ကြက်သွန်နီတွင် လိုအပ်သော အာဟာရဓာတ်များ
ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။
သစ်ပင်တိုင်း လိုအပ်သောအာဟာရဓာတ်များတွင် အများလိုအာဟာရဓာတ်များ နှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ ကြက်သွန်နီတွင််လည်း အထွက်နှုန်း ကောင်းရန်နှင့် ကြက်သွန်အရည်အသွေးကောင်းရန်အတွက် အများလိုနှင့် အနည်းလို အာဟာရဓာတ်များ မျှတညီမျှစွာရရှိရန် လိုအပ်ပါသည်။
ကြက်သွန်နီတွင် လိုအပ်သော အများလိုအာဟာရဓာတ်များမှာ-
နိုက်ထရိုဂျင် (N)
နိုက်ထရိုဂျင်ကို ကြက်သွန်နီတွင် စိုက်ပျိုးပြီးနောက်ပိုင်းအရွက်များ ထွက်ရှိရန်ပို လိုအပ်ပါသည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းကြီးထွားမှုကို အားပေးသော အာဟာရဓာတ်ဖြစ် သောကြောင့် အမိတ်စားကြက်သွန်များတွင် နိုက်ထရိုဂျင်ကို ပိုလိုအပ်ပါသည်။ သို့သော်လည်း နိုက်ထရိုဂျင်ကို အလွန်အကျွံမကျွေးသင့်ပါ။ အလွန်အကျွံကျွေးခဲ့လျှင် ကြက်သွန်ရင့်မှည့်မှု နောက်ကျတက်ပါသည်။ ထို့အပြင် ကြက်သွန်ဥများ ပျော့သွားခြင်းနှင် ဥပုတ်ခြင်းများ ဖြစ်ပေါ်စေပါသည်။
ဖော့စ်ဖောရပ်စ် (P)
ဖော့စ်ဖောရပ်စ်သည် အထွက်နှုန်းနှင့် ဥ အရည်အသွေးပေါ်ကို တိုက်ရိုက်သက်ရောက် နေပါသည်။ ဖော့စ်ဖောရပ်စ်သည် ကြက်သွန်အမြစ်များ ကြီးထွားရန်အတွက် လိုအပ်ပါသည်။ ကြက်သွန်အမြစ်များမှ စုပ်ယူလိုက်သော ဖော့စ်ဖောရပ်စ် ၇၀ ရာခိုင်နှုန်းကျော်ကို ဥများ ကြီးထွားရန်အတွက် အသုံးပြုပါသည်။ ဖော့စ်ဖောရပ်စ် ပါဝင်သော မြေသြဇာများသည် ပျော်ဝင်မှုနှေးသောကြောင့် ဖော့စ်ဖောရပ်စ်ကို မြေခံမှာကတည်းက ကျွေးသင့်ပါသည်။
ပိုတက်စီယမ် (K)
ပိုတက်စီယမ်ကို ကြက်သွန်ပင်၏ နောက်ပိုင်းအဆင့်များတွင် ပိုလိုအပ်ပါသည်။ စုပ်ယူလိုက်သော ပိုတက်စီယမ်များကို အရွက်များအတွက် အသုံးပြုပါသည်။ ပိုတက်စီယမ် သည် ကြက်သွန်ပင်ကို တောင့်တင်းခိုင်မာစေပြီး ပိုးမွှားရောဂါများဒဏ်ကို ခံနိုင်ရည် ရှိစေပါသည်။
ကယ်လ်စီယမ် (Ca)
ကယ်လ်စီယမ်ကို ကြက်သွန်နီတွင် အစောပိုင်းကြီးထွားမှုကာလနှင့် ဥဖြစ်ပေါ်ချိန်တွင် အများဆုံးလိုအပ်ပါသည်။ ကယ်စီယမ်သည် ကြက်သွန်ဥများကျစ်လစ်မှုနှင့် သိုလှောင်ချိန် တွင် ဥ၏အရည်အသွေးကို လွှမ်းမိုးထားပါသည်။ ထို့အပြင် ကယ်လ်စီယမ်သည် ကြက်သွန်ဥ ၏ အလေးချိန်ကို တိုးစေပြီး အခွံအရည်အသွေးကို ကောင်းစေပါသည်။
ဆာလဖာ (S)
ဆာလဖာသည် ကြက်သွန်နီတွင် နောက်ပိုင်းအဆင့် ဥများရင့်မှည့်ချိန်တွင် အများဆုံး လိုအပ်ပါသည်။ ကြက်သွန်တွင် အနံ့စူးရှမှု၊ အစပ်အရသာဖြစ်ပေါ်မှုတို့သည် ဆာလဖာ ပါဝင်မှုကြောင့်ဖြစ်ပါသည်။
ကြက်သွန်နီတွင် လိုအပ်သော အနည်းလိုအာဟာရဓာတ်များမှာ-
အိုင်းရွန်း (Fe)
အနည်းလိုအာရဓာတ်များတွင် အိုင်းရွန်းသည် အများဆုံးလိုအပ်သော အာဟာရဓာတ် ဖြစ်ပါသည်။ အိုင်းရွန်းသည် အစာချက်လုပ်ခြင်းလုပ်ငန်းအတွက် အရေးကြီးပါသည်။ ထို့အပြင် အထွက်နှုန်းနှင့် အရည်အသွေးအပေါ်တွင် လွှမ််းမိုးမှုရှိပါသည်။
ဘိုရွန် (B)
ဘိုရွန်သည် ပရိုတိန်းထုတ်လုပ်မှုအတွက် အရေးကြီးသော အာဟာဓာတ်တစ်ခုဖြစ် ပါသည်။ ဘိုရွန်သည် ကြက်သွန်နီအတွက်အရေးကြီးသော ကယ်လ်စီယမ်ကို အပင်မှစုပ်ယူရာ တွင် ကူညီပေးပါသည်။
ကော့ပါး (Cu)
ကြက်သွန်နီတွင် ကော့ပါးသည်လည်း အစာချက်လုပ်ခြင်းလုပ်ငန်းတွင် အရေးကြီး သော အာဟာရဓာတ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ကြက်သွန်ဥ အရည်အသွေးနှင့် ကြက်သွန် အခွံအရောင်ကို လွှမ််းမိုးထားပါသည်။
ဇင့် (Zn)
ဇင့်သည် ကြက်သွန်အစေ့ထုတ်ယူရာတွင် အရေးကြီးပါသည်။ အစေ့အညှောင့်ပေါက်ခြင်းကို ကူညီပေးပြီး အစေ့အထွက်နှုန်းကိုလည်း တိုးစေပါသည်။ ဇင့်သည် အစာချက်လုပ် ခြင်းလုပ်ငန်းတွင် အရေးကြီးပြီး အထွက်နှုန်းကိုလည်း ကောင်းမွန်စေပါသည်။
ထို့ကြောင့် ကြက်သွန်နီစိုက်ပျိုးရာတွင် လိုအပ်သောအာဟာရဓာတ်များကို ကြက်သွန် နီ၏ သက်တမ်းအလိုက်အရေးပါပုံများကို သိရှိသွားပြီဖြစ်သောကြောင့် အရည်အသွေး ကောင်းပြီး စျေးကွက်ဝင်သော ကြက်သွန်နီများထုတ်လုပ်နိုင်ရန် သက်တမ်းအလိုက် လိုအပ်သောအာဟာရဓာတ်များကို စနစ်တကျအသုံးပြုကြရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကြက်သွန်နီအပင်အာဟာရ
soenaing
2 years agoမဂ်လာပါခင်မျာ🙏🏻🙏🏻🙏🏻
TunTun
3 years agoမြေဆီဘာကိုသုံးသင့်ပါတလဲ
Minkhant Soe
4 years agoစာရေးသူနဲ့ တိုက်ရိုက်စကားလေးပြောချင်ပါတယ်ခင်ဗျာ။ ဘယ်လိုဆက်သွယ်ရမလဲ ခင်ဗျာ။
သန်းဌေးအောင်
5 years agohi
htay aung
5 years agoကြက်သွန်အပင်အလယ်တွေမှအဝါကွက်တွေရှီနေလိုဘာရောဂါဘာမှိုဆေးသုံရင်ရနိုင်မလည်ဗျာ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မောင်ချမ်းသာဦး
See all
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....