နှမ်းသီနှံတွင်တွေ့ရများသော ဆာလဖာဓာတ်ချို့တဲ့မှု
နှမ်းသီးနှံဟာ ဆီထွက်သီးနှံတစ်ခုဖြစ်ပြီး အလွန်ရှေးကျသောမျိုးဖြစ်တဲ့အပြင် ရေငတ်ဒဏ်ခံနိုင်တဲ့ သီးနှံလည်းဖြစ်ပါတယ်။
နောက်ပြီး နှမ်းမှာ ဆီပါဝင်မှုဟာ အခြားသောဆီထွက်သီးနှံများအတွက် ပိုပါဝင်တာတွေ့ရပါတယ်။
နှမ်းစေ့မှာ ဆီ ၅၀-၅၂%၊ ပရိုတင်းဓာတ် ၁၇-၁၉% ၊ fatty acid ၀.၁ - ၀.၅% ၊ ကာဗွန်ဟိုက်ဒရိတ် ၁၆ - ၁၈% အပြင် ကယ်စီယမ်ဓာတ်နဲ့ ဖော့စဖော့ရပ်ဓာတ်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် နှမ်းကြိတ်ဖတ်ဟာ တိရိစ္ဆာန်အစာအတွက် လွန်စာကောင်းမွန်တာတွေ့ရပါတယ်။
ဆီထွက်သီးနှံတွေဟာ တခြားသောသီးနှံများထက် ဆာလဖာဓာတ်ပိုလိုအပ်ပါတယ်။ ဆာလဖာဓာတ်လုံလုံလောက်လောက်ရရှိခြင်းက ဆီထွက်သီးနှံရဲ့ အထွက်နှုန်း၊ အစေ့အဆန်အရည်အသွေးတို့အပေါ် များစွာမူတည်လျှက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသ (dry Zone) နဲ့ ပင်လယ်ရေဝင်တဲ့ စပါးစိုက်ဧရိယာတွေမှာ ဆာလဖာဓာတ်ချို့တဲ့တာကို အများဆုံးတွေ့ရှိရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လဲဆိုရင် အဆက်မပြတ်သီးနှံစိုက်ပျိုးခြင်း၊ ဆာလဖာမပါဝင်တဲ့ မြေသြဇာတွေကိုသာသုံးခြင်း၊ မြေကိုမီးရှို့ခြင် (soil burning) နဲ့ သဲဆန်သောမြေများတွင်လည်း ဆာလဖာဓာတ်ချို့တဲ့တာကို တွေ့ရပါတယ်။
နှမ်းပင်မှာ ဆာလဖာဓာတ်ချို့တဲ့မှုဟာ နိုက်ထိရိုဂျင်ချို့တဲ့မှုကဲ့သို့ပဲ အပင်အရွက်များ တစ်ဖြည်းဖြည်းဝါလာပြီး နိုက်ထရိုဂျင်ချို့တဲ့မှုနဲ့ မတူတာကတော့ အပင်ထိပ်ပိုင်းပိုင်းအရွက်လေးတွေမှာ အဓိကတွေ့ရှိတာပဲဖြစ်ပါတယ်။

ဆာလဖာချို့တဲ့ပါက အပင်ကြီးထွားမှုဟာ လွန်စွာနှေးနေမှာပဲဖြစ်ပါတယ်။
ဆာလဖာဓာတ်ကို အပင်ကရရှိနိုင်ဖို့ အောက်ပါအချက်များအပေါ်မူတည်နေပါတယ်။
- မြေသားအနုအကြမ်း (သဲဆန်တဲ့မြေဟာ organic matter နည်းတဲ့အပြင် အပင်အတွက်လိုအပ်တဲ့ ဆာလဖာဓာတ်တွေဟာ ရေနဲ့အတူပါသွားနိုင်ပါတယ်)
- မြေဆွေးဓာတ် (organic matter) - မြေဆွေးဓာတ်ဟာ ဆာလဖာဓာတ်ရရှိမှုအေပါ် လွန်စွာမူတည်ပါတယ်။ လုံလောက်တဲ့ မြေဆွေးဓာတ်ရှိမှသာ အပင်ကရရှိနိုင်မှာပဲဖြစ်ပါတယ်။
- မြေအပူချိန် (အပင်ကရရှိနိုင်တဲ့ ဆာလဖာဓာတ်ကို အဏုဇီဝသက်ရှိလေးတွေကတစ်ဆင့် ရရှိစေတာဖြစ်လို့ မြေသားဟာ အပူချိန်မြင့်နေပါက ထိုသက်ရှိလေးတွေ အသက်ရှင်နိုင်ဖို့ ခက်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် မြေကို ကောက်ရိုး သို့မဟုတ် ရိုးပြတ်လေးတွေနဲ့ ဖုံးထားပြီး ကြိုက်သလိုအသုံးပြုပါ)
- မြေအတွင်း ရေစီးရေလာကောင်းမွန်မှု - အဏုဇီဝလေးတွေမှရရှိတဲ့ အော်ဂဲနစ်ဆာလဖာကို အပင်က တိုက်ရိုက်အသုံးမပြုနိုင်တာမို့ အပူကရယူနိုင်တဲ့ ဆာလဖိတ်ပုံစံပြောင်းဖို့ free oxygen နဲ့ မြေအတွင်း လေဝင်လေထွက်ကောင်းဖို့လိုပါတယ်။ မြေကြီးထဲမှာ ရေတွေအိုင်နေပါက ထိုဖြစ်စဥ်ကို နှေးစေပြီး လိုအပ်တဲ့ပမာဏကို အပင်က ရယူနိုင်ဖို့ အခွင့်အရေးနည်းစေပါတယ်။
- မြေချဥ်ငံဓာတ်များလွန်းနေပါကလဲ ဆာလဖာရရှိမှုကို ကန့်သတ်နေနိုင်ပါတယ်။ သဘာဝမြေသြဇာ များများထည့်ခြင်း ၊ ဆာလဖာပါဝင်တဲ့မြေသြဇာထည့်ခြင်းဟာ ဆာလဖာဓာတ်ရရှိမှုနဲ့အတူ ဖော့စဖောရပ်ဓာတ်ရရှိနိုင်မှုကို တိုးစေတဲ့အပြင် မြေရဲ့ pH level ကိုလဲ ထိန်းညှိပေးနိုင်ပါလိမ့်မယ်။
ဆာလဖာချို့တဲ့မှုကို ဘယ်လိုပြုပြင်နိုင်မလဲ
Elemental Sulphur လို့ခေါ်တဲ့ ကန့်မှုန့် (၉၉% ဆာလဖာ)
Elemental sulphur ကတော့ ကောင်းမွန်တဲ့ ဆာလဖာအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ သူ့ကို အပင်ကတိုက်ရိုက်မစားနိုင်လို့ အဏုဇီဝတွေရဲ့ အကူအညီလိုအပ်တာမို့ သဘာဝမြေဆွေးထဲရောထည့်ပီး အသုံးပြုနိုင်ပါတယ်။ မြေတစ်ဟတ်တာ(၂.၂၄ ဧက)လျှင် မြေခံအနေနဲ့ elemental sulphur ၄၅-၆၀ ကီလိုဂရမ်ထည့်ခြင်းဟာ နှမ်းအထွက်နှုန်းကို ပိုတိုးစေနိုင်ပါတယ်။
ကျောက်မှုန့် Gypsum (၁၆-၁၈% ဆာလဖာ)
Calcium sulphate ဖြစ်ပြီး ရေမှာအသင့်အတင့်ပျော်ဝင်ပါတယ်။ များသောအားဖြင့် မြေပြင်ဖို့ ပိုသုံးကြပါတယ်။ မြေတစ်ဟက်တာ (၂.၂၄ ဧက)- ကျောက်မှုန့် ၅၀ ကီလိုဂရမ်ထိ ထည့်သွင်းအသုံးပြုနိင်ပါတယ်။ အပူပိုင်းဒေသတွေမှာဆိုရင်တော့ ကျောက်မှုန့်ကိုသုံးဖို့ ပိုသင့်တော်ပါတယ်။
ပိုတတ်ဆီယမ်ဆာလဖိတ် (၁၇-၁၈ %ဆာလဖာ )
တောင်သူအခေါ်အဝေါအရ ဓာတ်ဆားပဲဖြစ်ပါတယ်။ သူဟာ ရေမှာအလွယ်တကူပျော်ဝင်နိုင်တာကို တွေ့ရပါတယ်။
အမိုနီယမ်ဆာလဖိတ် (၂၄ % ဆာလဖာ)
သူ့မှာ နိုက်ထရိုဂျင်ရော ဆာလဖာပါ ပါဝင်တာကြောင့် အသုံးပြုမှုများတာကို တွေ့ရပါတယ်။ များသောအားဖြင့် မြေခံမှာအသုံးပြုကြတာများပါတယ်။
sulphur foliar ဖျန်းလိုပါကလဲ ၂၀ လီတာဆေးဖျန်းပုံးတစ်ပုံးမှာ ၄၀ ဂရမ်ထိ ထည့်ပြီး ဖျန်းနိုင်ပါတယ်။ သူက မှိုရောဂါနဲ့ မွှားပင့်ကူတွေကိုပါ အတော်အသင့်သတ်နိုင်တာကို တွေ့ရပါတယ်။
နောက်ထပ် ကယ်ဆီယမ်ဆာလဖိတ် ၀.၅-၁% ထိထည့်ပြီးလည်း ပက်ဖျန်းအသုံးပြုနိုင်ပါတယ်။
မြေသြဇာတွေကို ကြဲပက်၍ဖြစ်စေ၊ ပင်ခြေမှာကျွေး၍ဖြစ်စေ၊ အစေ့နဲ့ လူးနယ်လို့ဖြစ်စေ အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 4R method အတိုင်း မှန်ကန်သောမြေသြဇာ၊ နှုန်းထား၊ အချိန်နဲ့ နေရာဖြစ်ဖို့ အရေးကြီးတာကို မမေ့ဖို့တိုက်တွန်းပါရစေ။
ကျမ်းကိုး
https://www.sulphurinstitute.org
https://www.google.com/amp/s/scialert.net/fulltext/amp.php%3fdoi=ijss.2007.278.285
https://www.krishisewa.com/miscellaneous-articles/soil-fertility/671-sulphur-deficiency-oilseed-crop.html
https://www.fao.org/3/ag120e/AG120E15.htm
http://www.agritech.tnau.ac.in/agriculture/plant_nutri/sesame
Continue reading related topics, questions and articles.
Topic 1
နှမ်းသီးနှံအာဟာရချို့တဲ့ခြင်း
Topic 2
နှမ်းပင်အာဟာရ
Applicable farm inputs (Ad)
Anonymous
3 years agoကျေးဇူးပါ
Anonymous
4 years agoဆာလ်ဖာ+နိုက်ထြိုဂျင် တစ်ဧကကျဲပက်ရမည့်အချိုးအစား သိပါရစေ
သန့်ဇင်ဝင်း
4 years agoကျေးဇူးတင်ပါတယ်ဗျ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မြတ်စုဝေ
See all