Green Way
ငါးသားပေါက်များကို သန့်စင်ခြင်း၊ ပိုးသတ်ခြင်း၊ သယ်ယူပို့ဆောင်ပြီး ကန်ရေသစ်တွင်နေသားကျစေရန် လေ့ကျင့်ပေးခြင်း၊ ငါးသားပေါက်စတင်မွေးမြူခြင်းနှင့် ရှင်သန်မှု ခန့်မှန်းခြင်း။

ငါးသားပေါက်များကို သန့်စင်ခြင်း၊ ပိုးသတ်ခြင်း၊ သယ်ယူပို့ဆောင်ပြီး ကန်ရေသစ်တွင်နေသားကျစေရန် လေ့ကျင့်ပေးခြင်း၊ ငါးသားပေါက်စတင်မွေးမြူခြင်းနှင့် ရှင်သန်မှု ခန့်မှန်းခြင်း။

 ကျန်းမာသန်စွမ်းသောငါးသားပေါက်ရွေးချယ်ခြင်း

 ()ကျန်းမာ သန်စွမ်းသော ငါးသန်၏ လက္ခဏာများ

  • အရည်အသွေးတောက်ပြောင် လင်းလက်နေသည်။
  • ကိုယ်ခန္ဓာ ချွဲကပ်နေသည်၊

  • ခန္ဓာကိုယ် ပုံစံမှန် ဖြစ်သည်။

  • ကိုယ်ပေါ်တွင်လည်းကောင်း၊ ပါးဟပ်တွင်လည်းကောင်း၊ အနက်အစက်ပျောက်များမရှိ

  • အမြီးမှ ကိုင်မြှောက်ထားလျှင် ဦးခေါင်းကို သွက်လက်စွာ ခါယမ်းသည်။

  • ငါးသားပေါက်များ ထည့်ထားသော ပုံးတို့ကို ရိုက်ပုတ်လျှင် ငါးများခုန်ကူးသည်။
    ရေစီးတွင် အမြဲကူးခတ်လျက် ရှိပြီးထောင့်ကပ်နားနေခြင်းမရှိပါ။

 () မသန်စွမ်းသော ငါးသန်၏ လက္ခဏာများ

  • ကိုယ်ပေါ်နှင့် ပါးဟပ်တွင် အနီစက် အမဲစက်များ ရှိနေမည်။
  • အရောင်အသွေးတောက်ပြောင်မှု မရှိ၊ ကြေးခွံကြမ်းတမ်းသည်။

  • နှေးကွေးစွာ ကူးခတ်သည် အမြီးကို ကိုင်ဆောင်လည်း သွက်လက်စွာ တုံ့ပြန်မှုမရှိပါ။

  • ငါးသားပေါက်များ ထည့်ထားသောပုံး၊ အိုးကိုရိုက်ပုတ်လျှင် ငါးများမှာ သွက်လက်စွာ တုံ့ပြန်မှုမရှိပါ။

  • ငြိမ်သက်လျက် ရှိပြီး ငါးထည့်ထားသောပုံး၊ အိုးကို ရေလှယ်ပေးရာတွင် ရေစီးနှင့်အတူတူမျှောပါ ကူးခတ်သည့် ရေဆန်ကူးခတ်နိုင်ခြင်း မရှိပါ။

(က) ကျန်းမာသန်စွမ်းသော ငါးသောက်ပေါက် မွေးမြူရန် အရေးကြီးပါသည်။

  • ငါးသေပျောက်နှုန်း နည်းပါးခြင်း။
  • ရေဂါ အလွယ်တကူ ကူးစက်မှုမရှိခြင်း။

  • ငါးကြီးထွားမှုထုတ်လုပ်မှု ကောင်းမွန်ခြင်း။

 () ငါးသားပေါက်များကို သန့်စင်ခြင်း၊ ပိုးသတ်ခြင်းမှာ အရေးကြီးပါသည်။

  • ငါးသားပေါက်များကို သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း၊ ကန်တွင်စတင်မွေးမြူရာတွင်လည်းကောင်း၊ ပိုးသတ်ခြင်း ပြုလုပ်ပါက ငါးရှင်သန်ကြီးထွားမှု ကောင်းမွန်ပြီး ထုတ်လုပ်မှု တိုးတက်ရရှိမည် ဖြစ်ပါသည်။ ငါးများကို သယ်ပို့ရန် ကိုင်တွယ်ခြင်းတွင် အကြေးခွံများ ကျွတ်ခြင်း၊ ကိုယ်ပေါ်တွင် အနာများဖြစ်ခြင်း ကြုံတွေ့နိုင်ပါသည်။ ထိုမှ တစ်ဆင့် ရောဂါပိုးများ ဝင်ရောက်ခြင်း၊ မွေးကန်အတွင်းကိုလည်း ရောဂါကူးစက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ငါးသားပေါက်များကို ပိုးသတ်ခြင်းဖြင့် သယ်ယူပို့ဆောင်ခြင်းနှင့် ကန်တွင်မွေးမြူခြင်းတွင် ရောဂါဝင်ရောက်မှုကို ကာကွယ်ပြီး ငါးသေပျောက်မှုလည်း လျော့ကျစေပါသည်။

() ငါးသားပေါက်များကို ပိုးသတ်ခြင်း နည်းလမ်း

  • ပိုတက်ဆီယမ် ပါမင်ဂရိတ်(ခရမ်းရောင်ဆေးမှုန့်) ၅ ဂရမ်၊ လက်ဘက်ရည်ဇွန်း(သို့) ဆား ၂၀၀ ဂရမ်(လက်တဆုပ်ခန့်) ကို ရေ ၁၀ လီတာတွင်ဖျော်စပ်ပြီး ငါးသားပေါက်များကို ၁၀ စက္ကန့်ခန့် စိမ်ထားခြင်းဖြင့် ပိုးသတ်နိုင်ပါသည်။ ၃၀၀-၅၀၀ ဂရမ်(၁၉ ကျပ်သားခန့် - ၃၂ ကျပ်သားခန့်) အရွယ်သားပေါက်(ငါးဖျန်း) များကို ဤနည်းဖြင့် ပိုးသတ်ခြင်း(-) ကြိမ်ပြုလုပ်ရပါသည်။ ငါးသားပေါက်များကို သယ်ယူပို့ဆောင်ရန် ထုတ်ပိုးထားသောအခါတွင် ဤပိုးသတ်နည်းကို အသုံးပြုရပါမည်။

 () ငါးသားပေါက်များကိုသယ်ယူပို့ဆောင်ခြင်း

  • ပုံးများဖြင့် သယ်ယူခြင်း
  • မြေအိုး

  • ပလက်စတစ်ပုံးအောက်ဆီဂျင်ဖြင့် သယ်ယူခြင်း

  • အောက်ဆီဂျင် ဖြည့်ထားသော ပေါ်အီအက်သလင်းအိတ်တွင် ငါးနှင့်ရေကိုထည့်ပြီး အောက်ဆီဂျင်ဓါတ်ငွေ့ ဖြည့်ရန် အလုံပိတ် သယ်ပို့ဆောင်ရပါမည်။

 သယ်ယူပို့ဆောင်ရမည့်အချိန်

  • နံနက်(သို့)ညနေအပူချိန်လျော့နည်းသောအခါများတွင် ငါးသားပေါက်သယ်ယူပို့ဆောင်ရပါမည်။
  • သယ်ယူပို့ဆောင်ရန် ငါးသားပေါက်ထုတ်ပိုးရန်ကောင်ရေ

  • သာမာန်အားဖြင့် ရေ(၁၀) လီတာ (.၅ဂါလံ) ခန့်တွင် ငါးသားပေါက် ၁ ကီလိုဂရမ်(၆၂.၅ကျပ်သား)မှ ၂ ကီလိုဂရမ်(၁ပိဿာ ၂၅ ကျပ်သားခန့်) သယ်ယူပို့ဆောင်နိုင်ပါသည်။ ခရီးအကွားအဝေးကို မူတည်၍ ၃ ကီလိုဂရမ်(၂ပိဿာခန့်)မှ ၄ ကီလိုဂရမ်(၂ပိဿာခွဲခန့်) အထိ သယ်ယူနိုင်ပါသည်။ ငါးသားပေါက် ထုတ်ပိုးသယ်ယူသင့်သော ကာလတို ဇယား ၂ နှင့် ဇယား ၃ ဖြင့် ဖော်ပြထားပါသည်။

ငါးသားပေါက်သယ်ယူပို့ဆောင်ခြင်းတွင် သတိပြုရန်အချက်များ

(က) ငါးသားပေါက်သယ်ပိုးသောရေသည် သန့်ရှင်ပြီး အမြဲတစေ အပူချိန်လျော့နည်းစေရန်၊ ရေအပူချိန် မြင့်မားလာပါက သန့်ရှင်းသော ရေအေးကို ဖြည့်ပေးရန်၊

() အပူချိန်လျော့နည်းသော အချိန်များတွင် သယ်ပိုးရန် ငါးသားပေါက်ကို လျော့ထည့်သယ်ပိုးရန် ငါးအသေများကို ဖယ်ရှားရန်၊

() သယ်ပိုးမည့် ငါးသားပေါက်များကို တစ်ရက်ကြိုတင်၍ ပါးသောလှောင်အိတ်တွင် ထည့်ထားပြီး ဝမ်းဗိုက်တွင် အစာမရှိစေရန် ဆောင်ရွက်ပြီးမှသာ သယ်ပို့ရန်။

() ငါးသားပေါက်ကို ပုံး၊ ရေတိုက်ကီဖြင့် သယ်ပို့ရာတွင် ပိုက်စိပ်ဖြင့် ဖုံးအုပ်ရန်၊ ရေကိုလက်ဖြင့် အမြဲမွှေပေးလှည့်ပေးရန်

() အောက်ဆီဂျင်ဖြည့်ထားသောအိတ်များဖြင့် သယ်ပို့ရာတွင်အနီး၌ ဆေးလိပ်သောက်ခြင်းမပြုရန်၊ ချွန်ထက်နေရာအနီးတွင် ငါးသားပေါက်အိတ်များမထားရန်။

ငါးသားပေါက်များကို ကန်ရေအသစ်တွင် နေသားကျစေရန် လေ့ကျင့်ပေးခြင်းနှင့် ကန်အတွင်း ငါးသားပေါက်ထည့်ခြင်း

ငါးသားပေါက်များကို မွေးမြူမည့် ကန်အတွင်း ချက်ချင်း ထည့်ခြင်း မပြုလုပ်ရန် ငါးသားပေါက်ထည့်သောအိုး၊ ပုံး၊ အောက်ဆီဂျင်လေအိတ်ကို ဖွင့်ပြီး ငါးကန်ရေတွင် ၁၅-၂၀ မိနစ်ခန့်မျှောထားရန်၊ ထို့နောက် ကန်ရေငါးသားပေါက်ထည့်ထားသော ပုံး အိတ်အတွင်း ဖြည်းညင်းစွာ ရောပေးရန်၊ ထို့နောက် ငါးသားပေါက်ထည့်ထားသော အိတ်ကို ဖြည်းညင်းစွာ စောင်းပြီး ငါးသားပေါက်များ အလိုအလျောက် ကန်ရေပြင်သို့ ကူးခတ်သွားစေရန်၊ ဤအစီအစဉ်ကို ၁၀-၁၅ မိနစ် အချိန်ယူပါ။

ငါးသားပေါက်ရှင်သန်မှုခန့်မှန်းခြင်း

(က) ငါးလွှတ်ပြီး ၆-၈ နာရီအကြားတွင် ကမ်းစပ်၌ ငါးများကူးခတ်သွားလာခြင်းကို ကြည့်ရှုရပါမည်။ ငါးအသေများ ရှိ/မရှိ စစ်ဆေးရပါမည်။ ကန်ဘောင်ကမ်းစပ်တွင်ရှိနေသော ငါးသေများကို ချက်ချင်း ဖယ်ရှားပြီး သေပျောက်နေသောကောင်ရေကို ပြန်လည် အစားဖြည့်ပေးရန်သေပျောက်နေသော ငါးကောင်ရေထက် ၁၀ ရာခိုင်နှုန်းခန့် ပို၍ ဖြည့်ပေးရန်။

() ငါးသားပေါက်ရှင်သန်နှုန်းခန့်မှန်းခြင်းကို အရေးကြီးလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် သယ်ယူပို့ဆောင်ရေးတွင် ငါးသားပေါက်များကို အလွယ်တကူ သေဆုံးစေသော အကြောင်းများ ရှိနေပါသည်။ ငါးသားပေါက်များကို ကန်ရေသစ်တွင် နေသားကျစေရန် စနစ်တကျ မပြုလုပ်ပါကလည်း သေပျောက်မှုများ ဖြစ်စေပါသည်။ ကန်အတွင်း ငါးသေပျောက်မှုများကို သေချာ မသိရှိသော်လည်း အစာကျွေးခြင်း မြေသြဇာထည့်ပေးခြင်းတို့ ရှိပါမည်။ ငွေကြေးကုန်ကျမှု လေလွင့်မှုများ ဖြစ်စေပါသည်။ နောက်ဆုံးတွင် ငါးထုတ်လုပ်မှု စရိတ်မြင့်မားပြီး အကျိုးအမြတ် မရှိနိုင်ပါ။ ထို့ကြောင့် ကန်အတွင်း ငါးသားပေါက်များ ရှင်သန်မှုကောင်းမွန်ရန် လိုအပ်ပြီး၊ ရှင်သန်မှု အခြေအနေကို သိရှိရန်မှာ အရေးကြီးကြောင်း ဖော်ညွှန်းလျက် ရှိပါသည်။

 

 

Source - World Fish

 

 

 

 

 

 

 

 

 

သန်းဌေး

သန်းဌေး

3 years ago

ငါးသားပေါက်ဝယ်ယူလိုပါသည် ဆက်သွယ်ပေးပါရန်

မျိုးသူရဆွေအောင်

မျိုးသူရဆွေအောင်

4 years ago

ef

မျိုးသူရဆွေအောင်

မျိုးသူရဆွေအောင်

4 years ago

edtchgvhc

You

Related articles

WorldFish

Content provider

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

Related questions

ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ

မင်းသက် • 1 answers

ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား

ကျော်သက်အောင် • 1 answers

နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅

ထက်ဝဏ္ဏအောင် • 1 answers

အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ

Than Soe • 1 answers

ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ ‌မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ

AHP • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....