Green Way
စပါးပင်တွင် သံဓာတ်ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

စပါးပင်တွင် သံဓာတ်ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

Green Way
Green Way 15/08/2024

သံဓာတ်ချို့တဲ့လျှင် အစာချက်လုပ်မှုကို ထိခိုက်သဖြင့် အပင်ကျုံလှီကာ အထွက်နှုန်းကိုများစွာ ထိခိုက်နိုင်သည်။

သံဓာတ်ချို့တဲ့ခြင်းသည် ရေသွင်းစပါးခင်းများတွင် တွေ့ရခဲသည်။ စပါးပင်၏သက်တမ်းတလျှောက် မည်သည့်အရွယ်တွင်မဆို ဖြစ်နိုင်သည်။ အငံဓာတ်များသော မြေများနှင့် ထုံးပေါက်သော ယာစပါးခင်းများတွင် အဖြစ်များကာ အထွက်နှုန်းကိုများစွာ ထိခိုက်စေသည်။

လက္ခဏာများ

အရွက်နုများ၏ ရွက်ကြောများအကြားတွင် အဝါရောင်သန်းလာပြီး ရောင်မညီကွက်များဖြစ်လာသည်။ အရွက်တခုလုံး အရောင်မညီဖြစ်လာကာ ဖြူဖျော့သွားသည်။ သံဓာတ်ချို့တဲ့မှုပြင်းထန်ပါက တစ်ပင်လုံးအရာင်ဖြူဖျော့ကာ သေဆုံးသွားသည်။

သံဓာတ်ချို့တဲ့မှု သေချာစေရန် မြေဆီလွှာ နှင့် အပင်နမူနာကို နီးစပ်ရာစိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်သည်။

ပြုပြင်ရန်နည်းလမ်း

  • သံဓာတ် ခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ (သက်ဆိုင်ရာ စိုက်ပျိုးရေးဌာန နှင့် ဆက်သွယ်စုံစမ်းကာ သင့်တော်သောမျိုးကို ရွေးချယ်ပါ)
  • အော်ဂဲနစ်ပစ္စည်းများ ( အပင်အကြွင်းအကျန်များ၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများ) ကို စုဆောင်းထည့်သွင်းပါ။
  • မြေချဥ်ငံကိန်းမြင့်သော မြေများတွင် အက်ဆစ်ဓာတ်ဖြစ်ပေါ်စေသော ဓာတ်မြေသြဇာများကို သုံးပါ (ဥပမာ -ယူရီးယားအစား အမိုနီယမ်ဆာလဖိတ်ကို သုံးပါ)
  • အနည်းလိုအာဟာရ အဖြစ် သံဓာတ် (Fe) ပါဝင်ထည့်သွင့်ထားသော မြေသြဇာကို ရွေးချယ်သုံးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

Continue reading related topics, questions and articles.

9
k,Paw Wah

k,Paw Wah

10 months ago

လိုချင်လို့

k,Paw Wah

k,Paw Wah

10 months ago

ပြောပြဘာလား

k,Paw Wah

k,Paw Wah

10 months ago

သဘာဝလုပ်နည်း

k,Paw Wah

k,Paw Wah

10 months ago

အပွင့်အားဆေး

Kalr

Kalr

1 year ago

test

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....