Green Way
ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)

ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)

00:00
00:00

ယမ်းစိမ်းဟုလူသိများသော ဓာတုပစ္စည်းကို အသွင်နှစ်မျိုးနှင့် တွေ့နိုင်သည်။ ပထမတစ်မျိုးမှာ ပိုတက်စီယမ်နိုက်ထရိတ် ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ဆိုဒီယမ်နိုက်ထရိတ်ဖြစ်သည်။ ထို ဓါတ်ပေါင်းနှစ်မျိုးလုံးကို မြေဩဇာအဖြစ် အသုံးပြုနိုင်သော် လည်း ပိုတက်စီယမ်နိုက်ထရိတ်ကိုသာ အလေးထားသုံးစွဲသင့်သည်။

ပိုတက်စီယမ်နိုက်ထရိတ်မှာ သာမန်မြေဩဇာများထက် သာလွန်ကောင်းမွန်သောမြေဩဇာဖြစ်ရုံမက ကမ္ဘာ့စိုက်ပျိုးရေး နယ်ပယ်တွင် ထိပ်တန်းဝင်မြေဩဇာတစ်မျိုးဖြစ်သည်။

ပိုတက်စီယမ်နိုက်ထရိတ်တွင်နိုက်ထရိုဂျင်ကို နိုက်ထရိတ်အဖြစ် 13 % နှင့် ပိုတက် K2O ကို  46 % ပါဝင်သည်။ ထို့ ကြောင့် N.P.K အချိုးအတိုကောက်အနေနှင့် 13 : 0 : 46 ဟုဖော်ပြသည်။

ဆိုဒီယမ်နိုက်ထရိတ်တွင်ကား အပင်၏အဓိကအာဟာရဖြစ်သော နိုက်ထရိတ်တစ်မျိုးတည်းသာ ပါဝင်သည်။ ယင်းအတွင်း ပါရှိသော ဆိုဒီယမ်မှာ အပင်များအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်မဟုတ်ပေ။

ဆိုဒီယမ်နိုက်ထရိတ်တွင်နိုက်ထရိုဂျင် 16.5 % သာပါဝင်သည်။ ထိုမြေဩဇာနှစ်မျိုးကို အပင်အာဟာရအရ နှိုင်းယှဉ်ကြည့် လျှင် ပိုတက်စီယမ်နိုက်ထရိတ် 13 : 0 : 46 က ဆိုဒီယမ်နိုက်ထရိတ် 16 : 5 : 0 : 0 ထက်များစွာသာလွန်ကြောင်း သိ သာသည်။

ထို့ကြောင့် စိုက်ပျိုးသူအနေနှင့် ထိုမြေဩဇာများကို ဝယ်ယူအသုံးပြုရာတွင် အရပ်အခေါ် ယမ်းစိမ်းအမည်ကို မသုံးဘဲ ပိုတက်စီယမ်နိုက်ထရိတ် 13 : 0 : 46 ကိုသာ ရွေးခြယ်ဝယ်ယူသင့်သည်။

ပိုတက်စီယမ်နိုက်ထရိတ်သည် မြေဩဇာကောင်းတစ်ရပ်ဖြစ်၍ ထူးခြားကောင်းမွန်သောလက္ခဏာများ ပါရှိနေသည်။

၁။ အပင်၏အဓိကအာဟာရ ၃ မျိုးအနက် ၂ မျိုးဖြစ်သော နိုက်ထရိုဂျင် ၁၃ နှင့် ပိုတက်စီယမ် ၄၆ ရာခိုင်နှုန်း ပါဝင် သည်။

၂။ အပင်အတွင်းဝင်ရောက်ရန် အလွန်လွယ်ကူသည်။ အမြစ်များမှသာမက အရွက်များမှလည်း လွယ်ကူလျှင်မြန်စွာ ဝင် ရောက်နိုင်သဖြင့် အရွက်ဖျန်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည်။

၃။ အကယ်၍ နိုက်ထရိုဂျင်သည် အမိုးနီးယားအသွင်ဖြင့် ဝင်ရောက်ပါက အပင်အား အဆိပ်ဖြစ်စေနိုင်သည်။ ထိုသို့ အဆိပ်မဖြစ်ရန် အပင်အတွင်းဝင်ရောက်ပြီး မကြာမီအတွင်း ကာဘွန်ကွန်ပေါင်းများဖြင့် ထိုအဆိပ်ကို ဖြေဖျောက်ပစ်ရ သည်။ ပိုတက်စီယမ်နိုက်ထရိတ်မှ နိုက်ထရိုဂျင်မှာ နိုက်ထရိတ်ဖြစ်၍ အပင်အားအဆိပ်မသင့်၊ အပင်အတွင်း အချိန်အ တော်ကြာကြာအထိ ထိုအနေအထားအတိုင်း အန္တရာယ်ကင်းစွာ သိုထားနိုင်သည်။

၄။ ပိုတက်စီယမ်နိုက်ထရိတ်တွင် မည်သည့်ဓါတ်မြေဩဇာများတွင်မှ မတွေ့နိုင်သော ဟော်မုန်းကဲ့သို့ နှိုးဆွသတ္တိ Stimulating power  ရှိသည်။ 

၅။ ပိုတက်စီယမ်နိုက်ထရိတ်သည် အပင်အတွင်း ဝင်ရောက်သွားသောအခါ အပင်အတွင်းရင့်မှည့်ဟော်မုန်း အက်သလင်း Ethylene ကိုဖြစ်ပေါ်စေသည်။ ဟော်မုန်း၏အစွမ်းကြောင့် ရင့်ပြီးအသီးများကို အရောင်တောက်ပစေသည်။ မှည့်ချိန်ကို စောစေပြီး ပို၍လှပတောက်ပြောင်သောအရောင်ကို ဖြစ်ထွန်းစေသည်။ အလေးချိန်ကိုလည်းတိုးစေသည်။ ကြက်မောက် သီး၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ သရက်သီး အစရှိသည့် အပင်များတွင် အသုံးပြုနိုင်သည်။

အပင်မှရိတ်သိမ်းချိန်မတိုင်မီ အခြားရင့်မှည့်ဟော်မုန်းကို အသုံးပြုပါက အသီးများမှည့်ရုံသာမက အရွက်များပါ ဝါပြီးပျက် ဆီးသွားနိုင်သည်။ အကယ်၍ ပိုတက်စီယမ်နိုက်ထရိတ်ကို အသုံးပြုပါက အရွက်များမပျက်ဆီးပဲအသီးများကိုသာ မှည့်စေမည်ဖြစ်သည်။

၆။ အရွက်ဖျန်းဆေးအဖြစ် 0.5 % (ရေ ဆယ်ပိဿာတွင် ပိုတက်စီယမ်နိုက်ထရိတ် ၅ ကျပ်သား) ဖြင့် သီးနှံပင်၏သက် တမ်းတစ်လျောက် လိုအပ်သလိုအကြိမ်ကြိမ် ပက်ဖျန်းနိုင်သည်။

✔အပင်တိုင်းတွင်အချိန်မရွေးအသုံးပြုနိုင်သည်။

ဦးဖရက်သိန်းဖေ    ၂၉/၁၁/၂၀၁၅

 

ဦးလှပြုံး

ဦးလှပြုံး

2 years ago

NPK. 0:52:34ကို သရက်ပန်းမပွင့်မှီအသုံးပြုလို့ရပါသလားခင်ဗျာ

မန်သစ်ခိုင်

မန်သစ်ခိုင်

3 years ago

၁၃း၀း၄၆​ေမြသြဇာကဘာနာမည်နဲ႔ထွက်တာလည်း

Kyaw Bo Bo Htut

Kyaw Bo Bo Htut

4 years ago

ပိုတက်စီယမ်နိုက်ထရိတ်က ဘယ်လိုဆိုင်မျိုးတွေမှာ၀ယ်လို့ရလဲခင်ဗျ

ဘုန်းမြတ်မင်း

ဘုန်းမြတ်မင်း

4 years ago

၁ဂါလံကိုဘယ်လောက်ထည့်ရမလဲ လက်ချားနဲ့ရောဖြန်းလို့ရလားခညာ ယမ်းစိမ်းဆိုတာ ပရဆေးဆိုင်က ယမ်းစိမ်းကိုပြောတာလား ရှင်းအောင်ပြောပြပေးပါလား

ဘုန်းမြတ်မင်း

ဘုန်းမြတ်မင်း

4 years ago

ယမ်းစိမ်းကို ပဲပင်မှာ 1% ထည့်လိုရတယ်ဆိုတာဟုတ်ပါသလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....