ဝက်ဝမ်းကျရောဂါ ကြိုတင်ကာကွယ်ပါ
ဝက်ဝမ်းကျရောဂါသည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဝက်မွေးမြူသူအားလုံး နှစ်စဉ်နှစ်တိုင်းလိုလို အများဆုံး ရင်ဆိုင်နေရသော ရောဂါတစ်ခုဖြစ်သည်။ ၎င်းရောဂါသည် တော်တာဆူးပတ်စ် (ခေါ်) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ ၎င်းဗိုင်းရပ်စ်ပိုးသည် နေရောင်ခြည်၊ အပူပေးခြင်းနှင့် ပိုးသတ်ဆေးရည်များ၏ ဒဏ်ကို မခံနိုင်သော်လည်း အလွန်အေးသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်၏။ ဝက်များ အသက်ကြီးငယ်မရွေး ရောဂါဖြစ်ပွားနိုင်သည်။ ယင်းရောဂါသည် ကူးစက်ပြန့်ပွားလွယ်သည်။ ရောဂါစဖြစ်ချိန်တွင် သေဆုံးမှုနှုန်းများပြားပြီးနောက်ပိုင်းမှ တဖြည်းဖြည်း သေဆုံးနှုန်း လျော့နည်းသွားသည်။
ရောဂါဖြစ်ပွားသော ဗိုင်းရပ်စ်ပိုးသည် ရောဂါဖြစ်ပွားနေသော ဝက်၏သွေး၊ ကိုယ်တွင်းအင်္ဂါများ၊ မျက်စိနှင့်နှာရည်များအတွင်း၌ တည်ရှိသည်။ ရောဂါဖြစ်ပွားမှုတစ်လျှောက်လုံးတွင် ဝက်၏ကိုယ်ခန္ဓာမှ ထွက်သော မျက်ရည်၊ နှာရည်၊ တံတွေး၊ မစင်၊ ကျင်ငယ်တို့တွငသ် ဝက်ဝမ်းကျရောဂါဗိုင်းရပ်စ်ပိုးများ ပါဝင်သည်။ သို့ဖြစ်၍ ကူးစက်ပြန့်ပွားမှု လျင်မြန်ခြင်းဖြစ်သည်။
ရောဂါကင်းရှင်းသောဝက်ခြံများသို့ ရောဂါကူးစက်လာရခြင်း အကြောင်းများမှာ အသစ်ဝယ်ယူလာသော ဝက်များတွင် ဝက်ဝမ်းကျရောဂါပါရှိလာခြင်း၊ ရောဂါဖြစ်ပွားသော ဝက်အသားကို မွေးမြူသူတို့ ဟင်းလျာအဖြစ် စားသုံးရန် ယူဆောင်လာခြင်း၊ ကျေးဌက်တို့ ကိုက်ချီယူဆောင်လာ၍ ခြံအတွင်းရောက်ရှိခြင်း၊ ရောဂါဖြစ်ပွားသော နေရာမှ ယင်ကောင်များဝင်လာခြင်းတို့ ကြောင့် ဝက်ဝမ်းကျရောဂါသည် ဝက်ခြံတစ်ခြံမှ တစ်ခြံသို့ တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ကူးစက်တတ်ပေသည်။
ဝက်များ၏ ခန္ဓာကိုယ်အတွင်းသို့ရောဂါပိုးဝင်ရောက်ပုံမှာ အဓိက အစာခြေလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးများ ရောပြွန်းနေသော လေကို ရှုရိုက်မိပါကလည်း ကူးစက်ပြန့်ပွားနိုင်သည်။ ရောဂါငုပ်ချိန်မှာ နှစ်ရက်မှ ခြောက်ရက်တစ်လအထိ ကြာတတ်သည်ကို တွေ့ရသည်။ ဝမ်းကျရောဂါကို သဏ္ဍာန် လက္ခဏာများအရ ရုတ်တရုက် အပြင်ဖျားခြင်းနှင့် နာတာရှည်ရောဂါဖြစ်ခြင်းဟူ၍ နှစ်မျိုးခွဲထားသည်။
ရောဂါလက္ခဏာ
အချို့သောဝက်များသည် မည်သည့်သဏ္ဍာန်ကိုမျှမပြဘဲ ရုတ်တရက်သေဆုံးခြင်းဖြစ်တတ်သည်။ ရောဂါဖြစ်သောဝက်များသည် အစာမစားဘဲမှိုင်နေတတ်သည်။ ရောဂါစတင်ဖြစ်ပေါ်ပြီး လေးရက်မှ ခြောက်ရက်အကြာတွင် ကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက်မှ ၁၀၈ ဒီဂရီဖာရင်ဟိုက် အထိ မြင့်မားသည်။ ရောဂါစဖြစ်သောအခါတွင် ဝမ်းချုပ်သော်လည်း ရက်အနည်းငယ်အတွင်း အဝါရောင်ဝမ်းသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဝမ်းပုပ်၊ ဝမ်းပျော့များဖြစ်လာပြီး မစင်အတွင်း၌ သွေးစသွေးနကလေးများကို တွေ့ရသည်။ ဝက်များသည် ဂနာမငြိမ်ဖြစ်လာသည်။ လမ်းလျောက်ပုံ ပုံမမှန်တော့ဘဲ ဒယိမ်းဒယိုင်ဖြစ်လာသည်။ နားရွက်နောက်နှင့် ထိပ်ဖျားတွင် ခရမ်းရောင်သမ်းလာသည်ကို တွေ့ရသည်။ ခရမ်းရောင်သမ်းလာမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပခုံးပိုင်း၊ ဝမ်းဗိုက်ပိုင်းနှင့် ခြေလက်အတွင်းသို့ ပျံ့နှံ့သွားသည်။ နားရွက်ထိပ်ဖျားပိုင်း၊ အမြီး၊ အမတန်ဆာ၏ နှုတ်ခမ်းသား၊ ဝမ်းဗိုက်၊ ခြေထောက်နှင့် လက်အောက်ပိုင်းများတွင် အသားမျှင်ဆဲလ်ကလာပ်စည်းများ ပျက်စီးမှုကြောင့် ပေါ်ပေါက်လာသော အကွက်ကလေးများကို တွေ့ရသည်။ ကိုယ်အပူချိန်သည် မြင့်မားနေရာမှ သာမန်ကိုယ်အပူချိန်အောက်အထိ ကျဆင်းလာပါက သေဆုံးခါနီးဖြစ်ပါသည်။
ဇီးရှိဝက်မများ ဝက်ဝမ်းကျ ရောဂါဖြစ်ပွားပါက ဝမ်းတွင်းသားငယ်များသေဆုံးခြင်း၊ ဝက်ကလေးအသေမွှေးခြင်း၊ မွေးလာသောဝက်ကလေးများ ပုံစံမမှန်ခြင်း၊ ဝက်ငယ်ကလေးများ အလွန်အားနည်း၍ မွေးဖွားပြီး မကြာခင် သေဆုံးခြင်းနှင့် သားပေါက်ကောင်ရေ နည်းပါးခြင်းများကို တွေ့မြင်တတ်သည်။
ဝက်ဝမ်းကျရောဂါနာတာရှည်ရောဂါဖြစ်ပွားပါက တစ်ကိုယ်လုံးပိန်ချုံး၍ အင်အားချည့်နဲ့လာသည်။ ဒယိမ်းဒယိုင်သွားလာ၍ လှုပ်ရှားမှု အလွန်နည်းသည်ကို တွေ့ရသည်။
သေဆုံးပြီး ခွဲစိတ်တွေ့ရှိချက်
ရုတ်တရက်အပြင်ဖျား၍ သေဆုံးသော ဝက်များကို စစ်ဆေးကြည့်ပါက ဝက်၏ အရေပြားတွင် အနီရောင်အကွက်များကို တွေ့ရှိရသည်။ နှလုံးနှင့် အရေပြားအောက်အဆီပြင်တွင်လည်းကောင်း၊ လေပြွန်ဝ၊ ကျောက်ကပ်၊ ဆီးအိတ်နှင့်အူသိမ်များတွင်လည်းကောင်း၊ သေးငယ်သော သွေးပြောက်ကွက်များကို တွေ့ရှိရပေသည်။ ရက်အနည်းငယ် ရောဂါခံစားရပြီးမှ သေဆုံးသော ဝက်များ၏ အူသိမ်တစ်လျှောက်တွင် ဝိုင်းစက်သော အနာကွက်များကို တွေ့ရှိရသည်။
အဆုဆ်တွင်လည်း သွေးကွက်များ ဖြစ်ပေါ်လျက် အဆုတ်ရောင်နေသည်ကို တွေ့ရတတ်သည်။ ခန္ဓာကိုယ်ရှိ လင့်အကြိတ်များ ရောင်ရမ်းနီခြင်း၊ ဖောရောင်ခြင်းနှင့် သွေးယိုစီးမှုများ ရှိသည်ကို တွေ့မြင်ရမည်။
နာတာရည်ရောဂါဖြစ်ပွားပြီး သေဆုံးသွားသော ဝက်များကို ခွဲစိတ်စစ်ဆေးကြည့်ပါက အဓိက ထင်ရှားသော လက္ခဏာမှာ အူပိုင်းတွင်း ကြယ်သီးပုံအနာကွက်များကို တွေ့ရသည်။ အချို့အနာဖေးတို့သည် မိုးမောက်ကြွတတ်လာကြသည်။ အနာဖေးကွာကျပါက ချိုင့်ဝင်နေပေသည်။ ယင်းအနာများကို အူပိတ်အပိုင်းနှင့် အူမကြီးတစ်လျှောက်တွင် အများဆုံး တွေ့ရှိရပေသည်။
ကုသခြင်း
ဝက်ဝမ်းကျရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်ရသည့်အတွက် ကုသနိုင်သော ဆေးမပေါ်ပေါက်သေးပါ။ ဝက်ဝမ်းကျရောဂါခံနိုင်ရည်ရှိသည့် ပဋိဇီဝပစ္စည်းပါ သွေးခဲရည်ကြည်ဖြင့် ကုသပျောက်ကင်းနိုင်သည်။ ၎င်းသွေးခဲရည်ကြည်ကို ရောဂါပိုးစတင်ဝင်ရောက်ပြီး သုံးရက်မှ လေးရက်အတွင်း ထိုးနှံမှ အကျိုးရှိပေမည်။ လေးရက်ထက်ကျော်လွန်ပါက အကျိုးသက်ရောက်မှု မရှိတော့ပေ။
ကာကွယ်ခြင်း
ဝက်မွေးမြူရေးခြံတစ်ခြံတွင် ဝက်ဝမ်းကျ ရောဂါကျရောက်လာပါက ရောဂါဖြစ်ပွားနေသော ဝက်နှင့် အခြားဝက်များကို သီးသန့်ခွဲခြားထားရမည်။ သေဆုံးသော ဝက်များကို သီးသန့်ခွဲခြားထားရမည်။ သေဆုံးသော ဝက်များကို မီးရှို့ပစ်ခြင်း သို့မဟုတ် မြေကြီးအတွင်း တွင်းနက်နက်တူး၍ မြှုပ်နှံပစ်ခြင်းများကို ဆောင်ရွက်ရပါမည်။ ရောဂါဖြစ်ပွားနေသော ဝက်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်း မပြုလုပ်စေရန် တားမြစ်ရပါမည်။ ရောဂါဖြစ်ပွားသော ဝက်ခြံအတွင်းရှီ ဝက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ဝက်များအားလုံးကို ဝက်ဝမ်းကျကာကွယ်ဆေး ထိုးနှံပေးရမည်။ တစ်ချို့နိုင်ငံများတွင် ရောဂါဖြစ်ပွားသော ဝက်များကို သုတ်သင်ပစ်ပြီး, ကာကွယ်ဆေးလုံးဝမထိုးပေးသည်ကို တွေ့ရသည်။ ရောဂါဖြစ်ပွားနေသော ဝက်များနှင့် ထိတွေ့သည့် ပစ္စည်းမှန်သမျှနှင့် ဝက်ခြံများကို ပိုသတ်ဆေးရည်ဖြင့် ပက်ဖျန်း၍ ဝက်ခြံများကို ဆေးဖျန်းပြီး အနည်းဆုံး နှစ်ပတ်ခန့်ခြားပြီးမှ ဝက်အသစ်မျာကို ထည့်သွင်းရမည်။ ဝက်အသစ်များကို ဝက်ခြံအတွင်သို့ မထည့်သွင်းမီ တစ်ပတ်ခန့် သီးခြားခွဲထားပြီး ရောဂါရှိမရှိ လေ့လာအကဲခတ်သင့်သည်။
ထွန်းလှိုင်(မြိုင်) - (ဒို့ကျေးရွာဂျာနယ်)
Continue reading related topics, questions and articles.
Topic 1
ဝက်ဝမ်းကျရောဂါ
toetoe
3 years agoထိုးဆေးတွေပေါ်နေပီအင်တာထရင်းတို့အင်တာဖလောက်မာဗိုဗစ်ထရှိုင်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026