Green Way
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း

ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

       စပါးစိုက်ပျိုးသောတောင်သူဦးကြီးအများစုသည် စပါးရိတ်သိမ်းပြီးသောအခါ ကောက်ရိုးများကို အလွယ်တကူမီးရှို့ပစ်ကြပါသည်။ အချို့သောတောင်သူများသည်လည်း မီးမရှို့ဘဲ တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပါသည်။ ထိုသို့မီးရှို့ခြင်းသည် မြေကြီး အတွက် အာဟာရဓာတ်များပြန်လည် ရရှိသော်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်သောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်  ကမ္ဘာကြီးပူနွေးမှုကိုပါဖြစ်စေပါသည်။ ထို့အပြင် မြေကြီးထဲရှိ အကျိုးပြုအဏုဇီဝပိုးများနှင့် သက်ရှိအများစု သေဆုံးသွားနိုင်ပါသည်။ ထိုကြောင့် ကောက်ရိုးများကို မီးမရှိ့ဘဲ မည်ကဲ့သို့အကျိုးရှိရှိအသုံးချမည်ကို ဆက်လက် လေ့လာကြရအောင်။

တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း

       စိုက်ပျိုးရေးဆိုသည်မှာ သီးနှံ၊သစ်ပင်များ စိုက်ပျိုးနေရုံ မဟုတ်ဘဲ မွေးမြူရေးနှင့် တွဲ၍လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအနေနှင့် ဝင်ငွေ ပိုရစေရန် မွေးမြူရေးပါ တွဲ၍လုပ်ကိုင်သင့်ပါသည်။ စပါးစိုက်ပျိုးသော တောင်သူများအနေနှင့် ကျွဲ၊ နွား မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ပါက တိရစ္ဆာန်အစာအတွက် ပူစရာမလိုတော့ပါ။ ကျွဲ၊ နွားများ မွေးမြူသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် ထိုကျွဲ၊ နွားများ အသုံးပြု၍ လုပ်ကိုင်နိုင်သောကြောင့် ကုန်ကျစရိတ်ပါသက်သာစေပါသည်။ 

မြေဆွေးပြုလုပ်ခြင်း

       ကျွဲ၊ နွားများ မွေးမြူရန် မလွယ်ကူသော တောင်သူများသည် ကောက်ရိုးများကို မီးမရှို့ဘဲ မြေဆွေးပြုလုပ်နိုင်ပါသည်။ ထို့သို့မြေဆွေးပြုလုပ်ခြင်းသည်လည်း သြဂဲနစ်စိုက်ပျိုး ရေးလုပ်ကိုင်နေသူများအတွက် အလွန်အရေးပါပါသည်။ စပါးစိုက်တောင်သူများအတွက် လည်း ရရှိလာသော မြေဆွေးများကို မိမိတို့စိုက်ခင်းများတွင် ပြန်လည်ထည့်သွင်း ပေးသောကြောင့် မြေသြဇာကုန်ကျစရိတ်ကို များစွာသက်သာစေပါသည်။ 

ဥယျာဥ်ခြံသီးနှံများစိုက်ပျိုးခြင်းတွင် မြေများဖုံးအုပ်ပေးခြင်း

        ဥယျာဥ်သီးနှံများဖြစ်ကြသော ငရုတ်၊ခရမ်းချဥ်၊ ခရမ်း၊ ပန်းမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ အစရှိသည့် သီးနှံမျိုးစုံများတွင် ကောက်ရိုးများကို ပလတ်စတစ်များအစား အပင်ခြေပတ်ပတ်လည်ရှိမြေကြီးအား ဖုံးအုပ်၍(Mulching)  စိုက်ပျိုးနိုင်ပါသည်။ ထိုသို့ဖုံးအုပ်၍ စိုက်ပျိုးပေးခြင်းဖြင့် မြေကြီး၏ အစိုဓာတ်ကို ထိန်းချုပ်ထားသောကြောင့် ရေလိုအပ်မှုနည်းပါးစေခြင်း၊ ပေါင်းများပေါက်ရောက်မှုကို လျော့နည်းစေသောကြောင့် ပေါင်းသတ်ဆေးကုန်ကျစရိတ်၊ လုပ်အားကုန်ကျစရိတ်များကို သက်သာစေပါသည်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်း

        ကောက်ရိုးမှိုစိုက်ပျိုးခြင်းတွင် အဓိကလိုအပ်သော ကုန်ကြမ်းမှာ ကောက်ရိုးဖြစ်ပါ သည်။ ကောက်ရိုးများကို မီးမရှို့ပစ်ဘဲ ကုန်ကျစရိတ်နည်းသော ကောက်ရိုးမှိုစိုက်ပျိုး၍ နောက်ထပ်ဝင်ငွေတစ်ခု ထပ်ရှာနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

 

3
ကျော်လင်း သိုက်

ကျော်လင်း သိုက်

5 years ago

ဘာလို့ လုပ့်ရမှာလည်

နိုင်လင်း

နိုင်လင်း

5 years ago

‌မြေ‌ဆွေးပြုလုပ်‌ပုံ သိခ ျင်‌ပါတယ်‌

Anonymous

Anonymous

5 years ago

This is a very effective way to get more income and technology to the farmers and consumers.

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....