စပါးပင်နှင့် သူ၏အာဟာရ
ကောင်းသောနေ့လေးဖြစ်ပါစေ
ဦးလေးကြီးက စပါးစိုက်တဲ့ တောင်သူဦးလေးကြီးတွေကို အလှည့်ပေးရင်းနဲ့ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ အတွက် လုပ်ရမဲ့ သတိပြုရမဲ့ အချက်လေးတွေကို တင်ဆက်ပေးမှာပါ။ ကဲ ကြည့်လိုက်ကြရအောင်
အာဟာရတွေ
အပင်တွေကလည်း အာဟာရတွေကို စားပြီးတော့မှ ကြီးထွားသန်မာတာပါနော်။ စပါးပင်တွေမှာလည်း သူတို့ စားသုံးတဲ့ အစားအစာလေးတွေကို ကိုယ်က ပြည့်ဝအောင်ဖြည့်တင်းပေးနိုင်တဲ့အခါကျတော့ အကောင်းဆုံးအထွက်ကိုရမှာပေါ့။ နေရောင်ခြည်၊ လေ၊ ရေ နဲ့ မြေ(မြေသားထဲကအာဟာရ) တွေက သူတို့လိုတဲ့အရာတွေပဲ၊ အဲ့မြေကြီးထဲက အာဟာရတွေကတော့ ၁၈ မျိုးရှိတယ်၊
ပထမဆုံးက ကာဗွန်(C) ။ ။ သူက လေထဲကနေရနိုင်ပါတယ်၊ ပူစရာမလို
ဒုတိယ ဟိုက်ဒရိုဂျင် (H) ။ ။ သူက ရေထဲက ရနိုင်တယ်
တတိယ အောက်စီဂျင် (O) ။ ။ သူက လေထဲက ရနိုင်တယ်။
သူတို့ (၃) ခု က အစာချက်တဲ့နေရာမှာ အဓိက အသုံးပြုတာပါ။
လုံးဝအဓိက ကျတဲ့ စပါးအတွက် အာဟာရတွေက အောက်မှာ တစ်ခါတည်းလေ့လာကြည့်ရအောင်။ ဒါပေမဲ့ အဲ့ဒါတွေပဲ အရေးကြီး တာတော့မဟုတ်ပါဘူး။ အကုန်လုံးက မျှတနေအောင်လုပ်ထားပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
နိုက်ထရိုဂျင်(N)။ ။ သူကတော့ အရေးကြီးဆုံးအာဟာရဖြစ်ပါတယ်။ စပါးပင်က နိုက်ထရိုဂျင်ကို အများကြီးစုပ်ယူပါတယ်။ အပင်ကြီးထွားဖို့၊ အပင်တိုးတက်ကောင်းမွန်ဖို့၊ အထွက်တိုးတက်ဖို့အတွက် အဓိကပါပဲ။ သူက မြေကြီထဲမှာ ရှိနေပေမဲ့လို့ အပြင်ကနေ ထပ်ပြီးတော့ ပံ့ပိုးပေးနိုင်မှ ကောင်းတာဖြစ်ပါတယ်။ ပုလဲကျွေးတယ် ဆိုတာ အပင်ကို နိုက်ထရိုဂျင် ထည့်ပေးတာပါပဲ။ ပင်ပွားထွက်တဲ့အချိန် နဲ့ ပန်းခိုင်စတင်ဖြစ်ပေါ်တဲ့အချိန်မှာ လုံးဝကို အရေးကြီးပါတယ်နော်။ အရွက်ထွက်တဲ့အချိန်လေးတွေမှာ အရွက်တွေမှာ စုတယ်။ နောက်ပြီးတော့ စပါးစေ့လေးတွေထဲ အထိ နိုက်ထရိုဂျင်က ပါပါတယ်။ စုပ်ယူလိုက်တဲ့ နိုက်ထရိုဂျင် (၇၅%) က စပါးစေ့လေးထဲမှာ သွားစုတာပါ။ အဲ့တော့ နိုက်ထရိုဂျင် က အရေးကြီးတယ်ဆိုတာကို ပြောစရာကိုမလိုတော့ပါဘူး။ နိုက်ထရိုဂျင် ချို့တဲ့တယ်ဆိုရင်တော့ ခုဏက ပြောထားတဲ့ အကျိုးကျေးဇူးတွေကတော့ မရတော့ပဲ အပင်ပုတာ၊ အပင်တွေ ဝါတာတွေ ကိုတွေ့ရမှာပါ။
နိုက်ထရိုဂျင်က အပင်ထဲမှာတင် ရွေ့ပြောင်းနိုင်တဲ့ အာဟာရဖြစ်ပြီးတော့ ပျောက်ဆုံးလွယ် ပျက်စီးလွယ်ပါတယ်။ ၂ရက် ၃ ရက်ကြာရင် အာနိသင်ပြပြီးတော့ ကျွေးတာများရင်လည်း အပင်တွေ ယိုင်လဲတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အငွေ့ပျံလွယ်တယ်၊ အရည်ပျော်လွယ်တယ်၊ စတဲ့အချက်တွေရှိတာကြောင့် ကျွေးတဲ့နေရာမှာတော့ တကယ့်ကို သတိထားပေးရမှာပါ။
ဖော့စဖောရပ်(စ်)(P)။ ။ သူ့ကိုတော့ မြေပြင်တဲ့အချိန်မှာထည့်ပေးလေ့ရှိတတ်ကြပါတယ်။ နိုက်ထရိုဂျင်ထည့်သလိုမျိုး အာနိသင်ကိုတန်းမပြပဲ အမြစ်ဖွံဖြိုးဖို့၊ ပင်ပွားတွေများဖို့၊ ဝတ်မှုန်ကူးတာတွေကောင်းဖို့ နဲ့ ရင့် မှည့်မှု မြန်မြန် ရအောင်လို့ ဆိုတဲ့အချက်တွေမှာ တကယ်ကိုအရေးပါပါတယ်။ ပြီးတော့ ကြွက်တွေဖျက်တာ၊ ပိုးကိုက်တာ စတဲ့ ဒဏ်တွေကနေ မြန်မြန် နာလန်ပြန်ထအောင် လုပ်ပေးပါတယ်။ အထွက်ကိုလည်း သူက ဆုံးဖြတ်ပေးနိုင်ပါတယ်။ သူချို့တဲ့ရင်တော့ အရွက်တွေက အစိမ်းပုတ်ရောင် ဖြစ်နေပြီးတော့ ပင်ပွားကလည်း သိသိသာသာနည်းသွားမယ်။ အပင်ကြီးထွားမှုတွေကလည်း ညီညာတော့မှာ မဟုတ်ပါဘူး။ သူကတော့ နိုက်ထရိုဂျင်လို ပျောက်ဆုံးလွယ်တဲ့ အာဟာရမဟုတ်တော့ တစ်ခါတည်း ထည့်ထားပေးနိုင်ပါတယ်။
ပိုတက်စီယမ် (K)။ ။ ပိုတက်စီယမ် ကလည်း ချက်ချင်းမြင်နိုင်တဲ့ အာနိသင်ကို မပြပါဘူး။ ဒါပေမဲ့ ဇီဝဓာတုဖြစ်စဉ်တွေ ကို အားပေးထောက်ပံ့ တယ်။ အပင်အစာတွေကိုသယ်ပို့ပေးတယ်၊ အစေ့အဆန်တွေကို အလေးပိုစီးစေတယ်၊ ဒါတွေဟာ အထွက်ကောင်းဖို့ ပိုတက်စီယမ် လို ကိုလိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူရှိနေရင် ရေငတ်တာတွေ ခံနိုင်မယ်၊ အင်းဆက်ပိုးတွေ ကျရောက်ဖျက်ဆီးတာမျိုး၊ ရောဂါတွေ ဝင်ရောက်တာမျိးကိုလည်း ကာကွယ်ပေးနိုင်တယ်။ ချိ့တဲ့နေတယ်ဆိုရင်တော့ အရွက်တွေက စိမ်းပုတ်ရောင်ဖြစ်ပြီး အဖျားအနာတွေက ဝါနေမယ် အညိုကွက်လေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။
အနည်းလိုအာဟာရတွေ
အကုန်လုံးကတော့ အရေးကြီးတဲ့ အာဟာရတွေဖြစ်ပေမဲ့ အနည်းလိုအာဟာရတွေထဲမှာ စပါးအတွက်အရေးကြီးတာတွေက ကယ်လဆီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ် နဲ့ မန်းဂနိစ့် တို့ဖြစ်ပါတယ်။ သူတို့နည်းပါးသွားရင်တော့ ရုပ်ပိုင်းဆိုင်ရာ ပုံမမှန် ထိခိုက်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ကတော့ မြေထဲမှာ အပင်တွေလိုအပ်တာထက်ပိုပြီးတော့ ရှိနေတာမို့ စိတ်ချလက်ချနေနိုင်ပါတယ်။ ဒါပေမဲ့ မြေမကောင်းရင်တော့ တစ်မျိးစဉ်းစားရတာပေါ့။
ဇင့် (Zn)
ဇီဝဓာတုဖြစ်စဉ်တွေအတွက် အရေးပါတဲ့ အာဟာရဖြစ်ပါတယ် ကလိုရိုဖီးလ် (အစာချက်လုပ်ရာတွင်အရေးပါသော အစိမ်းရောင်ခြယ်ဆဲလ်) တွေ ထုတ်လုပ်တဲ့နေရာမှာ သူကို သုံးပါတယ်။ ရေသွင်းစိုက်တဲ့ စပါးတွေမှာဆို သူ့ကိုပိုထည့်ပေးဖို့ လိုပါတယ်။ တကယ်လို့သူချို့တဲ့နေတယ်ဆိုရင်တော့ ရွေ့စိုက်ပြီး ၂ပတ်ကနေ ၄ ပတ် မှာ အရွက်ငယ်တွေမှာ အညိုရောင် အစက်အပြောက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုးဝါးရင်တော့ ပင်ပွားတွေက ထွက်တာနဲ့ အပင်တိုးတက်ဖွံ့ဖြိုးမှုတွေ ထိခိုက်မှာဖြစ်ပါ တယ်။ သူက အော်ဂဲနစ်ပစ္စည်းတွေများတဲ့နေရာမှာ ချို့တဲ့မှုဖြစ်တာပိုများပါတယ်။ ကယ်လဆီယမ်များတဲ့ မြေ မှာလည်း ဇင့် ချို့တဲ့မှုဖြစ်တာကို တွေ့နိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုပုံစံနဲ့တူပြီးတော့ သူဖြစ်တာကတော့ ခုနက တင်ပြခဲ့တဲ့မြေအမျိုးအစားတွေမှာဖြစ်တာများပါတယ်။
ဒါတွေကတော့ စပါးစိုက်ပျိုးရေးမှာ အဓိက ဂရုစိုက်ပေးပြီး ထည့်ပေးရမဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ ..
Reference: http://www.ricehub.org/
ထွန်းဝင်းကျော်
Continue reading related topics, questions and articles.
Topic 1
စပါးပင်နှင့်အာဟာရ
ကိုကို
4 years agoစပါဘယ် နှစ်ရက် သားလောက်ပုလဲရင်အကောင်ဆုံးလဲ
ဦးအောင်ထွန်းဝင်း
4 years agoတစ်ပတ်လောက် ရေဖြတ်လိုက်ပါ ပင်ပွားအားနည်းသွားပါလိမ့်မယ် လိုအပ်မှ အစာကျွေးပါ ပန်းပွင့်ချိန်ဆိုရင် ရေမဖြတ်သင့်ပါ
U HTUN SOE
5 years agoဇင့်ကဘယ်အချိန်မှာထဲရဒါလဲ
ဝင်းထိန်ဦး
5 years agoစပါးဟုန်သွားလျှင်ဘယ်လိုလုပ်ဆောင်ပေးရပါသလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026