Green Way
ငါး၊ ပုစွန် အစာ ဘိုင်အိုဖလော့(Biofloc) မွေးမြူနည်းပညာ

ငါး၊ ပုစွန် အစာ ဘိုင်အိုဖလော့(Biofloc) မွေးမြူနည်းပညာ

မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ လက်ရှိကာလတွင် မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာ လုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းအစာများသည် မည်မျှအသုံးချနိုင်မှုရှိသည်(Digestibility) (သို့မဟုတ်) မည်မျှအကျိုးသက်ရောက်မှုရှိသည်(Net Energy)တို့ကို သိရှိရန် လိုအပ်လာပေသည်။

အာဟာရဓာတ်ပြည့်ဝစွာပါသော စပ်စာ(Ration) များ ဖော်ထုတ်အသုံးပြုနိုင်မှုသည်လည်း မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၏အရေးပါသောအချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များကို အစာအမယ်တစ်မျိုးတည်း အမြဲတမ်းကျွေး၍ မွေးမြူမည်ဆိုပါက အာဟာရဓာတ်ချို့တဲ့မှုနှင့်စပ်လျဉ်းသည့်ရောဂါများ မလွဲမသွေဖြစ်ပေါ်လာနိုင်၍ဖြစ်သည်။ ထို့ကြောင့် အာဟာရဓာတ်များ ညီညွတ်မျှတစွာပါဝင်သောစပ်စာ(Balanced Ration)တစ်ခုကို ဖော်ထုတ်အသုံးပြုရန် လိုအပ်ပေသည်။ 

ဘိုင်အိုဖလော့ဆိုတာဘာလဲ...

ဘိုင်အိုဖလော့၏အဓိပ္ပာယ်ကို ဦးစွာဖော်ပြရမည်ဆိုလျှင်  သတ္တမျောလှေးများ၊ ရေညှိရေမှော်၊ ကျော ရိုးမဲ့သတ္တဝါများ၏ရုပ်ကြွင်းများ ပွတ်တိုက်၍ပွန်းပဲ့ရာမှ ပေါ်ထွက်လာသော အပိုင်းအစများ၊ အနည် ကျရာမှဖြစ်ပေါ်လာသည့် အမှုန်အမွှားများနှင့် အဏုဇီဝသက်ရှိများ ပေါင်းစပ်ဖွဲ့စည်းထားသော polymeric substances များဖြစ်ကာ Floc(Flocculent) ဆိုသည်မှ ဆင်းသက်လာပါသည်။  ငါး၊ ပုစွန်များအတွက် အထူးသဖြင့် ငါးမှုန်အဆင့်တွင် အလွန်အသုံးဝင်သော အစာဖြစ်သည်ဟု သုတေသနပြုစမ်းသပ်ချက်များမှ ဖော်ပြလျက်ရှိသည်။

Biofloc ကို မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်ကတည်းက ဒေါက်တာဉာဏ်တောက ပုစွန်ဖြူမွေးမြူရေး(Litopenaeus vannamei) ကန်များတွင် အစာအဖြစ်စတင်အသုံးပြုခဲ့သော်လည်း မွေးမြူရေးလုပ်ငန်းများတွင်တော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခဲ့ခြင်း မရှိသေးပါ

၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် French Research Institute of Exploitation of the Sea,Oceanic Center of Pacific (FREMER-COP)တွင် ပုစွန်မျိုးစိတ်အမျိုးမျိုး၏ အစာအဖြစ် ပထမဆုံးတီထွင်စမ်းသပ်ခဲ့ကြသလို ၁၉၈၈ ခုနှစ်တွင်လည်း ဗဟိုအမေရိက၌ ငါးသားပေါက်ထုတ်လုပ်ကန်တွင် Biofloc ကို စီးပွားဖြစ်အသုံးပြုခဲ့သည်။

ရေရှည်တည်တံ့ခိုင်မြဲစေသည့် အကြောင်းရင်း

Biofloc မွေးမြူခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသလို ရေအရည်အသွေးကိုလည်း ထိန်းသိမ်းပေး၍ ရေလဲလှယ်ရန်လိုအပ်မှုကို လျှော့ချနိုင်သည်။ စားသုံးနိုင်သောအဏုဇီဝပရိုတင်းများကို ထုတ်လုပ်ခြင်းဖြစ်၍ မွေးမြူရေးငါး၊ ပုစွန်များ၏အစာမှအသားပြောင်းလဲခြင်းအချိုးကိုလည်း လျှော့ချနိုင်သည့်အပြင် စီးပွားဖြစ် အစာဝယ်ယူသည့်ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ 

ယခုအချိန်တွင် အဆိုပါနည်းပညာကို အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဘရာဇီး၊အစ္စရေး၊ အီတလီနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အောင်မြင်စွာအကောင်အထည်ဖော်ချဲ့ထွင်လုပ် ကိုင်နေပြီဖြစ်ပါသည်။

Biofloc ကို ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်မည်ဆိုပါက ငါး၊ ပုစွန်များတွင် အစာမှ အသားတိုးနှုန်းအချိုး(Food Conversion Ratio-FCR)လျှော့ချနိုင်ခြင်း၊ ပြင်ပရောဂါများ ဝင်ရောက်မှုမှ တားဆီးကာကွယ်နိုင်ခြင်းနှင့် အထွက်နှုန်းတိုးတက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်သည်။ထို့ပြင် အစာဖိုးကုန်ကျစရိတ်သက်သာစေသလို ပရိုတင်းဓာတ်အပြည့်အဝရရှိခြင်းဆိုသည့် အကျိုးလည်းရနိုင်ပါသည်။

မွေးမြူရေးလုပ်ငန်းများအတွက် စုစုပေါင်းကုန်ကျစရိတ်၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းသည် အစာကုန်ကျစရိတ်ဖြစ်သောကြောင့် ကုန်ကျစရိတ်နည်းပါးပြီး သဘာဝအရင်းအမြစ်ကို ထိခိုက်စေခြင်း မရှိသော၊ ရေရှည်တည်တံ့သောနည်းလမ်းဖြစ်သည့် Biofloc မွေးမြူထုတ်လုပ်သည့်နည်းပညာက ငါး၊ ပုစွန်ထုတ်လုပ်မှု တိုးမြှင့်ရာတွင် များစွာအထောက်အကူပေးနိုင်မည် ဖြစ်ပါသည်။ 

Biofloc နည်းပညာ

ဇီဝသက်ရှိများ ပွားများကြီးထွားလာမှု၊ ရေလဲလှယ်မှုအနည်းဆုံးလိုအပ်မှု၊ ပျော်ဝင်အောက်ဆီဂျင်ကောင်းမွန်မှုနှင့် ကာဗွန်နိုက်ထရိုဂျင်ထည့်သွင်းသည့်အချိုးအစား(C:N) တို့သည် Biofloc မွေးမြူမှုရေရှည်ထိန်းသိမ်းရန်အတွက် အထူးလိုအပ်လှပေသည်။

ကာဗွန်ဟုဆိုရာတွင် တင်လဲရည်၊ သကြား၊ ဂလူးကို့စ်၊ ပီလောပီနံ၊ ကစီဓာတ်များကို ဆိုလိုပြီး ထည့်သွင်းရမည့်အချိုးအစားသည် ကာဗွန် ၁၀ ဆနှင့် နိုက်ထရိုဂျင်တစ်ဆ (C10:N1)ရှိရန် လိုအပ်ပါသည်။ ၄င်းအခြေအနေတွင် ရေမှ အမိုးနီးယားပြိုကွဲစေကာ ဇီဝရုပ်ကြွင်းအမှုန်အမွှားများ၊ အဏုဇီဝများ၊ ရေညှိများ၊ပရိုတိုဇွာများ စုစည်းလာရာမှ အဏုဇီဝများသည် Microbial protein အဖြစ်ပြောင်းလဲသွားပြီး ငါး၊ ပုစွန် သားလောင်းများမှ အလွယ်တကူစားသုံးနိုင်ကြခြင်းဖြစ်ပါသည်။ 

Biofloc အား ရေချိုတွင် မွေးမြူနိုင်သကဲ့သို့ ရေငန်တွင်လည်း မွေးမြူနိုင်ပါသည်။ အာဟာရပါဝင်နှုန်းများအနေဖြင့် အသားဓာတ် ၃၄ ရာခိုင်နှုန်း၊ အဆီဓာတ် ၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၇ ရာခိုင်နှုန်း၊ အစိုဓာတ် ၁၂ ရာခိုင်နှုန်းနှင့် ပြာဓာတ် ၁၃-၂၀ ရာခိုင်နှုန်း အသီးသီးပါဝင်ပါသည်။

Biofloc အစာအဖြစ် အမြောက်အမြားထုတ်လုပ်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်းနှင့် သိုလှောင်သည့်လုပ်ငန်းစဉ်များပြုလုပ်လျှင်တော့ အစာအာဟာရများ ပါဝင်နှုန်းလျော့နည်းမသွားစေရန် လိုပါသည်။

အကျိုးကျေးဇူးနှင့် ဆိုးကျိုးများ

Biofloc နည်းစနစ်ဖြင့် မွေးမြူခြင်းတွင် အကျိုးသက်ရောက်မှုများရှိသကဲ့သို့ ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

အကျိုးကျေးဇူးများကတော့...

  • သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မွေးမြူမှုစနစ်ဖြစ်ပေါ်စေခြင်း၊
  • ရေလဲလှယ်နှုန်း လျှော့ချနိုင်ခြင်း၊
  • ထုတ်လုပ်မှုမြင့်မားခြင်း၊
  • ဇီဝလုံခြုံမှုမြင့်မားခြင်း၊
  • ရေညစ်ညမ်းမှုလျှော့ချခြင်းနှင့် ကုန်ကျစရိတ်သက်သာစေခြင်းတို့ဖြစ်ပါသည်။

ဆိုးကျိုးများကတော့...

  • စွမ်းအင်အလုံအလောက်လိုအပ်ပြီး လျှပ်စစ်မီးပြတ်တောက်ပါက အသုံးမဝင်သော အမှုန်များ(Dead particle)အဖြစ်ပြောင်းသွားကာ အမိုးနီးယား တက်စေနိုင်ခြင်း၊
  • ရေချဉ်ဖန်နှုန်းကောင်းမွန်ရန်အတွက်  ထုံးဓာတ်ဖြည့်စွက်ပေးရန် လိုအပ်ခြင်း၊
  • ရာသီဥတုအပြောင်းအလဲများကြောင့် နေရောင်ခြည်ကောင်းစွာ မရရှိလျှင် ပွားများနှုန်းကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်၍ မွေးမြူစဉ်ကာလအတွင်း ပြောင်းလဲလာသည့် ရေအရည်အသွေးကို တိုင်းတာစစ်ဆေးခြင်းနှင့် စောင့်ကြည့်မှုများပြုလုပ်ရန် လိုအပ်ခြင်းတို့ ဖြစ်ပါသည်။

Biofloc နည်းစနစ်သည် ဂေဟစနစ်နှင့် သဟဇာတဖြစ်စေပြီး မွေးမြူရေးလုပ်ငန်းများအတွင် အစာအဖြစ်အသုံးပြုနိုင်သည့် နည်းပညာတစ်ခုဖြစ်ပါသည်။ 

မွေးမြူရေးလုပ်ငန်းများတွင် ကျွေးမွေးသောအစာများသည် ဖော်စပ်စာများအဖြစ် ဖော်စပ်ပြုလုပ်ထားသကဲ့သို့ Biofloc အစာဖြင့်လည်း အစားထိုးနိုင်ပေသည်။ Biofloc တွင်ပါဝင်သော ဗက်တီးရီးယားအစုအဖွဲ့များဆိုသည်မှာ ငါးများ၏ စွန့်ထုတ်ထားသော အညစ်အကြေးများ၊ စွန့်ပစ်ရေများမှ နိုက်ထရိုဂျင်ပျော်ဝင်မှုကို အသုံးချ၍ အဏုဇီဝပရိုတင်းအဖြစ်သို့ပြောင်းလဲသွားသည့် အကျိုးပြုဗက်တီ းရီးယားများ ဖြစ်ပါသည်။ 

အထက်ဖော်ပြပါအကြောင်းများအရ Biofloc နည်းစနစ်သည် ရေနေသတ္တဝါများရှင်သန်ရပ်တည်ရေးနှင့် ရေနေသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားသုံးသူပြည်သူလူထု၏ အာဟာရဖူလုံရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပံ့ပိုးပေးနိုင်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

Ref;(1)Avnimelech,Y.(2009).Biofloc Technology ,Second Edition.World Aquaculture Society,Baton Rouge,  LA.

      (2)Suneetha,k.,kavitha,k.and Darwin,C.H.(2018), Biofloc Technology:An emerging tool for sustainable aquaculture.International Journal of Zoology Studies,3(1):87-90.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
htay

htay

3 years ago

hi

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....