်။ နောက်ရှေ့ဆက်သွားဖို့မှာ အဓိကက စိတ်ဓါတ်ပါ။ ကိုယ့်ခြေလှမ်းဖျောက်နိုင်တဲ့အတိ ပိုက်ဆံပြဿနာတွေကလုပ်ပေးနိုင်တယ်ဆ်ုတာသတိထားပါ။
ငွေကြေးနဲ့ပတ်သက်ရင်အခုရှုပ်မှ နောင်ရှင်းပါ။ အဖြေရှာဖွေလိုက်ပါ။ ဘယ်တော့မှ ဒီငွေကြေးပြဿနာတွေကို အမြဲဝန်မထမ်းနေပါနဲ့။ ကိုယ့်ဘဝကို နေရာမျိုးစုံကနေ ထိခိုက်စေပါတယ်။ တတ်နိုင်ရင်ချက်ချင်းရှင်းပါ။ ထွက်ပေါက်လမ်းစရှာပါ။ ကြားဖြတ်နည်းလမ်းလိမ်လည်မှု အမှားတွေဘက်ကို မရောက်သွားအောင် ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်းကြပါ။ လက်မလျှော့ပါနဲ့ ကိုယ့်အားကိုယ်ကိုးကြပါ။
Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇော်မျိုးနိုင်
5 years agoအရင်းနည်းဆိုတာညံဏခွန်အားငွေကျေးဒါလေရင်းမှအကျိုးအမြက်ရတာ
ချစ်ချစ်
5 years agoမင်္ဂလာပါ
အိအိမွန်
5 years agoအရင်းရှိမှအမြတ်ရှိမှာပါ
Related articles
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
Content provider
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....