ဘာကြောင့်ကြက်တွေ ချေးစိမ်းပါကြတာလဲ
ကြက်လည်လိမ်ရောဂါဖြစ်ရင် ချေးစိမ်းပါတယ်ဆိုတာ ကြက်မွေးသူတွေ သိထားကြပါတယ်။ လည်လိမ်မဖြစ်ပေမယ့် ကြက်တွေ အစိမ်းရောင်ဝမ်းသွားကြတာကိုလည်း တွေ့ဖူးကြမှာပါ။ ကြက်ငှက်တုပ်ကွေးဖြစ်တဲ့ ကြက်တွေလည်း အစိမ်းရောင်ဝမ်းသွားတယ်ဆိုကြတဲ့အတွက် ကြက်ခြံထဲမှာ အစိမ်းရောင်ချေးပုံတွေ တွေ့လာရင် အထူးသဖြင့် မှိုင်ကုပ်အစာစားပျက်ပြီး အသေအပျောက်တွေ့လာရင် ကြက်ငှက်တုပ်ကွေး ဝင်နေသလားလို့ သံသယဖြစ်ကြ ထိတ်လန့်ကြတာ တွေ့နေရပါတယ်။
ကြက်ချေးမှာ အဖြူရောင်အပိုင်းဟာ အစာချေပြီး ထွက်လာတဲ့ ပစ္စည်းမဟုတ်ကြောင်း ကျောက်ကပ်က စွန့်ထုတ်လိုက်တဲ့ ဆီးရည်ဆီးနှစ်သာဖြစ်ကြောင်း ပြောပြဖူးပါတယ်။ ကြက်ချေးမှာပါတဲ့ အစိမ်းရောင်အပိုင်းကလည်း ကျောက်ကပ်ကထွက်လာတဲ့ ဆီးပါ။ သွေးထဲမှာပါတဲ့ အစိမ်းရောင်ရှိတဲ့ အညစ်အကြေးတစ်မျိုးကို ကျောက်ကပ်ကတစ်ဆင့် ပြင်ပကို စွန့်ထုတ်တဲ့အတွက် ချေးစိမ်းပါတယ်ဆိုတာဖြစ်လာတာပါ။
သွေးနွေးသတ္တဝါတွေမှာ ရှုသွင်းလိုက်တဲ့ လေထဲက အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံသယ်ပေးပြီး ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုထုတ်တဲ့ လေကတစ်ဆင့် စွန့်ထုတ်ပေးတဲ့အလုပ်ကို သွေးထဲမှာပါတဲ့ သွေးနီဥတွေက လုပ်ဆောင်ပေးတာပါ။ ဒီလိုလုပ်ငန်းကို စွမ်းအားပြည့် စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ဖို့အတွက် သွေးနီဥအသစ်တွေ ထုတ်လုပ်ပေးနေရသလို သက်တမ်းရင့်သွား (အိုသွား) တဲ့ သွေးနီဥတွေကို ဖယ်ရှားရှင်းလင်းပေးကြရပါတယ်။
သွေးနီဥတွေ ပေါက်ကွဲပျက်စီးတဲ့ ဖြစ်စည်မှာ အနီရောင်ကို ဖြစ်စေတဲ့ hemoglobin ပြိုကွဲပြီးထွက်လာတဲ့ heme ခေါ်တဲ့ သံဓာတ်ပါတဲ့အပိုင်း ဆက်ပြီးပြိုကွဲတဲ့အခါ အစိမ်းရောင်ရှိတဲ့ biliverdin ဆိုတဲ့ ပစ္စည်းဖြစ်ပေါ်လာပါတယ်။ နို့တိုက်သတ္တဝါတွေမှာ အသည်းနဲ့ တခြား တစ်သျှူးတွေမှာရှိတဲ့ biliverdin reductase ဆိုတဲ့ enzyme က biliverdin ကို အဝါရောင်ရှိတဲ့ bilirium အဖြစ်ကို ပြောင်းပေးနိုင်ပါတယ်။ bilirubin ကိုသည်းခြေရည်နဲ့ အရောင်ဆိုးဆေးအနေနဲ့ အူထဲကို စွန့်ထုတ်ပါတယ်။
အသည်းရောင်ရောဂါဖြစ်တဲ့အချိန်မှာ ဒီလိုစွန်ထုတ်တဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သွေးထဲမှာ bilibrubin သိပ်များလာပြီး jaundice ခေါ် အသားဝါရောဂါလက္ခဏာကို ဖြစ်စေပါတယ်။
ကြက်ငှက်တွေမှာ biliverdinreductase ဆိုတဲ့ enzyme ချို့တဲ့နေတဲ့အတွက် အစိမ်းရောင် biliverdin ကိုသည်းခြေရည်နဲ့အတူ အူလမ်းကြောင်းထဲကို စွန့်ထုတ်ပါတယ်။

ကြက်ငှက်တွေမှာ အကြောင်းတစ်ခုခုကြောင့် အသည်းထိခိုက်မှု ဖြစ်ပေါ်တဲ့အခါ အပြည့်အဝမစွန့်ထုတ်နိုင်တဲ့အတွက် သွေးထဲမှာ biliverdin များလာပါတယ်။ များနေတဲ့ biliverdin ကို ကျောက်ကပ်က ဆီးအနေနဲ့ စွန့်ထုတ်ပါတယ်။ ကြက်ရဲ့ ပုံမှန်အဖြူရောင် အနယ်အနှစ်တွေပါတဲ့ ဆီးရည်ဟာ biliverdin ပါနေတဲ့အတွက် အစိမ်းရောင်ဖြစ်သွားတာပါ။
ကြက်တွေမှာ ဆီးအိမ်မရှိတဲ့အတွက် ကျောက်ကပ်က ထွက်လာတဲ့ biliverdin ပါတဲ့ ဆီးရည်ဟာ ဆီးပြွန်ကတစ်ဆင့် ဆီး၊ ဝမ်း၊ လိင်အင်္ဂါ သုံးမျိုးလုံးရဲ့ ထွက်ပေါက်တွေ ပေါင်းဆုံတဲ့ သပွအိမ် (cloaca) ထဲကို ရောက်သွားပါတယ်။ colaca ထဲကဆီးရည်ဟာ အူမကြီးထဲကို အူမကြီးရဲ့ပြောင်းပြန်ရွေ့လျားမှုကြောင့် အူမကြီးအထက်ပိုင်းကို ဆန်တက်ရောက်ရှိသွားပြီးမှ ချေးနဲ့အတူ အပြင်ကို စွန့်ထုတ်ပါတယ်။ ချေးစိမ်းပါတဲ့ရောဂါဖြစ်ပြီး သေတဲ့ကြက်တွေမှာ အစိမ်းရောင်ပါတဲ့ ဝမ်းအရည်တွေ အူမကြီးထဲမှာတွေ့ရပေမယ့် အူသိမ်းပိုင်းမှာ မတွေ့ရတာကို ကြက်သေခွဲစိတ် စစ်ဆေးသူတွေ သတိထားမိကြပါတယ်။
အတိုချုပ်ပြောရရင် ကြက်တွေချေးစိမ်းပါတယ်ဆိုတာ ကြက်တွေမှာ အသည်းထိခိုက်ပျက်စီးနေကြောင်း၊ အသည်းကို ပျက်စီးစေတဲ့ ရောဂါတစ်ခုခုဖြစ်နေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ခုသာဖြစ်ပါတယ်။
ဒေါက်တာအောင်မြင့်ရေးသားသော "ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ဇင်ဟိန်း
1 year agoအသဲရောဂါဘယ်လိုကုသရလဲဗျ
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....