ငါးကြီးထွားနှုန်းမကျဆင်းစေရန် အမြဲထောက်လှမ်းစစ်ဆေးပေးနေသင့်သည့်အချက်များ
မွေးမြူရေးကန်များတွင် မွေးကာလကြာမြင့်လာသည်နှင့်အမျှ ငါးများမှ အညစ်အကြေးများ စွန့်ထုတ်ခြင်း၊ ကျွေးမွေးသော အစာများမှ ပိုလျှံပြီး ယိုယွင်းပျက်စီးခြင်းနှင့် မွေးမြူထားသောငါးနှင့်အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ သေဆုံးခြင်းများကြောင့် မွေးမြူရေးကန်ရေအတွင်းသို့ အဆိပ်ဓာတ်များ ထုတ်လွှတ်စုပုံကာ ကန်ရေ၏ အရည်အသွေးသည် တဖြည်းဖြည်း ယိုယွင်းကျဆင်းလာပါသည်။
ထိုသို့ မွေးမြုရေးကန်၏အရည်အသွေးကျဆင်းလာသည့်အတွက် ငါးများသည် ကြီးထွားနှုန်းကျဆင်းလာခြင်း၊ ရောဂါခံနိုင်ရည်အား ကျဆင်းကာ ရောဂါများ ဖြစ်ပေါ်လာခြင်းတို့ ဖြစ်လာသည့်အပြင် အစာကြွင်းအစာကျန်နှင့် ငါးများမှ စွန့်ထုတ်သော အညစ်အကြေးများမှ ထွက်ရှိလာသော အဆိပ်ဓာတ်အာနိသင်ရှိသည့် ဇဝက်သာအနံ့ရှိသည့် အမိုးနီးယားဓာတ် နှင့် ဘဲဥပုပ်အနံ့ရှိသော ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓာတ်များထွက်ပေါ်လာသောကြောင့် ငါးများသေဆုံးသည်အထိဖြစ်လာနိုင်သည်။ ၄င်းမလိုလားအပ်သော အခြေအနေများအား ကာကွယ်ရန်အတွက် မွေးကာလတစ်လျှောက်တွင် ကန်အတွင်းမှ ရေအချို့အား ထုတ်ပြီး ရေအသစ်သွင်းပေးခြင်းကို အချိန်သတ်မှတ်ဆောင်ရွက်ပေးရပါမည်။
ထို့အပြင် သြဇာဓာတ်များ မှားယွင်း၍ အလွန်အကျွံ သုံးစွဲမိသည့် အတွက် အပင်မျှောလှေးများ အဆမတန် ပွားများလာပြီး ညအချိန်တွင် ပျော်ဝင်အောက်ဆီဂျင် ပြတ်လတ်မှုများဖြစ်လာနိုင်သည်။ ထိုအခြေအနေမျိုးတွင် အပင်မျှောလှေးများကို မွေးမြူရေးကန်မှ ထုတ်ပယ်ရန်အတွက် အရေးပေါ် ရေလဲလှယ် ပေးခြင်းကိုလည်း ဆောင်ရွက်ရလေ့ရှိပါသည်။
ရေလဲလှယ်ပေးခြင်းသည် မွေးမြူစဥ်တွေ့ရလေ့ရှိသော ပြဿနာ အများအပြားအတွက် ဖြေရှင်းနိုင်သောနည်းလမ်းတစ်ခုဖြစ်သော်လည်း ကျယ်ပြန့်သော မွေးမြူရေးကန်များအတွက် ၄င်းကဲ့သို့ ရေလဲလှယ်ရန်မှာ ရေအသင့်ရှိနေသည့်တိုင်အောင် ငွေကုန်ကြေးကျများပြားသော လုပ်ငန်းရပ် တစ်ခုဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ကန်များသည် ရေညစ်ညမ်းလာ မှုကို ပြန်လည်ပြုပြင်ပေးသော သဘာဝအလျောက် ပြုပြင်သည့်စနစ် ရှိပြီး ဖြစ်ပါသည်။
သို့ဖြစ်ရာ မွေးမြူရေးကန်အား စစ်ဆေးထိန်းသိမ်းခြင်းအားဖြင့် ငွေကုန် ကြေးကျများပြားသော အရေးပေါ်ရေလဲလှယ်ရမှုအား တတ်နိုင်သမျှ လျှော့ချနိုင်သည်သာမက ကန်၏ သဘာဝအလျောက် ရေညစ်ညမ်းလာမှုကို ပြန်လည်ပြုပြင်ပေးသော စနစ်အား အားကောင်းစေရန်(ကန်၏ကျန်းမာရေး ကောင်းမွန်စေရန်) စီမံခန့်ခွဲရမည်။

ကန်အားစစ်ဆေးထိန်းသိမ်းရာတွင် ကန်၏အရည်အသွေး ယိုယွင်းကျဆင်းလာမှုကို ထောက်လှမ်းရန်အတွက် အောက်ပါအချက်အလက်များအား တိုင်းတာစစ်ဆေးရပါသည်။
- ငါးများ၏ လှုပ်ရှားမှုအခြေအနေကို စစ်ဆေးခြင်း
- အစာလာရောက်စားသောက်သော ငါးအရေအတွက်ကို စစ်ဆေးခြင်း
- ပျော်ဝင်အောက်ဆီဂျင်၏ အခြေအနေကို စစ်ဆေးခြင်း(အောက်ဆီဂျင်ပြတ်ပါက ငါးများ ရေမျက်နှာပြင်အနားကပ်ပြီး လေထဲမှအောက်ဆီဂျင်အား ရယူရန် အသက်လုရှူခြင်းကို တွေ့မြင်နိုင်ပါသည်။)
- ငါးရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း (ငါးသေများ ရေပေါ်ပေါ်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း)
- ကန်ရေအား စစ်ဆေးခြင်း
- ကန်ရေ၏ ချဥ်ဖန်နှုန်းအား စစ်ဆေးမှတ်တမ်းတင်ခြင်း
- ကန်ရေ၏ အပင်မျှောလှေးကြွယ်ဝမှုကို ရေကြည်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း
- လိုအပ်ပါက ကန်ရေ၏ ၄ ပုံ ၃ ပုံအား ဖောက်ထုတ်ပြီး ရေအသစ်လဲလှယ်ပေးခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ
TayZar • 3 answers
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
Arkarkyaw • 7 answers
ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?
Ya Kauk • 2 answers
ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါးပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025