ဖရဲသီး ကောင်းကောင်းကြီးကြီး ရစေဖို့
အပင်တွေမှာ အသီးအရေအတွက်ကို လျှော့ချပေးခြင်းဟာ အလင်းရောင်၊ ရေနဲ့ အာဟာရဓာတ် လုယူမှုကို သက်သာစေပြီး ပိုမိုကြီးမား ကျန်းမာတဲ့ အသီးတွေ ရရှိစေဖို့အတွက် လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်က အလွန်ကြီးမားတဲ့ သီးနှံတွေကို လိုချင်တယ်ဆိုရင်တော့ အသီးခြွေပေးဖို့က လိုကို လိုအပ်ပါတယ်။
ဒီဆောင်းပါးမှာဆိုရင် ဖရဲသီးပင်ကို ဘယ်လို ခြွေရမလဲ? အပင်တစ်ပင်မှာ အသီးဘယ်နှစ်လုံးပဲ ချန်ထားသင့်သလဲ? ဆိုတာတွေကို ပြောပြပေးမှာလို့ ဆက်လက်ဖတ်ရှုကြည့်ရအောင်ပါ။
ဖရဲသီးတစ်ပင်မှာ အသီးဘယ်နှစ်လုံး ထားသင့်သလဲ?
ကျန်းမာတဲ့ ဖရဲနွယ်ပင်တစ်ပင်ဟာ အသီး ၂ လုံးကနေ ၄ လုံး အထိ ထွက်နိုင်ပါတယ်။ ဖရဲနွယ်မှာ အဖိုပွင့်ရော အမပွင့်ပါ ရှိတတ်ပြီး အသီးတင်ဖို့အတွက် နှစ်မျိုးလုံး လိုအပ်ပါတယ်။ ဒါပေမဲ့ အမပွင့်ဟာ အဖိုပွင့်ထက် နည်းပါးပြီး အဖိုပွင့် ၇ ပွင့်မှာ အမပွင့် ၁ ပွင့်နှုန်းလောက်ပဲ ရှိတတ်ပါတယ်။ ဖရဲသီးတစ်လုံးဟာ ပေါင်၂၀၀ (၉၀.၅ ကီလိုဂရမ်) အထိ အလေးချိန်ရှိနိုင်ပေမဲ့ အဲ့ဒီလောက်ကြီးဖို့ဆိုရင်တော့ အသီးခြွေပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အပင်တစ်ပင်ရဲ့ အာဟာရဓာတ်ဟာ အဲ့ဒီလောက်ကြီးမားတဲ့ အသီးတစ်လုံးထက် ပိုပြီး မကျွေးမွေးနိုင်လို့ပါ။ ဒါကြောင့် ဖရဲပင်ကို အကိုင်းဖြတ်ပေးဖို့ လိုအပ်လာတာဖြစ်ပြီး အသီးတွေကို ဖယ်ရှားလိုက်တာကလည်း အားနည်းချက်အချို့ ရှိနိုင်ပါတယ်။
အဲ့တာက အကိုင်းဖြတ်ပေးခြင်းက ပိုမိုသန်စွမ်းတဲ့ အပင်နဲ့ ပိုကြီးတဲ့ အသီးကို ရရှိစေနိုင်ပေမဲ့ အကိုင်းတွေကို စောစောစီးစီး ဖြတ်ပစ်လိုက်ရင်တော့ အမပွင့်ပွင့်နှုန်းကို လျော့ကျစေနိုင်ပါတယ်။ ဝတ်မှုန်ကူးဖို့ အမပွင့်မရှိရင် အသီးရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် အကိုင်းဖြတ်ခြင်းက အပင်ရဲ့ နွယ်တက်မှု အရှည်ကို လျော့နည်းစေပါတယ်။ နောက်ထပ်အချက်ကတော့ အပင်ကို ဖြတ်တောက်လိုက်တာကြောင့် နွယ်အသစ်တွေ ထပ်ထွက်လာနိုင်ပြီး အပင်က အသီးကြီးထွားဖို့ထက် နွယ်သစ်ထွက်ဖို့ကိုပဲ အာရုံစိုက်သွားတာကြောင့် အသီးရင့်မှည့်မှုကို ကြန့်ကြာစေနိုင်ပါတယ်။ အပင်မှာ အသီးစတင် သီးလာတဲ့အခါ အသီးတွေ အများကြီး ရတော့မယ်လို့ ထင်ရနိုင်ပေမဲ့ အဲ့ဒီအချိန်မှာ အကိုင်းကို မဖြတ်ပါနဲ့ဦး။ ငယ်ရွယ်တဲ့ အသီးလေးတော်တော်များများဟာ အလိုအလျောက် ညှိုးနွမ်းပျက်စီးသွားတတ်ပြီး အသန်မာဆုံး အသီးတွေပဲ ကျန်ရစ်မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အသီးနည်းသွားပြီဆိုရင်တော့ အကိုင်းဖြတ်ဖို့ မလိုအပ်တော့ပါဘူး။

ဒါဆိုဖရဲသီးပင်ကို ဘယ်လို ခြွေမလဲ?
သင်က အပင်ရဲ့ အရွယ်အစားကို ထိန်းချုပ်ချင်တာပဲဖြစ်ဖြစ်၊ အသီးကြီးတွေ ရချင်တာပဲဖြစ်ဖြစ် အသီးခြွေခြင်းဟာ လွယ်ကူတဲ့ အလုပ်တစ်ခုပါ။ သန့်ရှင်းသော ကတ်ကြေးကို သုံးပါ။ ပထမဦးစွာ ရောဂါရှိတဲ့ အရွက်တွေ၊ သေနေတဲ့ အရွက်တွေ၊ ဝါနေတဲ့ အရွက်တွေ ဒါမှမဟုတ် ပိုးမွှားကျနေတဲ့ အကိုင်းတွေကို ပင်မပင်စည်နဲ့ ဆက်နေတဲ့ နေရာကနေ ဖြတ်ထုတ်ပါ။ ဘေးတက်များကို ဖယ်ရှားပါ။ အပွင့်မပွင့်တဲ့ အကိုင်းတွေ ဒါမှမဟုတ် အားနည်းနေပုံရတဲ့ အကိုင်းတွေကို ဖယ်ရှားပါ။ အသီးအရေအတွက်ကို ကန့်သတ်ပါ။ အလွန်ကြီးမားတဲ့ အသီးကို လိုချင်ရင် အပင်မှာ အသီး ၁ လုံး ဒါမှမဟုတ် ၂ လုံး ပဲ ချန်ထားပါ။ ပုံမှန်အရွယ်အစားနဲ့ ကျန်းမာတဲ့ အသီးတွေ ရချင်ရင်တော့ ၄ လုံး အထိ ထားနိုင်ပါတယ်။
သတိထားရမှာက ရာသီဥတုစိုထိုင်းဆများနေချိန်မှာ ဖရဲပင်သည် ရောဂါကူးစက်လွယ်သောကြောင့် အကိုင်းဘေးတက်များကို ဖြတ်တောက်ခြင်းမပြုလုပ်သင့်ပါ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kyaw
5 months agoအခု2လပိုင်မှာဗာဟုဗာလီးမျိုးစမ်းစိုက်ထားပါတယ်ဗျဘယ်လိုပြုစုရမယ်ဆိုတာလေးသိချင်ပါတယ်ဗျ တခါမှမစိုက်ဘူးလို့ပါ ကျေးဇူးတင်ပါတယ်ဗျ
Naw Ka Paw Shee
5 months ago🤌🖕
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သော်ဇင်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....