စပါးပင်တွင်ပိုတက်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ
စပါးတွင် K (ပိုတက်ဆီယမ်)ဓာတ်ချို့တဲ့လျှင် အစာချက်လုပ်မှုနှောင့်နှေးစေ၍ အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် K ဓာတ်ချို့တဲ့မှုသည် စပါးပင်သက်တမ်းတလျှောက် ကြီးထွားမှုအဆင့်တိုင်းအတွက် အလွန်အရေးပါသည်။
အောက်ပါအခြအနေများတွင် K ချို့တဲ့မှုအဖြစ်များသည်။
- N မြေသြဇာအလွန်အကျွံသုံးခြင်း (သို့) N နှင့် P သာ ကျွေးပြီး K ဓာတ်လုံလောက်အောင်မထည့်ပေးသည့်အချိန်
- တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းတွင် အပင်ကြီးထွားသည့်အဆင့် အစောပိုင်း၌ အပင်ဦးရေများပြီး အမြစ်များ တိုနေသေးသည့်အချိန်
- စပါးမျိုး တခုနှင့် တခု K ဓာတ် ချို့တဲ့မှုကို ခံနိုင်ရည်ရှိမှုကွာခြားချိန်
လက္ခဏာ
စပါးပင်မကြီးထွားဘဲ ပင်ပွားအနည်းငယ် လျော့နည်းသည်။ အရွက်များငိုက်ကျပြီး အစိမ်းပုပ်ရောင် အရွက်များတွေ့ရှိရသည်။ အောက် အရွက်ရင့်များတွင် ထိပ်ဖျားမှစ၍ ရွက်လယ်ကြောတစ်လျှောက် အဝါရောင်များဖြစ်ခါ နောက်ဆုံး၌ ခြောက်၍ အညိုဖျော့ရောင် ပြောင်းသွားသည်။ အစိမ်းရင့်ရောင် အရွက်ပေါ်တွင် အညိုရောင် အစက်အပျောက်များ တခါတရံ တွေ့ရှိရသည်။ စပါးနှံပေါ်တွင် ပုံမမှန် တစ်သျုးသေရာမှဖြစ်သော အရွက်များဖြစ်ပေါ်၍ ၊ အနှံသေး၊ ရှည်ဖြစ်နေသည်။ တစ်ခါတရံ ပိုတက်စီယမ် နှင့် နိုက်ထရိုဂျင် အချိုးအစားမညီခြင်း (K များပြီး N နည်း) ပါက အပင်များညှိုးသေသည်။

ပြုပြင်ရန်နည်းလမ်း
- မိမိ ဒေသတွင်ရှိသည့် ပိုတက်စီယမ်ဓာတ်ရရှိနိုင်သော အရင်းအမြစ်များကို စိစစ်၍ ခန့်မှန်းပါ။
- အမြစ်များသန်မာပြီး ပိုတက်စီယမ်စုပ်ယူမှုအားကောင်းစေရန် ထယ်ရေးနက်အောင် ဆောင်ရွက်ပါ။
- မိမိဒေသ နှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သင့်တော်သော အပင်ဦးရေသာစိုက်ပျိုးကာ ၊ ရေသွင်းရေထုတ် စနစ်တကျပြုလုပ်ပါ။
- ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးပါ။ အကယ်၍ ရိုးပြတ်များကို မီးရှို့ခြင်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေဖြစ်ပါက တနေရာထည်းတွင် မရှို့ဘဲ တကွက်လုံးအနှံ့ ဖြန့်ပုံပေးပြီးမှ မီးရှို့ပေးခြင်းဖြင့် ပြာများကို အညီအမျှရအောင် လုပ်ပေးပါ၊
- N နှင့် P ဓာတ်မြေသြဇာများ နှင့် အတူ အနည်းလို အာဟာရဓာတ်များပါ မချို့တဲ့စေရန်ထည့်သွင်းပါ။ K ဓာတ်မြေသြဇာ၊ သစ်ဆွေးမြေသြဇာများ (သို့) အခြားပစ္စည်းများဖြစ်သည့် ( စပါးခွံ၊ ဖွဲပြာ၊ မြေဆွေး) များကိုပါ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံနှင့်အတူ ဆုံးရှုံးသွားသော K ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးအာဟာရချို့တဲ့မှု
Applicable farm inputs (Ad)
ဦးကျော်လွင်မိုး
1 year agoဘလုပ်သင်လဲအကူပေပါ
ဦးကျော်လွင်မိုး
1 year agoအပင်ကောင်ပြီအကွက်ရက်ဖျားပစ်ပြီသေကုန်တယ်
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....