ပဲပုပ် သို့မဟုတ် ကုန်သွယ်ရေးစစ်ပွဲထဲက နိုင်ဖဲ တစ်ချပ်
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် စတင် ဆင်နွှဲတဲ့ ကုန်သွယ်စစ်က ကြမ်းသထက် ကြမ်းလာနေတယ်။ အထူးသဖြင့်တော့ တရုတ် နဲ့ ထိပ်တိုက်ပွဲပေါ့။ ခုချိန်ထိ လျော့ကြမယ့်ပုံ မပေါ်သေးပါဘူး။
စစ်ပွဲကို မလျော့တမ်းတိုက်ကြပြီ ဆိုကတည်းက နိုင်ဖဲ ကိုယ်စီကိုင်ထားကြလို့ပါပဲ။ နဘမ်းစကားနဲ့ဆိုရင်တော့ ချုပ်ကွက်ပေါ့။
အယ်လ်ဂျာဇီးယား သတင်းဌာနကတော့ ပဲပုပ်ဟာ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်နဲ့ အီးယူတို့ အမေရိကန်ကို ပြန်တိုက်ဖို့ သုံးမယ့် လက်နက် လို့ ခေါင်းစဉ်တပ်ပြီး ရေးပါတယ်။
ပဲပုပ်ဆိုတာက စိုက်ပျိုးမွေးမြူရေးကိစ္စ ဖြစ်လို့ "ကိုယ်နဲ့ဆိုင်တယ်" ဆိုပြီး လေ့လာကြည့်ဖြစ်ပါတယ်။ ပြန်မျှဝေပါရစေ။
အမေရိကန်မှာ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုက ဝင်ငွေဟာ ဂျီဒီပီ ရဲ့ ၀.၆ ရာခိုင်နှုန်း ရှိပါတယ်။ USDA ရဲ့ စာရင်းအရ ပဲပုပ်စိုက်ပျိုးထုတ်လုပ်သူ ၅ သိန်းကျော်လောက် ရှိတယ်လို့ ဆိုတယ်။
အမေရိကန် ပဲပုပ် industry ဟာ ဒေါ်လာ ၁၂၄ ဘီလျံ တန်ကြေးရှိတဲ့ စီးပွားရေးကဏ္ဍကြီး တစ်ရပ်ပါတဲ့။ မြန်မာ့ဂျီဒီပီရဲ့ နှစ်ဆလောက် ရှိတယ်။
ထွက်တဲ့ ပဲပုပ်ရဲ့ တစ်ဝက်လောက်ကို ပြည်ပကို တင်ပို့တာ ဖြစ်ပါတယ်။ ၂၀၂၃ မှာ ပဲပုပ်တင်ပို့မှုက ဒေါ်လာ ၂၇ ဘီလျံကျော်ဖိုး ရှိခဲ့တယ်လို့ ဆိုတယ်။ အမေရိကန်ဟာ ကမ္ဘာမှာ ပဲပုပ်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံပါ။ သူ့ပဲပုပ်ကို နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့နေတယ်။ မြန်မာတောင် ပါသေး။ ကြက်ကျွေးဖို့ အဓိက။
၂၇ ဘီလျံဖိုး တင်ပို့ရာမှာ တရုတ်ကချည်း ၁၅ ဘီလျံဖိုး ဝယ်ပါတယ်။ အီးယူက ၂ ဘီလျံဖိုးလောက် ဝယ်ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲတော့ လက်ရှိမှာ အမေရိကန်က တရုတ်ကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းကောက်ပြီး၊ တရုတ်က အမေရိကန်ထုတ်ကုန်တွေအပေါ် အမြင့်ဆုံး ၁၂၅ ရာခိုင်နှုန်းအထိ ကောက်ပါပြီ။ ဒီလောက်ဆို တရုတ်ပြည်ထဲ အမေရိကန်ပစ္စည်း မြင်ရစရာ မရှိတော့ပါဘူး။ ဒီတော့ ထပ်တိုးစရာတော့ မရှိတော့ဘူး ထင်ရပါတယ်။
၁၂၅ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင်တောင် အမေရိကန် ပဲပုပ် တစ်တန်ကို ဒေါ်လာ ၄၀၀ ဆိုရင် တရုတ်ပြည်ရောက်တဲ့အခါ ဒေါ်လာ ၉၀၀ ဖြစ်သွားပြီမို့ ဒီဈေးနဲ့ ဘယ်တရုတ်မွေးမြူရေးကုမ္ပဏီကမှ ဝယ်စရာ အကြောင်း မရှိပါ။

တစ်ဖက်မှာက တရုတ်ဟာ ဘရာဇီးရဲ့ ပဲပုပ်ကို အတော်စောစောကတည်းက ပိုဝယ်လာနေတာ ဖြစ်ပါတယ်။ ပထမအကြိမ် ထရမ့်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်ကတည်းက ဆိုပါတော့။ ၂၀၁၇ ကတည်းက အမေရိကန်ပဲပုပ်အပေါ် မှီခိုရမှုကို လျှော့ချလာခဲ့တာပါ။
၂၀၂၄ စာရင်းအရ တရုတ်ဟာ ဘရာဇီးလ်ပဲပုပ်ကို ဒေါ်လာ ၃၆.၆ ဘီလျံဖိုး ဝယ်ခဲ့ပြီး၊ အမေရိကန်ပဲပုပ်ကိုတော့ ၁၂.၁ ဘီလျံဖိုးပဲ ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၂.၁ ဘီလျံဖိုးပဲ ဆိုပေမယ့် အဲဒါဟာ အမေရိကန်ရဲ့ ပဲပုပ်တင်ပို့မှု စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ American Soybean Association ရဲ့ chief economist ဖြစ်တဲ့ Scott Gerlt ပြောတဲ့ သတင်း တစ်ပုဒ် ဖတ်ရပါတယ်။
ဆိုတော့ကာ အမေရိကန်နဲ့ ကုန်သွယ်စစ် တစ်ပွဲတစ်လမ်း နွှဲကြချိန်မှာ အမေရိကန်ရဲ့ ပို့ကုန်နဲ့ ပတ်သက်ပြီး တရုတ်ကိုင်ထားတဲ့ ကတ်တစ်ခုကတော့ ပဲပုပ်ပဲ ဖြစ်ပါတယ်။ တရုတ်ပို့ကုန်အပိုင်းမှာတော့ မြေရှားသတ္တုဆိုတဲ့ ကတ်ကို ကိုင်မယ် ထင်ရပါတယ်။
ဘာပဲဖြစ်ဖြစ် တရုတ်ဈေးကွက်အတွက် အဝင်ခက်သွားတဲ့ အမေရိကန်ပဲပုပ်ဟာ ဈေးသက်သာလာဖို့ ရှိပါတယ်။ မွေးမြူရေးအစာကဏ္ဍအတွက် ဘယ်လို သက်ရောက်မလဲ ဆိုတာကတော့ ဆက်ကြည့်ရဦးမှာပါ။
တိုင်းပြည်တိုင်းက ဒီချုပ်ကွက်အပေါ် အခြေခံပြီး သက်သာရာသက်သာကြောင်း ရှာကြပါလိမ့်မယ်။ ဒီအချိန်ကြီးကျမှ ထပြီး ပဲပုပ်စိုက်မယ်လို့တော့ ဘယ်နိုင်ငံမှ စဉ်းစားကြမယ် မထင်ပါဘူး။ ဈေးပေါပေါနဲ့ ရမယ့် အမေရိကန်ပဲပုပ်ကို ဝယ်ပြီး အမေရိကန် မြှင့်တင်ထားတဲ့ ကုန်သွယ်ခွန် ရာခိုင်နှုန်း လျော့ဖို့ ကြိုးစားကြမှာပါ။ ဥပမာ ထိုင်းက အမေရိကန်ပစ္စည်း ပိုဝယ်ပြီး အခွန်ရာခိုင်နှုန်း လျော့ချဖို့ ကြိုးစားရာမှာ ပဲပုပ်ဝယ်ယူဖို့ ဆိုတာပါ ပါပါတယ်။ တစ်နည်းပြောရရင် ထိုင်းဟာ တရုတ်ကိုင်ထားတဲ့ နိုင်ဖဲကို သုံးပြီး ထရမ့်ရဲ့ အခွန်ထောင်ချောက်ထဲက ရသလောက် ဖောက်ထွက်ခြင်းပါပဲ။
တစ်နှစ်ကို ပဲပုပ်ဖတ် တန်ချိန် ၅ သိန်း ၆ သိန်းလောက်လိုတဲ့ မြန်မာပြည်ကရော ဘာလုပ်မှာလဲ ကိုယ့်အထွာနဲ့ကိုယ် စဉ်းစားကြရမှာပါပဲ။
သေချာတာကတော့ ပဲပုပ်ဟာ ကုန်သွယ်စစ်အတွက် တရုတ် ကိုင်ကစားမယ့် နိုင်ဖဲ တစ်ချပ် သို့မဟုတ် ချုပ်ကွက်တစ်ခု ဖြစ်နေတယ် ဆိုတာပါပဲ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
1 year agoကျေးဇူးပါ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....