မြေပြုပြင်ရာတွင်သုံးသော ထွန်စက်အမျိုးမျိုး
စက်မှုလယ်ယာကဏ္ဍတွင် ဧရိယာကျယ်ဝန်းသော လယ်ယာမြေများကို ထွန်စက်များဖြင့် မြေပြုပြင်ခြင်းသည် အချိန်ကုန်သက်သာစေခြင်း၊ လူအင်အားသုံးစွဲမှု လျော့နည်းစေခြင်း၊ လုပ်ငန်းခွင်ပြီးစီးမှု မြန်ဆန်စေခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။
ထွန်စက်များဖြင့် မြေပြုပြင်ရာတွင် ကနဦး(ပထမ) ထယ်ရေး၌ သုံးသွား လင်ပန်းထယ်များကို အသုံးပြုကြလေ့ရှိသည်။ ထွန်စက်၏ နောက်တွင်ပါရှိသော သုံးပွင့်ဆိုင် မကိုင်း (မသောလက်တံ) နှင့်ချိတ်ဆက်၍ ထယ်များကို အသုံးပြုကြသည်။ ထယ်သွားအရေအတွက်ပိုပါက ချဆွဲလက်တံနှင့် ချိတ်ဆက်၍ အသုံးပြုပါသည်။
ပထမထယ်ရေးပြီးသောအခါ ထယ်စာခဲများကို ပိုမိုကြေမွစေရန်အတွက် ဒုတိယထယ်ရေး (ထွန်)များ ကိုအသုံးပြုကြသည်။ ၁၆ သွားပါသော လင်ပန်းထွန်ကို အသုံးပြုကြသောအခါ ရှေ့လင်ပန်းတွဲမှ မြေစာများကိုထိုးခွဲပြီး နောက်လင်ပန်းတွဲမှ ပြန်လည်ကြိတ်ခြေခြင်းဖြင့်ပို၍ မှုန့်ညက်စေသည်။ မြေပြင်မာကျောမှုနည်းပါက သမန်းမွှေစက်(ရိုတာဗေတာ) များကိုလည်း အသုံး ပြုကြသည်။ ထွန်စက်၏နောက်တွင် ပါရှိသော စွမ်းအင်ထုတ်ယူစနစ် (P.T.O shaft) မှ လည်ပတ်အားကို အသုံးပြု၍ ဓားသွားများကို လည်ပတ်စေခြင်းအားဖြင့် မြေစာခဲများကို အမှုန့်ခြေပေးပါသည်။
လယ်ယာ ၁၆ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-16)
၂။ အလျား×အနံ ×အမြင့် - ၁၁၁×၄၀×၄၉ (လက်မ)
၃။ အင်ဂျင်အမျိုးအစား - မြင်း ၁၆ ကောင်အား၊ ဒီဇယ်အင်ဂျင်
၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ ဧက (ထယ်)၊ ၃ဧက (ထွန်)
၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၃၃ ဂါလံ (ထွန်)
လယ်ယာ ၂၂ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-၂၂)
၂။ အလျား×အနံ ×အမြ င့် - ၁၁၁×၄၀×၄၉ (လက်မ)
၃။ အင်ဂျင်အမျိုးအစား - မြင်း၂၂ ကောင်အား၊ ဒီဇယ်အင်ဂျင်
၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၃ ဧက (ထယ်)၊ ၄ ဧက (ထွန်)
၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၂၅ ဂါလံ (ထွန်)
လက်ကိုင်ရှည်ထွန်စက် (Upland Tiller)

၁။ အမျိုးအစား - လက်ကိုင်ရှည်လက်တွန်းထွန်စက်
၂။ အလျား×အနံ ×အမြ င့် - ၁၁၇×၄၇×၄၅ (လက်မ)
၃။ အင်ဂျင်အမျိုးအစား - မြင်း(၈ မှ ၁၄) ကောင်အား၊ ဒီဇယ်အင်ဂျင်
၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ .၅ဧက
၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၁.၅ ဂါလံ
လေးဘီးထွန်စက်ငယ် (Mini-tractor)

၁။ အမျိုးအစား - လေးဘီးထွန်စက်ငယ်
၂။ အင်ဂျင်အမျိုးအစား - မြင်း၂၅ ကောင်အား၊ ဒီဇယ်အင်ဂျင်
၃။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၄ ဧက (ထယ်)၊ ၆ ဧက (ထွန်)
၄။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂.၂ ဂါလံ (ထယ်) ၊ ၁.၃၅ ဂါလံ (ထွန်)
ရှစ်တန်းစိုက်ကောက်စိုက်စက်( 8 Row Transplanter)

၁။ အမျိုးအစား - ရှစ်တန်းစိုက်ကောက်စိုက်စက်
၂။ အလျား×အနံ ×အမြ င့် - ၉၈×၈၅×၅၁ (လက်မ)
၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား၊ဒီဇယ်အင်ဂျင်
၄။ တစ်နာရီပြီးစီးနှုန်း - ၀.၇ ဧက
၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ
၆။ ပျိုးစိုက်နိုင်မှုအနက် - ၀.၆ မှ ၁.၅ လက်မ
စပါးရိတ်စက်( Rice Reaper)

၁။ အမျိုးအစား - စပါးရိတ်စက်
၂။ အလျား×အနံ ×အမြင့် - ၆၆×၆၁×၄၀ (လက်မ)
၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား ဒီဇယ်အင်ဂျင်
၄။ တစ်ရက် (၈)နာရီပြီးစီးနှုန်း - ၄ ဧက မှ ၅ ဧက
၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ
စပါးခြွေလှေ့စက်( Thresher )

၁။ အမျိုးအစား - စပါးခြွေလှေ့စက်
၂။ လိုအပ်သောမြင်းကောင်ရေ- မြင်းကောင်ရေ ၂၅ ကောင်အား၊
၃။ အင်ဂျင်အမျိုးအစား - ဒီဇယ်အင်ဂျင်
၄။ တစ်နာရီပြီးစီးနှုန်း - တင်း ၁၂၀
၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၇၅ ဂါလံ
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026