လက်တွန်းထွန်စက်များကို (Two-Wheel Hand Tractor) စနစ်တကျ ထိန်းသိမ်းနည်း
လက်တွန်းထွန်စက်များကို မှန်မှန်ကန်ကန် ပြုပြင်ထိန်းသိမ်းခြင်းဟာ လယ်ယာလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်ပါ အချိန်ဇယားအတိုင်း ပုံမှန်စစ်ဆေးရေးမည့်အချက်များကို လိုက်နာပါက သင့်စက်ပစ္စည်း၏ သက်တမ်းနှင့် လုပ်ဆောင်နိုင်မှု ပိုမိုတိုးတက်စေပါမည်။
ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား
နေ့စဉ် ပြုလုပ်ရန်
- အင်ဂျင်ဝိုင်
အင်ဂျင်ဝိုင် ရှိ / မရှိ နှင့် သတ်မှန်လယ်ဗယ်ပြည့် / မပြည့်ကို စက်မမောင်းမီစစ်ဆေးပါ။ လိုအပ်ပါက ဖြည့်ပါ။
- လေစစ်ဇကာ (သို့) အင်ဂျင်ဝိုင်စစ်ခြင်း
လေစစ်ဇကာတွင် ဖုန် ၊ အညစ်အကြေးများ ပိတ်ဆို့နေမှုကို စစ်ဆေးပါ။ ဖုန်ထူသော နေရာများတွင် အလုပ်လုပ်သော စက်ဖြစ်ပါက နေ့စဉ် သန့်စင်ပေးပါ။
- ပန်ကာကြိုး အတင်းအလျော့
ပန်ကာကြိုး အတင်းအလျော့ကို စစ်ဆေးပါ။ သင့်တော်မှုရှိရေး ပြုပြင်ပါ။ တအားပျော့သည့်အခါ ၊ အက်ကွဲကြောင်းများရှိသည့်အခါ ၊ ပျက်ဆီးနေသည့်အခါ အသစ်လဲလှယ်ပေးပါ။
- စက်သန့်ရှင်းရေး
စက်ပတ်လည်ရှိ ဖုန်နှင့် အညစ်အကြေးများကို သန့်စင်ပေးပါ။ အထူးအဖြင့် လည်ပတ်နေသော အစိတ်အပိုင်းများတွင် ရွှံခဲများ ၊ ဖုန်ချပ်ပြင်လွှာများ ဖြစ်မနေအာင် သန့်ရှင်းပေးရမည်။
အပတ်စဉ် ပြုလုပ်ရန်
- အင်ဂျင်ဝိုင်
အင်ဂျင်ဝိုင်အဆီ ညစ်ညမ်းမှုရှိ/မရှိနှင့် သတ်မှတ်လယ်ဗယ်ပြည့် / မပြည့်ကို စစ်ဆေးပါ။
- လောင်စာဆီစနစ်
ဆီပိုက်နှင့် ဆီစစ်ဇကာများပိတ်ဆို့မှု၊ ဆီယိုမှု မရှိရေး စစ်ဆေးပါ။
- ရေအေးခန်းစနစ်
ရေအေးခြင်းစနစ်တွင် တိုင်ကီရေ သတ်မှတ်အနေအထားရှိ / မရှိ စစ်ဆေးပါ။ လိုအပ်လျှင် ရေအေး(သို့) ကိုးလန့်ရေကို ဖြည့်ပါ။
- စက်အစိတ်ပိုင်းများ တင်းကျပ်မှုကို စစ်ဆေးပါ
ချောင်နေသည့် နက်များ ၊ နေရာများကို စစ်ဆေးပြီး လိုအပ်သလို ကျပ်ပေးပါ။
- ကလပ်(ချ်)နှင့် ဘရိတ်
ဘရိတ်မိ / မမိ စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ပေးပါ။
- ဘီးများ
သင့်တော်သော လေပေါင်ချိန်နှင့် တာယာများအခြေအနေကို စစ်ဆေးပါ။
ရာသီအလိုက် ပြုလုပ်ရန်
- ဘက်ထရီစစ်ဆေးမှု
ဘက်ထရီခေါင်းများ သန့်စင်ရန်၊ ဘတ္ထရီအရည် လယ်ဗယ် နှင့် ပြင်းအား စစ်ဆေးပါ။ ဘတ္ထရီချာဂျင် (charging) ဝင်မဝင် စစ်ဆေးပါ။
- သိုလှောင်ခြင်း ပြင်ဆင်မှု
ရာသီပြီးလို့ စက်ကိုအချိန်ကြာ ရပ်နားမည်ဆိုပါက လောင်စာဆီကို လျှော့ထား ၊ ထုတ်ထားပါ။ စက်ကို သန့်စင်ပြီး သံချေးမတက်အောင်ကာကွယ်မှုလုပ်ပါ။ အမိုးအကာအောက်တွင်ထားပါ။
ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

သတိပြုရန် နှင့် အကြံပြုချက်များ
- မူရင်းပစ္စည်းအစိတ်အပိုင်းများကိုသာ အသုံးပြုပါ။
- ထုတ်လုပ်သူ၏ လက်စွဲစာအုပ်အတိုင်း လိုက်နာပါ။
- ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းစာရင်း တစ်ခု ထိန်းသိမ်းထားပါ။
- လယ်ယာရာသီအစတွင် ကြိုတင်စစ်ဆေးမှု ပြုလုပ်ပါ။
ဖော်ပြပါ အချက်များကို မှန်မှန်ပြုလုပ်ပါက လက်တွန်းထွန်စက်၏ အသုံးပြုသက်တမ်းကို တိုးမြှင့်နိုင်သလို၊ ပျက်ဆီးမှုနည်းပါးသောကြောင့် ပြုပြင်ရန် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Win Ko Thu
1 year agoအသုံမပြုဖြစ်သေားကာလမှာသန့်ရှင်းရေးလုပ်ပြီးအင်ဂျင်ဘော်လီများကိုဂီယာဝိုင်သုတ်လိမ်းပေးပါအမ်းလက်နှင့်ဧစေားပေါက်များကိုအင်ဂျင်ဝိုင်ထဒ့ပြီးပြန်ပိတ်ပေးပါဆီယိုကျအောင်ပေါ့နော်
Bo Bo
1 year agoပြင်ဆင်ပြုပြင်သည့် pdfစာအုပ်များရှိပါက တင်ထားပေးစေလိုပါသညိ
Bo Bo
1 year agoပြင်ဆင်သည့် ကာလတိုသင်တန်းတွေရှိသင့်ပါသည်
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....