ဂေဟစနစ်၏ အဆောက်အအုံ (ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း - ၃)
သစ်တောပုံတူစိုက်ခင်း (Analog Forestry) တစ်ခု ထူထောင်နိုင်ဖို့အတွက် ဂေဟဗေဒဆိုင်ရာ အကဲဖြတ် သုံးသပ်မှုတွေ လုပ်ဆောင်ရာမှာ အဓိကစံပေတံ (indicator) ၄ ခုကို စစ်ဆေးရမှာဖြစ်ပြီး အဲဒီထဲကတစ်ခုကတော့ အပင်များပေါက်ရောက်ရှင်သန်ပုံ (Structure) ဖြစ်ပါတယ်။ အပင်တွေ ပေါက်ရောက်ရှင်သန်ပုံကို လေ့လာရာမှာ အသေးစိတ်အချက် ၂ ချက်ကို စစ်ဆေးရမှာဖြစ်ပြီး တစ်ချက်ချင်းစီမှာ ရမှတ် ၁ ကနေ ၆ အထိ ပေးရမှာ ဖြစ်ပါတယ်။
ဂေဟဗေဒဆိုင်ရာ ရင့်ကျက်ဖွံ့ဖြိုးမှုအဆင့် (Seral Stage)
ဂေဟဗေဒဆိုင်ရာ ရင့်ကျက်မှုအဆင့် (Seral stage) ဆိုတာဟာ ဖြတ်လမ်းနည်းနဲ့ ပြောရရင်တော့ “လေ့လာနေတဲ့ ဂေဟစနစ်အတွင်း ဘယ်လိုအပင်အမျိုးအစားတွေ ဘယ်လောက် ပေါက်ရောက်နေသလဲ” ဆိုတာကို လေ့လာတာပဲ ဖြစ်ပါတယ်။
Seral stage ကို ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှု (Ecological succession) လို့လည်း ခေါ်ဆိုတာကို တွေ့ရနိုင်ပါတယ်။ သစ်တောတစ်ခုရဲ့ ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှုကို “မူလအစဖွံ့ဖြိုးတိုးတက်မှု (Primary Succession) နဲ့ “အသစ်ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု (Secondary Succession)” ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။
မြေလွှာ (Soil) လုံးဝမရှိတဲ့ နေရာတွေ (ဥပမာ မီးတောင်ချော်ရည်တွေကနေ ဖြစ်ပေါ်လာတဲ့ ကျောက်တုံးတွေ)ပေါ်မှာ မြေဆီလွှာစတင်ဖြစ်ထွန်းလာပြီး ဇီဝမျိုးကွဲ မျိုးစိတ်တွေ တဖြည်းဖြည်း ပြည့်စုံလာပြီး သစ်တောတစ်ခုရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ဂေဟစနစ် (mature stage) ကို ရောက်ရှိသွားတာမျိုးကို “မူလအစဖွံ့ဖြိုးတိုးတက်မှု Primary Succession)” လို့ခေါ်ပါတယ်။
Primary Succession ပြီးမြောက်အောင်မြင်ပြီး တည်ငြိမ်ရင့်ကျက်ပြီးတဲ့ ဂေဟစနစ် (သဘာဝသစ်တော) တစ်ခုဟာ တောမီးလောင်ခြင်း၊ တောင်ယာခုတ်ထွင်ခြင်းစတဲ့ ကိစ္စတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးသွားတယ် ဆိုကြပါစို့။ အဲဒီနေရာမှာ မြေလွှာတော့ ကျန်ရစ်ပါလိမ့်မယ်။ အဲဒီမြေလွှာပေါ်ကနေ အပင်တွေ စတင်ပေါက်ရောက်လာပြီး တဖြည်းဖြည်းနဲ့ မူလကရှိခဲ့တဲ့ သဘာဝသစ်တောနဲ့တူတဲ့ ဂေဟစနစ်တစ်ခု ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတာမျိုးကိုတော့ “အသစ်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှု (Secondary Succession)” လို့ ခေါ်ပါတယ်။
Analog Forestry ကို ဆောင်ရွက်ရာမှာ အဓိကတွေ့ရှိရတဲ့ ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေကတော့ “အသစ်ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု” ရဲ့ အဆင့်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Analog Forestry ကို ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကိုက ဆုံးရှုံးသွားတဲ့ ဂေဟစနစ်နဲ့ ဇီဝမျိုးကွဲတွေကို ပြန်လည်ယူဆောင်လာဖို့ ဖြစ်နေလို့ပါ။
ဂေဟဗေဒ အသစ်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှု (Secondary Succession)
သစ်တောအုပ်တစ်ခုကို မီးရှို့ရှင်းလင်းလိုက်တယ်ဆိုပါစို့။ ပြောင်သလင်းခါသွားတဲ့ သစ်တောမြေကို ဘာမှမလုပ်ဘဲ ပစ်ထားလိုက်တဲ့အခါ အချိန်ကာလတစ်ခုအတွင်း (အကြမ်းဖျဉ်းအားဖြင့် ၁-၂ နှစ်အတွင်း) မှာ မြက်ရိုင်းပင်လို မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ်တွေ ပြန်လည်ပေါက်ရောက်လာတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် မြေဆီလွှာပေါ်မှာရှိနေတဲ့ အပင်တွေ မရှိတော့ပေမယ့် မြေဆီလွှာက ကျန်နေခဲ့သေးတာကြောင့်ပါ။ မြေဆီလွှာထဲမှာ ခံနိုင်ရည်မြင့်မားတဲ့ မျိုးစေ့တွေနဲ့ အဏုဇီဝပိုးမွှားအနည်းငယ် ကျန်ရှိနေသေးလို့ပါ။ မြေဆီလွှာရှိပြီး၊ မျိုးစေ့ရှိတာမို့ အပင်ပေါက်ဖို့လည်း လွယ်ပါတယ်။ မြက်ရိုင်းပင်တွေရဲ့ နောက်မှာ ခြုံပုတ်ပင်ငယ်တွေ တဖြည်းဖြည်း ပေါက်ရောက်လာပါလိမ့်မယ်။ အဲဒီလို ပထဆုံးပြန်ပေါက်လာတဲ့ အပင်မျိုးစိတ်တွေကို “Pioneer species (ကနဦး ပေါက်ရောက်ပင်များ)” လို့ ခေါ်ပြီး အဲဒီအဆင့်ကိုလည်း “Pioneer stage (ကနဦးအစပျိုးအဆင့်)” လို့ ခေါ်ပါ တယ်။
Pioneer species တွေ ပြန်ပြီးပေါက်ရောက်လာတာနဲ့အမျှ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ကျက်စားလို့ရတဲ့ သတ္တဝါငယ်တွေ ပြန်လည်ရောက်ရရှိလာပါတယ်။ ဥပမာ- တွင်းအောင်းသတ္တဝါငယ်လေးတွေ၊ အင်းဆတ်တွေပါ။ သူတို့ရှိနေတဲ့အတွက် သူတို့ကို ဖမ်းယူစားသောက်မယ့် ငှက် လို သတ္တဝါမျိုးတွေလည်း ရောက်လာနိုင်ပါတယ်။ သူတို့က အခြားနေရာက အပင်ကြီးတွေရဲ့ အစေ့တွေကို သယ်ဆောင်လာဖို့၊ အပင်တွေကို ဝတ်မှုံကူးဖို့စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုနဲ့ နည်းနည်းပိုကြီးတဲ့ သစ်ပင် (trees) တွေ ပေါက်ရောက်လာမှာပါ။ သစ်ပင်တွေရှိရင် နောက်ထပ်သတ္တဝါတွေ ရောက်လာနိုင်ပြီး ပိုကြီးတဲ့ သစ်ပင်တွေ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ အဲဒီလို ကြားခံအဆင့်တွေအဖြစ် ပေါက်ရောက်လာတဲ့အပင်မျိုးစိတ်တွေကိုတော့ “Intermediate species (ကြားခံမျိုးစိတ်များ)” လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာ သစ်ပင်အမျိုးအစားစုံလင်လာပြီး၊ အများစုက သစ်ပင်တွေ ဖြစ်လာမှာပါ။ ဒါပေမယ့် သဘာဝတောအုပ်ကြီးတွေထဲကလို အလွန်တရာမြင့်မားတဲ့ သစ်ပင်ကြီးတွေတော့ မရှင်သန်နိုင်သေးပါဘူး။ ဒီလိုအဆင့်ကိုတော့ “ရင့်ကျက်တဲ့အဆင့် (Mature)” လို့ ယူဆနိုင်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မြင့်မားတဲ့ သစ်ပင်ကြီးတွေပါ ပေါက်ရောက်လာသလို သစ်တောဟာ အပင်အရေအတွက်နဲ့၊ အမျိုးအစားသိပ်ပြီး ပြောင်းလဲမှုမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဂေဟစနစ်တွေကို ထမ်းဆောင်နိုင်တဲ့ သဘာဝ တောအုပ်ကြီး ဖြစ်လာပါတော့တယ်။ အဲဒီအဆင့်ကိုတော့ “သက်တမ်းရင့်အဆင့် (Over Mature)” လို့ ယူဆရ မှာပါ။ အဲဒီအဆင့်မှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်မျိုးစိတ်တွေ အားလုံးကိုခြုံငုံပြီး “အထွတ်အထိပ်အဆင့် (Climax community)” လို့ ခေါ်ပါတယ်။
အဲဒီအဆင့်တွေကို ရင့်ကျက်ဖွံ့ဖြိုးမှုအဆင့် (Seral stage) တွေလို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပစ်ထားလိုက်ရင် “ကနဦးအစပျိုးအဆင့် (Pioneer stage)” ကနေ “ရင့်ကျက်တဲ့အဆင့် (Mature)” အထိ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အနှစ် ၁၅၀ လောက် ကြာမြင့်နိုင်ပါတယ်။ Analog Forestry ဆိုတာကတော့ သဘာဝမှာ အနှစ် ၁၅၀ ကြာမြင့်မယ့် ဂေဟဗေဒဖွံ့ဖြိုးတိုးတက်မှု ခရီးရှည်ကြီးကို အချိန်တိုအောင် လူတွေက ဝင်ရောက်စီမံခန့်ခွဲပေးတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ Analog Forestry စီမံကိန်းနေရာဟာ ဘယ် Seral stages မှာ ရှိနေသလဲ ဆိုတာကို သုံးသပ်ပြီး “ရင့်ကျက်တဲ့အဆင့် (Mature)” ကို အချိန်တိုအတွင်း ရောက်ရှိလာဖို့ စီမံခန့်ခွဲပေးတာဟာ သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းရဲ့ အဓိကလုပ်ငန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂေဟဗေဒ ဆိုင်ရာအကဲဖြတ်သုံးသပ်မှု (Ecological Evaluation) တွေ ဆောင်ရွက်ရာမှာ ရင့်ကျက်မှုအဆင့် (Seral stage) ကို ထည့်သွင်းစစ်ဆေး အကဲဖြတ်ရတာ ဖြစ်ပါတယ်။
ကွင်းဆင်းစစ်ဆေးကြည့်တဲ့အခါ မြက်ခင်းပြင်အဖြစ်သာရှိနေသေးတယ်ဆိုရင် ရမှတ် “၁” အဖြစ်သတ်မှတ်ပေးနိုင်ပါတယ်။ သက်တမ်းတစ်နှစ်အောက် အပင်ငယ်တွေပါ ရှိနေမယ်ဆိုရင်တော့ ရမှတ် “၂” အဖြစ် သတ်မှတ်နိုင်ပါတယ်။ သစ်ပင်အနိမ့်တွေနဲ့ ခြုံပုတ်တွေရှိနေပြီဆိုရင်တော့ ရမှတ် “၃” အဖြစ် သတ်မှတ်နိုင်ပါတယ်။ သစ်ပင်အမျိုး အစား အတော်စုံစုံလင်လင်တွေ့လာရပြီး ခြံပုတ်ပင်တွေ၊ ပေါင်းပင်တွေ ရှိလာပြီဆိုရင်တော့ ရမှတ် “၄” လို့ သတ် မှတ်နိုင်ပါတယ်။ သက်တမ်းနုတဲ့ သစ်တောအုပ်လေးတစ်ခုလို ဖြစ်လာနေပြီး အပင်မျိုးစိတ်တွေ၊ ဇီဝမျိုးကွဲတွေ စုံလင်မှုကို သိသိသာသာ တွေ့ရှိလာရပြီဆိုရင်တော့ ရမှတ် “၅” အဖြစ် သတ်မှတ်ရမှာပါ။ သဘာဝသစ်တောအုပ်လို ဇီဝမျိုးကွဲတွေ စုံလင်ပြီး၊ သစ်ကပ်ပင် (epiphytes)၊ သစ်ကပ်မှော် (lichens) စတာတွေပါ တွေ့လာရပြီဆိုရင်တော့ ရမှတ် “၆” အဖြစ် သတ်မှတ်နိုင်ပါတယ်။
အမှတ်ပေးပုံကိုကြည့်ပြီး Seral Stages တွေကို လေ့လာတာဟာ ဂေဟစနစ်အတွင်းမှာ ဘယ်အပင်အမျိုး အစားတွေ ဘယ်လောက်များများပေါက်ရောက်နေတယ်ဆိုတာကို လေ့လာတာ ဖြစ်ကြောင်း သတိပြုမိနိုင်ပါတယ်။ လေ့လာရာမှာ Physiognomic formula (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း) အထောက်အကူပြုနိုင်ပါတယ်။

ယှက်နွယ်မှု (Complexity)
Seral stages တွေနဲ့အတူ ဆက်စပ်လေ့လာရမှာကတော့ ပေါက်ရောက်နေတဲ့အပင်အမျိုးအစားတွေဟာ တစ်ခုနဲ့တစ်ခုကြား ဘယ်လောက် အပြန်အလှန် ဆက်နွှယ်နေကြသလဲ၊ မှီခိုနေကြသလဲ၊ အကျိုးပြုနေကြသလဲ ဆိုတဲ့ ရှုပ်ထွေးလှတဲ့ ယှက်နွယ်မှု (complexity) ကို လေ့လာရမှာ ဖြစ်ပါတယ်။
ဇီဝမျိုးကွဲ မျိုးစိတ်တွေ အနည်းငယ်သာရှိပြီး၊ တစ်ခုနဲ့တစ်ခုကြားမှာ ယှက်နွယ်မှုကလည်း သိပ်မရှိလှဘူးဆို ရင် ရမှတ်ကို “၁” ကနေ “၂” အထိ ပေးနိုင်ပါတယ်။ ဇီဝမျိုးကွဲစုံလင်မှုကလည်း အလယ်အလတ်လောက်မှာရှိပြီး၊ ယှက်နွယ်မှုကလည်း အသင့်အတင့်ရှိမယ်ဆိုရင် ရမှတ်အဖြစ် “၃” ကနေ “၄” အထိ ပေးနိုင်ပါတယ်။ တကယ်လို့ လေ့လာတဲ့ ဂေဟစနစ်ဟာ သဘာဝသစ်တောကြီးတွေလို ဇီဝမျိုးကွဲစုံလင်မှု မြင့်မားသလောက်၊ မျိုးစိတ်တွေအချင်း ချင်းကြား ယှက်နွယ်မှုကလည်း ရှုပ်ထွေးများပြားမယ်ဆိုရင်တော့ ရမှတ်ကို “၅” ကနေ “၆” အထိ ပေးနိုင်မှာ ဖြစ်ပါ တယ်။
တွက်ချက်ပုံ
အပင်များပေါက်ရောက်ရှင်သန်ပုံ (Structure) ရဲ့ ပျမ်းမျှရမှတ်ကို တွက်ချက်ဖို့အတွက် “ဂေဟဗေဒဆိုင်ရာ ရင့်ကျက်မှုအဆင့် (Seral stage) ရဲ့ ရမှတ်" နဲ့ “မျိုးစိတ်တွေရဲ့ ယှက်နွယ်မှု (complexity) ရမှတ်” တို့ကို ပေါင်းပြီး ၂ နဲ့ စားရမှာ ဖြစ်ပါတယ်။ ရလာတဲ့ အဖြေဟာ သက်ဆိုင်ရာဂေဟစနစ်ရဲ့ Structure အတွက် ရမှတ်ပဲ ဖြစ်ပါတယ်။
ဂေဟစနစ်၏ အဆောက်အအုံ
အပင်များပေါက်ရောက်ရှင်သန်ပုံ (Structure) ဟာ ဂေဟစနစ်ကြီးရဲ့ အဆောက်အအုံကြီး ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ မြေ (Soil) ဆိုတဲ့ အခြေခံအုတ်မြစ်ကြီးပေါ်မှာ အပင်များပေါက်ရောက်ရှင်သန်ပုံ (Structure) ဆိုတဲ့ အဆောက်အအုံကြီးကို တည်ဆောက်ထားတာပါ။ အဲဒီအဆောက်အအုံကြီးထဲမှာ ဇီဝမျိုးကွဲ မျိုးစိတ်များစွာကို နေ ထိုင်ကျက်စားစေပြီး ဇီဝမျိုးကွဲစုံလင်မှု (Biodiversity) အတွက် နေရာပေးထားပါတယ်။ ဒါမှသာ ဇီဝမျိုးကွဲစုံလင်မှု က ရရှိလာတဲ့ ထုတ်လုပ်နိုင်စွမ်း (Productivity) တွေကို ရရှိမှာ ဖြစ်ပါတယ်။ နောက်ဆောင်းပါးမှာတော့ အဲဒီ ဂေဟစနစ်ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေ အကြောင်း လေ့လာကြရပါဦးမယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....