ငါးကြင်းငါးမျိုးများ အရွယ်အစားအလိုက် အစာကျွေးနည်းနှင့် ငါးအစာစပ်နည်း (၁)
အိန္ဒိယနိုင်ငံတွင် မွေးမြူရေးကန်အတွင်း ငါးမြစ်ချင်း၊ ငါးကြင်းမျိုးများကို ရောနှော၍(Polyculture) မွေးမြူခြင်း ဖြစ်ထွန်းလာခြင်းသည် ရေချိုငါးမွေးမြူရေးလုပ်ငန်းအတွက် အံ့သြလောက်အောင် အောင်မြင်မှု ရရှိစေခဲ့ပါသည်။
အဆိုပါ မွေးမြူခြင်းစနစ်တွင် ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ငါးကြင်း စသည့် တိုင်းရင်းငါးမျိုးများနှင့် ပြင်ပငါးမျိုးများဖြစ်သော ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်းနှင့် ရွှေဝါငါးကြင်းတို့ကိုပါ ယှဉ်တွဲနေထိုင်နိုင်သည့် ငါးမျိုး(၆)မျိုးထိ ရောနှောမွေးမြူခြင်းပင် ဖြစ်ပါသည်။
လွန်ခဲ့သော(၁၀)စုနှစ်မှစ၍ တစ်ဟက်တာလျှင် တစ်နှစ်မွေးမြူပါက ၆၀၀ ကီလိုမှ ၁၅၀၀ ကီလိုထွက်ရှိသော ဖိရိုးဖလာ(Extensive) မွေးမြူနည်းစနစ်မှ တစ်နှစ်လျှင် တစ်ဟတ်တာကန်မှ ၄ မက်ထရစ်တန်မှ ၆ မက်ထရစ်တန်အထိ ထွက်ရှိသော ကြီးကြပ်မွေးမြူနည်းစနစ် (Semi-Intensive)ဆီသို့ ပြောင်းလဲခဲ့ကြပြီ ဖြစ်ပါသည်။
ထို့နောက် အဆင့်မြင့်မွေးမြူနည်းစနစ်ဖြစ်သည့် Intensive ထုတ်လုပ်မှု တစ်နှစ်လျှင် တစ်ဟတ်တာကန်မှ (၁၀) မက်ထရစ်တန်မှ ၁၅ မက်ထရစ်တန်အထိ ထွက်ရှိရန် ဦးတည်နေပြီ ဖြစ်ပါသည်။
ထိုကဲ့သို့ စွမ်းဆောင်နိုင်မှုအား ငါးသားပေါက်ထည့်သွင်း မွေးမြူနှုန်းထားကို တစ်ဟတ်တာလျှင် ကောင်ရေ ၅၀၀၀ မွေးမြူနေရာမှ ၂၅ဝဝဝ ကောင်ရေအထိ တိုးမြှင့်ခြင်းဖြင့် ရရှိနိုင်ခဲ့ပါသည်။
ငါးမွေးမြူနှုန်းထားသည် ကန်မှ ထိန်းထားနိုင်သည့် အရေအတွက်ထက် များလာသဖြင့် ငါးများအား အာဟာရပြည့်ဝစွာ ဖော်စပ်ထားသော ပြင်ပအစာများကို မလွဲမသွေ ကျွေးမွေးရတော့မည် ဖြစ်ပါသည်။
ထို့ကြောင့် ငါးစာသည် အရေးပါဆုံးသော သွင်းအားစုဖြစ်ပြီး ပမာဏများပြားစွာ လိုအပ်လျှက်ရှိပါသည်။ ငါးမွေးမြူနည်းစနစ်အပေါ်မူတည်၍ အစာဖိုးကုန်ကျမှုသည် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ ရှိနိုင်ပါသည်။
မည်သည့်အောင်မြင်နေသော ငါးမွေးမြူရေးလုပ်ငန်းတွင်မဆို ရောစပ်ငါးစာတွင် ပါဝင်သည့်ပစ္စည်းများ၏ အရည် အသွေးကောင်းမှုအပြင် ထိရောက်သော အစာကျွေးနည်းစနစ်နှင့် အစာကျွေးကိရိယာများအသုံးပြုခြင်းသည်လည်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ ရေရှည်ထုတ်လုပ်နိုင်မှုအတွက် များစွာအရေးပါလျက် ရှိပါသည်။

ကန်အတွင်းသို့ မျိုးစုံသောအာဟာရများ၊ သင့်လျော်သော ပရိုတင်း၊ စွမ်းအင်အချိုးနှင့် ဗိုက်တာမင်မျိုးစုံတို့အား သင့်လျော်သောအချိုးအဆအဖြစ် ပေါင်းစပ်၍ကျွေးခြင်းဖြင့် ငါးမွေးမြူရေးကန်များမှ ငါးတန်ချိန်များစွာ ပိုထွက်လာနိုင်ကြောင်း တွေ့ရှိလာကြပါသည်။
ကန်တွင်ပြုလုပ်သောအစာ (Farm Made Feed)မှသည် ပြည့်စုံသောအစာသို့...
ယနေ့ခေတ်တွင် ငါးများကို ဖွဲနုနှင့် ပဲဖတ်(မြေပဲဖတ် : ကြက်ဆူစေ့ဖတ်၊ ၁:၁) အရောကို မခြောက်တခြောက်မှ အစိုအဖြစ် သာမန်ကျွေးမွေးခြင်းမှသည် အာဟာရဓာတ်ပြည့်ဝသော စက်ရုံထုတ် ပေါင်းစပ်အစာများ(ဖွဲနု၊ ပဲဖတ်၊ကြက်ဆူဖတ်၊ ပဲပိစပ်၊ ငါးခြောက်အနည်းငယ် ၅-၁၀ ရာခိုင်နှုန်း)နှင့် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သည့်အစာမျိုးအထိ အစာအမျိုးမျိုးအား ကျွေးလျက်ရှိကြပါသည်။
ဒေသအလိုက်အစာရရှိမှုနှင့် စျေးနှုန်းသက်သာမှုအပေါ် မူတည်၍ အခြားသောအစာများဖြစ်သည့် ပြောင်း၊ ဂျုံ၊ ဖွဲ၊ ပိုးမွေးမြူရေး ဘေးထွက်ပစ္စည်းများကိုလည်း ငါးစာအဖြစ်သုံးစွဲလျက်ရှိပါသည်။ ငါးစာအမျိုးအစား ကွဲပြားသကဲ့သို့ ငါးစာကျွေးပုံကျွေးနည်း အလေ့အထမှာလည်း ကွဲပြားခြားနားမှုရှိပါသည်။
ပထမဦးဆုံး ငါးမှုံ ၇-၈ မီလီမီတာအရွယ် ၁ ဒသမ ၄ မီလီဂရမ်များကို ပုံမှန်အားဖြင့် ဖွဲနုအမှုန့်နှင့် ပဲဖတ်အမှုန့် ၁:၁ ရောနှော၍ ကျွေးကြပါသည်။ ထိုသို့ ကျွေးခြင်းဖြင့် ၁၅ ရက်ကြာလျှင် ငါးမှုံများသည် ၁၅-၂၅ မီလီမီတာ အရွယ် ၃၀၀ မီလီဂရမ်သို့ ရောက်ရှိပါသည်။
အစာကျွေးရာတွင် ကန်ပတ်ပတ်လည်တစ်လျောက် ကြဲပက်၍ ကျွေးပါသည်။ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း အမြင့်ဆုံးရစေရန် ငါးကြီးဆီနှင့် အပင်ထွက်ဆီများကို ဖြည့်စွက်၍ ကျွေးနိုင်ပါသည်။
ငါးသန်ပြုစုခြင်း
ငါးသန်ပြုစုရာတွင် ငါးသန် ၈၀-၁၀၀ မီလီမီတာ ၅-၁၀ ဂရမ်အရွယ် ရောက်ရှိရန် ၂-၃ လ မွေးမြူရပြီး ငါးမှုန်ပြုစုရာတွင်ကျွေးသော အစာမျိုးနှင့် လုံးဝဆင်တူပါသည်။ မွေးမြူကာလ ပထမလ ငါးအစာကျွေးရာတွင် အစာမှုန့်ကို ကန်တွင်းသို့ အနှံ့ကြဲပက်၍ ကျွေးကြပြီး ဒုတိယနှင့် တတိယလတွင်မူ အစာ ၅၀ ရာခိုင်နှုန်းကို အနှံ့ကြဲပက်၍ လည်းကောင်း၊ ကျန်အစာ ၅၀ ရာခိုင်နှုန်းကို ရေနှင့် အလုံးပြုလုပ်၍ ရေတွင်အသင့်ချထားသော ဝါးခြင်း (သို့မဟုတ်) ဝါးဗန်းအတွင်းသို့ထည့်၍လည်းကောင်း ကျွေးမွေးကြပါသည်။
ရေလွှာအလိုက်ကျက်စားသော ငါးအမျိုးမျိုးတို့အတွက် အစာကို အလွယ်တကူရရှိနိုင်ရန် ငါးစာခြင်း/ဗန်းများကို ရေထဲတွင် ရေပေါ်၊ ရေလယ်၊ ရေအောက်စသည်ဖြင့် အလွှာ ၃ လွှာတွင် တပ်ဆင်ထားပါသည်။
ဥပမာအားဖြင့် ငါးသိုင်းခေါင်းပွနှင့် ငွေရောင်ငါးကြင်းသည် ရေပေါ်ရေလွှာတွင်လည်းကောင်း၊ ငါးမြစ်ချင်းနှင့် မြက်စားငါးကြင်းသည် ရေအလယ်လွှာတွင်လည်းကောင်း၊ ငါးကြင်းဖြူနှင့် ရွှေဝါငါးကြင်းတို့သည် ရေအောက်ရေလွှာတွင်လည်းကောင်း ကျက်စားကြပါသည်။
ကုန်ထုတ်ကန်များနှင့် မျိုးငါးကန်များတွင်လည်း ထိုနည်းတူ ရေလွှာ ၃ လွှာ အစာကျွေးနည်းစနစ်ဖြင့် ဝါးခြင်း/ဝါးဗန်းအတွင်း အစာလုံး(သို့)အစာတောင့်များထည့်၍ ကျွေးကြပါသည်။ အစာခြင်းများကို နေရာအနှံ့တွင်ထားပြီး အစာအကြွင်းအကျန် ရှိ/မရှိ နေ့စဉ် ညနေပိုင်းတွင် စစ်ဆေးကြပါသည်။ အစာအလေအလွင့် မရှိစေရန်နှင့် ရေညစ်ညမ်းမှု မရှိစေရန် နောက်တစ်နေ့တွင် အစာကျွေးနှုန်း အတိုးအလျော့ ပြုလုပ်ပေးရပါသည်။
အချို့သော အသားတိုးငါးကန်ကြီးများတွင် ငါးစာတောင့်(သို့) အစာရောများကို မြွေရေခွံအိတ်တွင်ထည့်၍ တိုင်များတွင် ချိတ်ဆွဲကာ ငါးအစာကျွေးလေ့ရှိပါသည်။ ထိုအစာအိတ်များကို နေ့စဉ်ဖြုတ်၍ ရေဆေးခြင်း၊ အခြောက်လှန်းခြင်းများ ပြုလုပ်ရပါသည်။ မြက်စားငါးကြင်းများအတွက် ဘဲစာမှော်၊ ရေမှော်၊ မြက်များကို ကန်အတွင်း နေရာအနှံ့မပြန့်စေရန် ဝါးဖြင့်ဘောင်ခတ်၍ ထည့်သွင်းကျွေးမွေးရပါသည်။ ငါးမြစ်ချင်း၊ ငါးကြင်းမွေးမြူရာတွင် Demand Feeder များ အသုံးပြုမှု နည်းပါးလျက်ရှိပါသည်။
ငါးအစာကျွေးနည်း
ငါးအစာကျွေးရာတွင် အများအားဖြင့် 3F ကို လိုက်နာဆောင်ရွက်ရပါမည်။ 3F ဆိုသည်မှာ...
- ပုံမှန်နေရာတွင်ကျွေးခြင်း(Fixed place) ၊
- အချိန်မှန်ကျွေးခြင်း(Fixed Time) နှင့်
- အစာအရည်အသွေး တူညီခြင်း(Fixed Quality) တို့ဖြစ်ပါသည်။
3F စနစ်အသုံးပြုခြင်းဖြင့် ငါးများသည် အစာကိုစားသုံးနိုင်ရန် အချိန်တိုအတွင်း သိရှိလာကြပြီး ငါးများအစာလိုက်လံရှာဖွေမှုကြောင့် ငါးများစွမ်းအင်ကုန်ခမ်းမှုကို လျော့နည်းစေပါသည်။
အစာခြင်း/ဗန်းများကို တပ်ဆင်ရာတွင် ကန်အောက်ခြေညီညာမှုနှင့် ရွှံ့နွံများ မထူထပ်သောနေရာတွင် တပ်ဆင်ရပါမည်။ အကြောင်းမှာ အစာကျွေးစဉ် ဖိတ်စင်သောအစာများရှိပါက ငါးများအလွယ်တကူ အစာကို တွေ့ရှိနိုင်ရန်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် အစာအား နံနက်ခင်းတွင်တစ်ကြိမ်နှင့် အောက်ဆီဂျင်ပြည့်ဝသည့် ညနေပိုင်းတွင်တစ်ကြိမ် ကျွေးရပါသည်။ အချို့ဒေသတွင် တစ်နေ့လျှင် ၂ ကြိမ်မှ ၆ ကြိမ်အထိ ကျွေးလေ့ရှိ၍ ဒေသဓလေ့ဖြစ်သော ကန်ရေမျက်နှာ ပြင်ပေါ်တွင် ဝါးကပ်ဖြင့် အထပ် ၃ ထပ်ရှိသော ဝါးစင်တစ်ခုကို တည်ဆောက်၍ ကန်အတွင်းမှရေကို ရေစုပ်စက်ဖြင့် အပေါ်သို့ စုပ်တင်ကာ ဝါးစင်ပေါ်မှ ဖြန်းပေးခြင်းဖြင့် ကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင်(Dissolved Oxygen)လေပိုမိုရ၍ အစာမှ အသားပြောင်းလဲနှုန်းအား မြင့်မားစေပါသည်။
အများအားဖြင့် မို့အုံ့ပြီး တိမ်ထူသော နေ့များတွင် အစာကျွေးခြင်းကို ရပ်တန့်ရပါ သည်။
(ကျန်ရှိသောအကြောင်းအရာများကို အပိုင်း-၂ တွင် ဆက်လက်ဖော် ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
stores
2 years agoတီလားပီးယားငါးမွှေးမြယနည်း
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....