အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၂)
ဝိုင်ဖြူကို အစိမ်းရောင်အခွံရှိတဲ့ အသီးနဲ့ လုပ်ပေမယ့် သူကလည်း အရောင်မဲ့ ဖျော်ရည်တစ်မျိုးကနေ စတင်တာပဲဖြစ်ပါတယ်။ ဝိုင်ဖြူအတွက်ကတော့ စပျစ်မှာဆိုရင် အခွံတွေကို အချဉ်မဖောက်ခင်မှာ ဖယ်ရှားပြီး လုပ်ကြတာ ဖြစ်ပါတယ် ။ ဝိုင်ဖြူတွေမှာ အချဉ်ဓာတ်နဲ့ အနံ့ဟာ အလွန်အရေးကြီးပါတယ် ။ ဘာကြောင့်လဲ ဆိုရင် သူ့မှာက စပျစ်ခွံမပါတော့ tanninsမပါလို့ပါ။
Aging (သက်တမ်း)
ဝိုင်ဖြူ တွေကိုတော့ များသောအားဖြင့် Stainless steel အိုး (အရောင်အစွန်းအထင်းကင်းတဲ့ သံမဏိ) နဲ့ သက်တမ်းရင့်တဲ့ထိသိုလှောင်ကြတာ များပါတယ်။ ဘာကြောင့်လဲဆိုရင် လတ်ဆတ်တဲ့အနံ့ရစေတာမို့ပါ။
Taste (အရသာ)
ဝိုင်ဖြူတွေက dry to sweet style ဘက်သွားတာများပြီး တစ်ချို့ ထုတ်လုပ်သူတွေက Dry wine နဲ့ Sweet wine ဆိုပြီး ခွဲခြားထုတ်လုပ်ကြတာမျိုးလည်း ရှိကြပါတယ်။
Aroma (ရနံ့)
လတ်ဆတ်တဲ့ သစ်သီးနဲ့ သို့မဟုတ် ပန်းအနံ့လေးတွေ များပါတယ်။ ဝိုင်ဖြူတွေ အနေနဲ့ကတော့ မာတဲ့အသီးတွေဖြစ်တဲ့ မက်မွန်၊ မက်မန်း၊ ပန်းသီးနဲ့ သစ်တော်သီး ဝိုင်စတာတွေရှိပါတယ်။
ဝိုင်ဖြူ အမျိုးအစားများ
1. Pinot Grigio (အီတလီ နဲ့ ပြင်သစ်မှာစိုက်တဲ့ စပျစ်မျိုးတွေက ထုတ်တဲ့ ဝိုင်)
လတ်ဆတ်တဲ့ဝိုင်တစ်မျိုးဖြစ်ပြီး US(အမေရိကန်နိုင်ငံ) မှာ ဒုတိယ နာမည်အကြီးဆုံး ဝိုင်ဖြူလည်း ဖြစ်ပါတယ်။
2. Sauvignon Blanc (ပြင်သစ် ၊အီတလီ နဲ့ နယူးဇီလန်တို့မှာ စိုက်သော စပျစ်မျိုး မှ ထုတ်သော ဝိုင်)
ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးဖြစ်ပြီး ဝိုင်ဖြူတွေထဲမှာ အချဉ်ဓာတ်ပြင်းပြင်းပါဝင်တဲ့ ဝိုင်လည်း ဖြစ်ပါတယ်။
3. Riesling (ရနံ့ဆွဲဆောင်အားကောင်းတဲ့ စပျစ်မျိုးမှ ထုတ်တဲ့ဝိုင်)
အချဉ်နံ့လေးပါပြီး မာတဲ့အသီး၊ အဖြူရောင်ပန်း နဲ့ အချဉ်ဓာတ်နည်းနည်းပြင်းတဲ့ ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။
4. Chardonnay (ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသော ဝိုင်တစ်မျိုး)
အချဉ်ဓာတ်နည်းပြီး နေရာဒေသအသီးသီးအလိုက် ကွားခြားမှုတွေရှိတဲ့အတွက် ကြိုက်နှစ်သက်ဖွယ် ကောင်းတဲ့ ဝိုင်အမျိုးအစားပဲဖြစ်ပါတယ် ။
Rosé Wine
အနီရောင် စပျစ်သီးကနေ ထုတ်လုပ်တာဖြစ်ပြီး သူရဲ့အခွံတွေကိုတော့ ပျော့ပြောင်းအောင် ရေစိမ်ကာ ၂၄ နာရီ မတိုင်ခင် ဖယ်ရှားပစ်လိုက်ပြီးမှ ထုတ်လုပ်တာပဲဖြစ်ပါတယ်။
သူရဲ့ အခွံတွေက ဝိုင်ကို ပန်းရောင်လေးရအောင်ပြုလုပ်ပေးတာလည်းဖြစ်ပါတယ် ။ (tannins တော့မပါဝင်ပါ)
Rosé ဝိုင်တွေက များသောအားဖြင့် ဝိုင်နီတွေနဲ့ ဆင်တူပြီး စတော်ဘယ်ရီ ၊ ချယ်ရီ ၊ raspberry နဲ့ အခြားအပူပိုင်း ဝိုင်အရသာတွေဖြစ်တဲ့ citrus နဲ့ အပူပိုင်း အသီးဝိုင်တို့ပါဝင်ပါတယ် ။
Sparkling Wine
Sparkling wine တွေကတော့ ဝိုင်ဖြူ၊ ဝိုင်နီ၊ rose တွေဖြစ်နိုင်ပါတယ်။ Sparkling wineတွေရဲ့ သကြားပါဝင်မှုဟာ Dry or Sweet wine တွေရဲ့ ကြားမှာ ရှိပါတယ်။ နောက်ပြီး သူတို့မှာ အချဉ်ဓာတ်နဲ့ balance ဖြစ်ဖို့ သကြားကို ထည့်ပေးထားကြတာပဲဖြစ်ပါတယ်။
လူသိများတဲ့ Sparkling wine နှစ်မျိုးကတော့ Champagne (ရှန်ပိန် )နဲ့ prosecco (ပရိုစက်ကို) ပဲဖြစ်ပါတယ် ။
ရှန်ပိန်Champagne ကိုတော့ ရိုးရာဓလေ့ traditional methods ဖြင့် ထုတ်လုပ်တာဖြစ်ပြီး မူလ alcoholic fermentation ( အရက်ပမာဏပါဝင်အောင် အချဉ်ဖောက်ခြင်း ) နဲ့ ဒုတိယအဆင့် ထပ်အချဉ်ဖောက်ခြင်း တို့ကြောင့် ဝိုင်ပုလင်းထဲမှာ bubbles (ပူဖောင်း )လေးတွေကို ထုတ်စေတာဖြစ်ပါတယ်။
Prosecco ကိုတော့ Glera စပျစ်မျိုးနဲ့ ပြုလုပ်ပြီး ဒုတိယအဆင့် အချဉ်ဖောက်မှုကို အလုံပိတ် စည်ပိုင်းထဲထည့် ပြုလုပ်တာပဲဖြစ်ပါတယ် ။
Fortified wines
ဝိုင်ကို Brandy လိုမျိုး အရက်နဲ့ ပေါင်းစပ်ထားတဲ့ ဝိုင်မျိုးကိုပြောတာပါ ။ Port, Madeira, Marsala တွေဟာ fortified ဝိုင်တွေပဲဖြစ်ပါတယ်။ fortified ဝိုင်က အခြားဝိုင်တွေထက် alcohol % ပိုမြင့်မားစွာ ပါဝင် နေတာလည်း ဖြစ်ပါတယ် ။
ကဲ ဒါဆိုရင်တော့ အမျိုးအစားစုံလင်လှတဲ့ ဝိုင်အမျိုးအစားတွေအကြောင်း စုံစုံလင်လင် သိသွား လောက်ပါပြီပေါ့နော်။
Reference
www.masterclass.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
win min Phyo
1 year agoမြန်မာနိုင်ငံမာ ဝိုင်နဲ့စီးပွားရှာချင်တယ်ဆိုအဆင်ပြေလောက်လားဗျ အခုနိုင်ငံခြားမှာပါ ဝိုင်အတွက်အရင်းအနှီးစုနေပါတယ်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မြတ်စုဝေ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....