ဒီဇယ်အင်ဂျင်ဘယ်လိုအလုပ်လုပ်လဲ..?
ဒီဇယ် အင်ဂျင်လည်ပတ်ရာတွင် ကွန်ပရပ်ရှင်း (လေဖိအားသိပ်သည်းမှု) နှင့် နော်ဇယ်မှ ဒီဇယ်အမှုန်ပန်းထွက်မှုပေါ် အဓိကမူတည်သည်။
ဒီဇယ်အင်ဂျင် နှင့် ဓာတ်ဆီအင်ဂျင်အလုပ်လုပ်ပုံ မတူညီပေ။ ဓာတ်ဆီအင်ဂျင်တွင် စလင်ဒါအတွင်း ဓာတ်ဆီငွေ့နှင့်ရောနေသော ကွန်ပရပ်ရှင်းဖြစ်နေသည့် လေထုကို မီးလောင်စေရန် စပခ်ပလပ်မှ မီးပွှားထုတ်ပေးခြင်းဖြင့် လောင်ကျွမ်းပေါက်ကွဲပြီး ပါဝါကို ဖြစ်ပေါ်စေသည်။ ဒီဇယ်အင်ဂျင်တွင် ပလပ်မပါရှိပဲ ပူပြီးသိပ်သည်းနေသော လေထုကို ဒီဇယ်အမှုန်အမွှားဖြန်းလိုက်ခြင်းဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်စေကာ ပါဝါကို ရရှိစေခြင်းဖြစ်ပါသည်။
ထို့ကြောင့် နော်ဇယ်ခေါင်းကောင်းဖို့ နှင့် အမှုန်ပန်းထုတ်နိုင်ရန် ဖိအားတွန်းပေးသည့် ပန့် ၊ ပလန်ချာ ကောင်းစွာ အလုပ်လုပ်နေဖို့လိုအပ်ပါသည်။ ဒီဇယ် အရည်အသွေးကောင်းမွန်ဖို့လည်း အရေးကြီးသည်။
ဒီဇယ်အမှုန်ပန်းထုတ်ပေးနိုင်သော်လည်း ကွန်ပရပ်ရှင်း မကောင်းပါက မီးလောင်ကျွမ်းမှု အားနည်းစေသည်။ ထို့သို့သော အခြေအနေတွင် အိပ်ဇောမှ မီးခိုးမည်းများ ထွက်လာသည်။ ၎င်းမှာ ကွန်ပရပ်ရှင်း မကောင်းသောကြောင့် ဒီဇယ်များ အကုန်မီးလောင်ပေါက်ကွဲခြင်းမရှိသည့်အတွက်ဖြစ်သည်။ ဝိုင်းဆီးများ မကောင်းပါကလည်း စလင်ဒါထဲတွင် ချောဆီအင်ဂျင်ဝိုင်များ ကျန်နေနိုင်သဖြင့် မီးခိုးထွက်ခြင်းလည်း ဖြစ်တက်သည်။ ထိုအခါ ပါဝါ အပြည့်အဝမရသဖြင့် စွမ်းအားကျဆင်းသည်။
ကွန်ပရပ်ရှင်းကောင်းရန် ဘားတွေကောင်းဖို့လိုသည်။ ဖွင့်သည့်အချိန်တွင် လုံးဝပွင့်နေရပြီး ပိတ်ရမည့်အချိန်တွင် လုံးဝ ပိတ်နေရမည်ဖြစ်သည်။

ဖိုးစတုပ်အင်ဂျင်တွင်အလုပ်လုပ်ရာတွင် …
၁) suction stroke - စက်ရှင်းစတုပ် အချိန်တွင် အင်းလက်ဘားပွင့်နေရမည် ။ ၎င်းအချိန်တွင် ပစ်စတင်သည် စလင်ဒါထိပ်ပိုင်းမှ အောက်ခြေထိကျသွားခြင်းဖြင့် ပွင့်နေသာအပေါက်မှ လေကိုစုပ်ဆွဲယူသွားမည်။
၂) compression stroke - ကွန်ပရက်ရှင်းစတုပ်တွင် ဘားအားလုံးပိတ်နေမည်။ ထိုအချိန်တွင် ပင်စတင်သည် အောက်ခြေမှ အပေါ်သို့တက်လာပြီး စုပ်ယူထားသော လေများကို သိပ်သည်းကျစ်လစ်အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် ဘားများ ဟာမနေဖို့ အရေးကြီးပါသည်။
၃) power stroke - ပါဝါစတုပ် တွင် သိပ်သည်းပြီးပူနွေးနေသောလေများကို နော်ဇယ်မှ ဒီဇယ်ဖြန်းပက်လိုက်ခြင်းဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်စေပြီး ပါဝါကို ရရှိသည် ။ထိုအချိန်တွင်လည်း ဘားအားလုံးပိတ်နေမည်။
၄) exhaust stroke - အိပ်ဇောစတုပ်တွင် ပေါက်ကွဲမှုကြောင့် ပစ်စတင်သည် အောက်ဘက်သို့ ရောက်သွားပြီး ထွက်လာသည့် လောင်ကျွမ်းပြီးလေ (မီးခိုး) များကို စွန့်ထုတ်နိုင်ရန် အပေါ်သို့ တဖန်ပြန်တက်လာသည် ။ ထိုအချိန်တွင် အိပ်ဇောဘားပွင့်နေရမည် ။
ဘားများပွင့်ဖို့ ပိတ်ဖို့အတွက် တိုင်ပင်မှန်အောင် ပြုလုပ်ပေးရမည်။ ဘားတွေလုံရန်အတွက် ဘားကရိုင်းခြင်း ၊ လိုအပ်ပါက အသစ်လဲခြင်းလုပ်ရမည်။
၎င်းအပြင် ကွန်ပရပ်ရှင်းကောင်းရန် စလင်ဒါမျက်နှာပြင်များ ချောမွှေ့နေရမည်။ အစင်းရာ ၊ အပိန့် များ မရှိစေရပါ။ ပစ်စတင်နှင့် အံဝင်ခွင်ကျဖြစ်စေပြီး ပစ်စတင်တွင်ပါရှိသော ဝိုင်းဆီးများကောင်းရန်လိုအပ်ပါသည်။ သို့မှသာ ကွန်းပရပ်ရှင်းကောင်းပြီး အင်ဂျင်ဝိုင်များကိုလည်း အကုန်အစင်သပ်ချနိုင်သဖြင့် အင်္ဂျင်ဝိုင်ကြောင့် မီးခိုးထွက်မှုမဖြစ်စေတော့ပေ။
ထပ်မံသတိပြုရန်မှာ အင်ဂျင်အစိတ်အပိုင်းများကို တွဲဆက်သည့်နေရာတိုင်းတွင် ဂစ်စကတ်များ ထည့်ခံလေ့ရှိပြီး ၎င်းဂစ်စကတ်များ ပေါက်ပြဲမှု ၊ ပြတ်တောက်မှုမရှိဘဲ ကောင်းမွန်နေရန် အရေးကြီးပါသည်။ အင်ဂျင် အစိတ်အပိုင်းများကို သတ္ထုစပ်များဖြင့် ပြုလုပ်သည့်အတွက် ၎င်းအစိတ်အပိုင်းများကို တွဲစပ်သည့်အခါ တသားတည်း ပူးကပ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဂစ်စကတ်များကို မဖြစ်မနေထည့်ခံရခြင်းဖြစ်သည်။ ၎င်းတို့မလုံသည့်အခါ အင်ဂျင်ဝိုင်များ ယိုစီးမှုဖြစ်ပြီး အင်ဂျင်ပျက်စီးမှု နှင့် ပါဝါလျော့နည်းမှုကို ဖြစ်စေသည်။
အချုပ်အားဖြင့် ဒီဇယ်အင်ဂျင်များသည် ပျက်စီးမှုနည်းပြီး ၊ ပြုပြင်ရမှုလွယ်သည်။ အဓိက အချက်နှစ်ခုဖြစ်သည့် ကွန်ပရပ်ရှင်းကောင်းရန် နှင့် နော်ဇယ်ကောင်းစွာအလုပ်လုပ်ရန်သာ ဂရုစိုက်ရမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Win Ko Thu
1 year agoကျေးဇူးပါ
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....