Green Way
နွေစပါးအတွက် လိုတိုးပိုလျော့ မြေဩဇာ ချင့်ချိန်နည်း

နွေစပါးအတွက် လိုတိုးပိုလျော့ မြေဩဇာ ချင့်ချိန်နည်း

Green Way
Green Way 30/11/2021

အစိမ်းရောင်လမ်းက တင်ထားတဲ့ “ဒီနှစ်နွေစပါး စိုက်သင့်လား မစိုက်တော့ဘူးလား” ဆိုတဲ့ ဆောင်းပါးအောက်မှာ တောင်သူတွေ မေးထားတာတွေကို သက်ဆိုင်ရာပညာရှင်တွေက ဖြေကြားပေးထားပါတယ်။ ဒီဖြေကြားချက်ဗီဒီယိုဖိုင်လေးတွေကို  သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အပိုင်းလေးတွေခွဲပြီး တင်သွားပါမယ်။ 

ပထမဦးဆုံးတင်ဖို့ ရွေးချယ်ထားတာကတော့ မြေသြဇာဈေးတွေခေါင်ခိုက်နေတဲ့ကာလမှာ သဘာဝမြေသြဇာသုံးပြီး စိုက်ရင် အထွက်ရနိုင်မလားဆိုတာသိနိုင်ဖို့ သဘာဝမြေသြဇာပညာရှင်ဆရာမက လက်တွေ့တောင်သူတွေနဲ့ တွဲဖက်စိုက်ပျိုးခဲ့တဲ့ အတွေ့အကြုံတွေကို ကုန်ကျစရိတ်၊ အထွက်နှုန်းနဲ့ ဝင်ငွေတွေနဲ့ပါ နှိုင်းယှဉ်ပြသပြီး ပြောထားလို့ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ပညာလည်း ရပါတယ်။ 

မြို့နယ်အမျိုးမျိုးမှာ စိုက်ပျိုးနည်းအမျိုးမျိုးနဲ့ မြေသြဇာအချိုးအမျိုးမျိုးကို စမ်းသပ်ထားတာဖြစ်တာကြောင့် မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကိုလည်း ဒီဗီယိုလေးမှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင်လမ်း အသုံးပြုတွေ သိရှိနိုင်ဖို့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်။​

နောက်ရက်တွေမှာလည်း နွေစပါးစိုက်မယ့်တောင်သူတွေအတွက် အခြားခေါင်းစဉ်လေးတွေကို ဆက်လက်တင်ပေးသွားပါမယ်။ ပညာရှင်တွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတွေကို တိုက်ရိုက်အဖြေရှာ ဆွေးနွေးဖို့အတွက် အစိမ်းရောင်လမ်း App ရဲ့ အမေးအဖြေကဏ္ဍကနေ ဖိတ်ခေါ်အပ်ပါတယ်။

5
Kyaw Kyaw

Kyaw Kyaw

4 years ago

နွေစပါးမျိုး သက်တမ်း ၃လစပါးနဲ့ သက်တမ်း ၄လစပါး ဘယ်စပါးမျိုးကအတွက်နှုန်းပိုများလဲဗျ။

Soe Kyaw

Soe Kyaw

4 years ago

IEM လုပ်နည်း ကောက်ရိုးမြေဆွေးလုပ်နည်းမျှဝေပေးပါဦး

ေမာင်

ေမာင်

4 years ago

စပါးမျိုးလိုချင်လို္ဗျ

မေဇင်ထွန်း

မေဇင်ထွန်း

4 years ago

ဗီဒီယိုဖိုင်ကိုလားရှင့်

ye thura

ye thura

4 years ago

screen ချဲ့ကြည့်လို့မရဘူးလား

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....