လယ်ယာသုံးစက်ပစ္စည်းများ ပျက်သည့်အခါ ဖြေရှင်းရမည့်လမ်းညွှန်ချက်များ
စက်ပျက်မှု၏လက္ခဏာများဖြစ်သည့် ဆက်လက်မောင်းနှင်၍ မရခြင်း၊ အသံထွက်မမှန်ခြင်း၊ အင်ဂျင်အပူလွန်နေခြင်း၊ ချောဆီများ ယိုဖိတ်မှုဖြစ်ခြင်း စသည်လက္ခဏများ တွေ့ရှိပါက စက်ချို့ယွင်းမှုရှိနေသည် မှတ်ယူနိုင်သည်။
ထို့ကြောင့်တောင်သူများ မောင်းနှင်အသုံးပြုနေသော ထယ်၊ ထွန်စက်များ၏ အင်ဂျင်ပြဿနာများနှင့် စက်အစိတ်အပိုင်းပျက်စီးမှုများရှိခဲ့သော် ပြင်ဆိုင်သို့ သွားရောက်မပို့ဆောင်မီ လတ်တလောဖြေရှင်းရမည့် အဆင့်ဆင့်ဖြေရှင်းနည်းများကို အစိမ်းရောင်လမ်းရှိ မိတ်ဆွေများ အသုံးဝင်စေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။
အဓိကပြဿနာအရင်းအမြစ်ကိုသိအောင် ဖော်ထုတ်ရန်နှင့် ပြုပြင်ခြင်းကို မလုပ်ဆောင်မီ
အရေးပေါ်အခြေအနေဖြေရှင်းချက်အဖြစ် အင်ဂျင်ကို ချက်ခြင်းရပ်တန့်ပါ။ သို့မှသာ အခြားအစိတ်အပိုင်းများကို ထိခိုက်မှုမဖြစ်အောင်ကာကွယ်ရာရောက်မည်။
မီးလောင်သည်အထိ မဖြစ်ပွားအောင် အပူလွန်ကဲမှုဖြစ်သည်ဆိုကတည်းက ပြုပြင်ဖို့လိုပါသည်။ အကယ်၍ အပူလွန်ပြီး အင်ဂျင်မီးလောင်တာမျိုး ဖြစ်ပွားပါက မီးငြှိမ်းသတ်ဖို့ ကြိုးစားပါ။

အစိတ်အပိုင်းများကို စစ်ဆေးမှုအဖြစ်
- အင်ဂျင်ဝိုင်ဆီနှင့် ရေကိုကြည့်ပါ : အင်ဂျင်ဝိုင်ဆီယိုစိမ့်မှုနှင့် ရေတိုင်ကီထဲတွင် ရေသတ်မှတ် level ရှိမရှိစစ်ဆေးပါ။
- ဘက်ထရီ : အားအပြည့်ရှိမရှိ၊ ချိတ်ဆက်မှုများနှင့် ဝိုင်ယာများကို စစ်ဆေးပါ။
- အင်ဂျင်အပူကိုစစ်ဆေးပါ : အပူချိန်ပြဒိုင်ခွက်များကို စက်အသုံးပြုနေစဉ်အတွင်း ကြည့်ရှုပါ။ စစ်ဆေးပါ။
ပြုပြင်မှုဆောင်ရွက်မှုများအဖြစ်
- ပျက်စီးနေသောအစိတ်အပိုင်းများကို အစားထိုးပါ (သို့မဟုတ်) ပြင်ဆင်ပါ။
- အင်ဂျင်တစ်ခုလုံး၏ သန့်ရှင်းရေးပြုလုပ်ပြီး လိုအပ်သော ဆီ၊ ရေ များကို ဖြည့်ပါ။
- စက်လည်ပတ်မှုစနစ်အား အပြည့်အစုံစစ်ဆေးပါ။
စမ်းသပ်ရာတွင်
- ပြုပြင်ပြီးသောစက်အစိတ်အပိုင်းများကို စနစ်တကျစမ်းသပ်ပါ။
- ချို့ယွင်းချက်များရှိပါက ကောင်းအောင်ဆက်လက်ပြုပြင်ပါ။ အခြားပျက်နိုင်ခြေရှိသော အစိတ်အပိုင်းကို သိအောင်စစ်ဆေးထားပြီး ထိုအစိတ်အပိုင်းများကို မကြာခဏ သတိပြု စစ်ဆေးပါ။
ပုံမှန်စစ်ဆေးမှုအဖြစ် လစဉ် (သို့မဟုတ်) သတ်မှတ်ထားသောအချိန်အတိုင်း စက်အစိတ်အပိုင်းများကို စစ်ဆေးပါ။ ထိန်းသိမ်းမှုအဖြစ် အင်ဂျင်ဝိုင်ဆီနှင့် ရေများကို လိုအပ်သလိုဖြည့်ပါ။
ပြုပြင်မှုများနှင့် စက်ချို့ယွင်းမှု အကြောင်းအရာများကို မှတ်တမ်းထားပါ။ နောက်တစ်ကြိမ်ပြင်ဆင်သည့်အခါ အထောက်အထားအဖြစ် ပြောပြ အသုံးချနိုင်သည်။
စက်ချိုးယွင်းမှု၊ ပျက်စီးမှုသည် လွန်လွန်ကဲကဲဖြစ်နေပါက ကျွမ်းကျင်သူ (သို့) ကျွမ်းကျင်စက်မှုပညာရှင်အား ဆက်သွယ်၍ ပြင်ဆင်မှုအား ချက်ချင်းပြုလုပ်ရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026