ရေသတ္တဝါများ အကောင်းဆုံး ကျန်းမာရှင်သန် ကြီးထွားစေဖို့ဆိုလျှင်..
ဗီတာမင်လို သတ္တုဓာတ်ဆားတွေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်ထောက်ပံ့တာမျိုး မလုပ်ပေးနိုင်ပေမဲ့ အရေးကြီးတဲ့ ထိန်းညှိတာဝန်တွေတော့ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် များစွာသော တစ်သျှူးတွေ ရဲ့ ဖွဲ့စည်းတည်ဆောက်မှုအစိတ်အပိုင်းထဲမှာလည်း ပါဝင်ပါတယ်။
ခန္ဓာကိုယ်ကို ထိန်းညှိပေးတဲ့အရာတွေ၊ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အစိတ်အပိုင်းတွေလိုပဲ ဒီ အာဟာရသတ္တုဓာတ်တွေဟာလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရာတွေပါ။ ဒါပေမဲ့ သူတို့တွေကို ရနိုင်ဖို့ဆိုရင် ဖန်တီးလုပ်ယူလို့ မရပါဘူး။ ဆိုတော့ နေ့စဉ်ဘဝရဲ့ ဓာတ်စာတွေထဲမှာ အမြဲပါဝင်နေဖို့ လိုအပ်ပါတယ်။
ဒီဓာတ်တွေဟာ လူတွေမှာချည်း လိုအပ်နေတာမျိုးလားဆိုရင်တော့ မဟုတ်ပါဘူး။ ငါး၊ ပုစွန်တွေလိုမျိုး ရေနေသတ္တဝါတွေမှာလည်း လိုအပ်တာဖြစ်ပါတယ်။ ဆိုတော့ ဘယ်လိုတွေလိုအပ်လို့ ဘယ်လိုတွေ အကျိုးပြုတာလဲဆိုတာကို ကြည့်ကြရအောင်။
ရေနေမျိုးစိတ်များအတွက် ဓာတ်ဆားများရဲ့ ပံ့ပိုးလုပ်ဆောင်ပေးမှုများ
ကယ်လ်ဆီယမ် (Ca) : ကယ်လ်ဆီယမ်ဟာ သတ္တဝါတို့ရဲ့ ကြီးထွားနှုန်းနဲ့ တစ်သျှူးဖွဲ့စည်းခြင်းတို့ အတွက် အလွန်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားများကျုံ့ခြင်းဆန့်ခြင်း၊ ကိုယ်ခံ အားစနစ် ကောင်းမွန်စွာ အလုပ်လုပ်ခြင်း၊ နှလုံးခုန်ခြင်း၊ စွမ်းအားထုတ်လုပ်ခြင်း၊ အာရုံကြော လုပ် ဆောင်မှုနဲ့ သွေးခဲခြင်းကိုတားဆီးဖို့တွေအတွက်ဆိုရင်တော့ သူက မရှိမဖြစ်ပါပဲ။
မဂ္ဂနီဆီယမ် (Mg) : မဂ္ဂနီဆီယမ်ကတော့ ရေနေသတ္တဝါတွေ အားရှိနေဖို့၊ နျူကလိရစ်အက်ဆစ်နဲ့ ပရိုတိန်းများ ပေါင်းစည်းဖို့နဲ့ အိုင်းယွန်းများသယ်ပို့ဖို့လိုမျိုး အင်ဇိုင်းလုပ်ငန်းတွေအတွက်တော့ အသက် တမျှ အရေးပါတဲ့ဓာတ်ပါ။ ဒါ့အပြင် အဓိက အာရုံကြောမကြီး သန်စွမ်းကျန်းမာဖို့ကိုလည်း ထောက်ကူ ပေးပြီး ကယ်လ်ဆီယမ်နဲ့ပေါင်းစပ်ကာ ကြွက်သားများကျုံ့ခြင်းဆန့်ခြင်းနဲ့ ကိုယ်ခံအားစနစ် ကောင်း မွန်စွာ အလုပ်လုပ်စေဖို့တွေကိုလည်း ကူညီပေးပါတယ်။
ပိုတက်ဆီယမ် (K) : ဒီဓာတ်ကတော့ အာဟာရများကို ဆဲလ်အတွင်းပိုင်းထိ သယ်ယူပို့ဆောင်ပေးပြီး မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းများကို ဆဲလ်များထဲမှ ထုတ်ဖယ်ပေးတဲ့နေရာမှာ အကျိုးပြုပါတယ်။ ပြီးတော့ ပိုတက်စီယမ်က ခန္ဓာကိုယ်ထဲ ရေဓာတ်နဲ့ ဓာတ်ဆားများပျော်ဝင်ခြင်းကိုမျှတစေဖို့ ထိန်းသိမ်းပေးတဲ့ နေရာ၊ အာရုံကြောတွေ ဖြန့်ကျက်တဲ့နေရာနဲ့ ဆဲလ်များရဲ့ကျုံ့ကြွစေတဲ့နေရာတွေမှာလည်း အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေပါတယ်။
ပြီးတော့ ကိုယ်တွင်းကာဗိုဟိုက်ဒရိတ်တွေ ချေဖျက်တဲ့လုပ်ငန်းစဉ်နဲ့ ပရိုတင်းပေါင်းစည်းခြင်း လုပ်ငန်းစဉ်တွေမှာလည်း သူ့ကို လိုအပ်ပါတယ်။
ဒီလိုအာဟာရဓာတ်တွေလုံလောက်ပြည့်ဝစေဖို့ ဘယ်ကနေရနိုင်မလဲ..
မိမိတို့မွေးမြူထားတဲ့ ငါး၊ ပုစွန်နဲ့ အခြား ရေသတ္တဝါတွေ အာဟာရပြည့်ကျန်းမာပြီး ကြီးထွားမြန်စေဖို့ လိုအပ်မဲ့ ဒီလို ဗီတာမင်သတ္တုဓာတ်ဆားတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင်တော့ Red Barn ရဲ့ Aqua တံဆိပ်ထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ Aqua Mix က အကောင်းဆုံး ရွေးချယ်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။
Aqua Mix ထဲမှာဆိုရင် အပေါ်မှာပြောပြထားတဲ့ ငါးပုစွန်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး ဓာတ်သုံးမျိုးကို တစ်နေရာတည်းမှာ အချိုးညီညီ ပေါင်းစပ်ထုတ်လုပ်ထားတာပါ။
Aqua Mix ဟာ ရေနေသတ္တဝါတွေအနေနဲ့ ကောင်းမွန်စွာကြီးထွားနိုင်ဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ သန့်စင်တဲ့ဓာတ်ဆားတွေကို ရာနှုန်းပြည့်စားသုံးနိုင်စေရေး၊ အခြားသတ္တဝါတွေအတွက်လည်း အပြည့် စုံဆုံးလိုက်လျောညီထွေဖြစ်စေမဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရေး စတာတွေကို ပြုပြင်ထိန်းညှိပေး ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သူတို့တွေကို ကျန်းမာစေပြီး ဖွံ့ဖြိုးမှုအားလည်း ကောင်းစေသွားမှာ ဖြစ်ပါတယ်။
Aqua Mix ထဲမှာဆိုရင် ဓာတ်ဆားတွေဟာ ဒြပ်ဖိုတွေအဖြစ်ပါဝင်နေတာဖြစ်ပြီး (တစ်နည်းအားဖြင့် ဆာလ်ဖိတ်, ကာဘွန်နိတ်, နိုက်ထရိတ်နဲ့ ကလိုရိုက် တို့လို ဒြပ်ပေါင်းတွေနဲ့ မပတ်သက်ဘဲ) သီးခြား လွတ်လွတ်လပ်လပ်ရှိတဲ့ ဩဂဲနစ်တွေဖြစ်တာကြောင့် ရေနေသတ္တဝါတွေအနေနဲ့ ရာနှုန်းပြည့် စုပ်ယူစားသုံးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Aqua ထုတ်ကုန်တွေကို သုံးမယ်ဆိုရင် မိမိတို့ မွေးမြူ ထားတဲ့ ရေနေသတ္တဝါတွေအတွက် ပုံမှန် အာဟာရကျွေးနေရမှုအပေါ် အကြိမ် ၂၀ ကနေ ၁၅ ကြိမ် လောက်အထိ လျော့နည်းသက်သာသွားစေမှာပဲဖြစ်ပါတယ်။
ဒီထဲမှာပါဝင်တဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တွေကိုလည်း အမျှတဆုံးအနေ အထားနဲ့ လုံးဝပြည့်စုံတဲ့ ဖော်မြူလာနဲ့ ထည့်သွင်းပေးထားပါ။
ပြီးတော့ ဘက်စုံအသုံးပြုနိုင်စေမယ့် ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်လို့ မွေးမြူရေးသမားတွေ အနေနဲ့ ကန်ထဲက ငါးပုစွန်တွေရဲ့ လိုအပ်ချက်နဲ့ ကြီးထွားမှုအခြေအနေအပေါ် မူတည်ပြီး လိုသလို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
သုံးစွဲနိုင်တဲ့ပုံစံအနေနဲ့ဆိုရင်တော့ နည်းလမ်း နှစ်မျိုးရှိမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့...
- ၁။ အစာတွင်ထည့်ရောကျွေးခြင်း (ကြီးထွားနေဆဲကာလတွင်သာ)
- ၂။ ရေထဲသို့ရောထည့်ခြင်း (ကြီးထွားစ၊ ကြီးထွားဆဲကာလနှင့် ဥဖောက်ကန်များတွင်သာ) ဆိုပြီး ဖြစ်ပါတယ်။

သဘာဝမှာကော ဒီအာဟာရဓာတ်တွေ မရှိနိုင်ဘူးလား..
ဆိုတော့ ဒီလိုအာဟာရဓာတ်တွေက ရေထဲမှာ သဘာဝအတိုင်းကော ရှိမနေနိုင်ဘူးလားဆိုရင်တော့ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ သူတို့ရှိနေတဲ့ပုံစံက သတ္တဝါတွေအလွယ်တကူ စုပ်ယူစားသုံးလို့ မရတဲ့ ရယ်ဒီကယ်ဒြပ်မှုန်တွေ ရောနှောပါဝင်နေတဲ့ပုံစံနဲ့ ရှိနေတာမျိုးပါ။
Red Barn ထုတ်ကုန်တွေမှာကျတော့ ဒီဒြပ်မှုန်တွေကို ခွဲထုတ်ပေးထားလို့ ငါးပုစွန်တွေအနေနဲ့ သန့် စင်တဲ့ ကယ်လ်ဆီယမ်, ပိုတက်ဆီယမ်, မဂ္ဂနီဆီယမ်တွေကို အလွယ်တကူ စုပ်ယူစားသုံးနိုင်စေ သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်သဘာဝမှာ ဒီဓာတ်တွေက ပိုများနေရင်တောင် Red Barn ထုတ်ကုန်နည်းနည်းလေးသုံးစွဲပေးတာလောက်ကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။
Aqua Mix က ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ...
- အာဟာရပြည့်ဝတဲ့ ဓာတ်ဆားလိုအပ်ချက်အပေါ် တိုက်ရိုက်ကိုင်တွယ်စီမံသွားနိုင်ခြင်း
- စရိတ်သက်သာခြင်း (သာမန် ဓာတ်ဆားဖြည့်တင်းပေးရမှုထက် အဆ ၂၀-၁၅ ဆ လျော့နည်း သက်သာသွားနိုင်)
- ကြီးထွားနှုန်းတိုးတက်လာခြင်း
- အသားတိုးနှုန်း(အစာမှအသားဖြစ်မှုနှုန်း) မြင့်တက်လာခြင်း
- ရှင်သန်နှုန်းမြင့်မားစေနိုင်ခြင်း
- ကိုယ်ခံအားနှင့် ရောဂါခံနိုင်ရည် မြင့်တက်လာခြင်း
- အရွယ်အစားတပြေးညီဖြစ်အောင် ထိန်းညှိပေးနိုင်ခြင်း
- ရေ၏အယ်ကာလိုင်းဓာတ်ကို မြှင့်တင်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရသွားစေမှာဖြစ်ပါတယ်။
Red Barn Group အကြောင်း
Red Barn Group သည် စီးပွားရေးတွက်ချေကိုက်အထွက်တိုးရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကထားသည့် ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များ ဆန်းသစ်တီထွင် ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
Red Barn Group ၏ ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် တီထွင်စမ်းသပ် ဖန်တီးပြီး ထုတ်လုပ်မှုကိုတော့ ထိုင်းနိုင်ငံတွင်လုပ်ပြီးနောက် အာရှနိုင်ငံများသို့ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ပါသည်။
ထုတ်ကုန်များအားလုံးအတွက် အရည်အသွေးကောင်း ကုန်ကြမ်းများကိုသာ အသုံးပြုကာ အမေရိကန် နိုင်ငံ၏ အရည်အသွေးအမြင့်မားဆုံး စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြင့် နည်းပညာများဖြင့် ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
Red Barn Group ၏ အဆင့်မြင့်စံချိန်မီထုတ်ကုန်များ
Aqua Calcium : ၃၅% ကယ်လ်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ
Aqua MIX : (၂၁% ကယ်လ်ဆီယမ်၊ ၁၀% မဂ္ဂနီဆီယမ်၊ ၇% ပိုတက်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Anonymous
3 years ago၀က်မွေးမြူရေး
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဗွေဆော်ဦး (Bwe Saw Oo)
See all