စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်း (၂)
ဗေဒါနှင့် မြေပဲကြိတ်ဖတ် အခြေခံသော စူပါအီးအမ် ဘိုကာရှီမြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
- ဗေဒါ
- နောက်ချေး
- ဖွဲကြမ်း
- ပြာ
- မီးသွေးမှုန့်
- ပဲဖတ်
- အသင့်သုံးအီးအမ်
ဗေဒါအခြောက်လေးဆပုံထားပါ။ နောက်ချေး ၄ ဆနှင့် ဖွဲကြမ်း ၂ ဆကို ဗေဒါပုံပေါ်သို့ထည့်ပါ။ ထို့နောက် အီးအမ်၊ ပြာ၊ မီးသွေးမှုန့်ထည့်၊ ပဲဖတ် ၂၅ ရာခိုင်နှုန်းထည့်ပြီး သမအောင်မွှေပါ။
မွှေပြီးအရောကို အစိုဓာတ်တိုင်းထားပါ။ ငါးရက်တစ်ကြိမ် အထက်အောက်လှန်ပေးပါ။
လွှစာအခြေခံသော စူပါအီးအမ်ဘိုကာရှီ မြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
- လွှစာ
- အသင့်သုံးအီးအမ်
- ဖွဲကြမ်း
ပြုလုပ်ပုံအဆင့်ဆင့်
ပုံထားသောလွှစာထဲသို့ အီးအမ်နှင့် ဖွဲကြမ်းထည့်ပြီးမွှေပါ။
တစ်ပတ်ကြာသောအခါ လွှစာများမှိုတက်နေပါလိမ့်မယ်။ ဒါဆိုရင်လွှစာအခြေခံသောစူပါအီးအမ်ဘိုကာရှီမြေသြဇာရပါပြီ။ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။
ဝါးရွက်အခြေခံသော စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း
ပါဝင်ပစ္စည်း
ဝါးရွက်
ဖွဲကြမ်း
အီးအမ်
သကာရည်
ဝါးရွက်ပုံထဲသို့ ဖွဲကြမ်းရောထည့်ပါ။ ထိုအပုံထဲသို့ အီးအမ်နဲ့သကာရည်ထည့်ပြီး သမအောင်မွှေပါ။
အိတ်ထဲထည့်သိုလှောင်ပြီး တစ်ပတ် ၁၀ရက်နေရင် မြေသြဇာအဖြစ်အသုံးပြုနိုင်ပါသည်။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
အရင်တစ်ပတ်ကတင်ထားသော “စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁)” ကိုလေ့လာရန် စာတန်းကိုနှိပ်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
koko
5 years agoစားဖတ်တယိ
ကိုဇော်ဇော်
5 years agoအချိုးအစားများကိုပြည့်စုံစွာဖြင့် နားလည်လွယ်သောအချိန်အတွယ်နှင့်တကွဖော်ပြစေလိုပါတယ်။ကျေးဇူးပါ။
A k h
5 years agoအီးအမ်ကဘယ်နားမှာဝယ်လို့ရလဲ
ဝင်းနိုင်
5 years agoမြေပဲကြိတ်ဖတ်က ၂၅ရာနုန်းဆိုတာကအားလုံပေါင်းရဲ့ရာနှုန်းလား၊ပိသာနဲ့ပြောပြေစခြေင်ပါတယ်ဗျာ
Saw Ko latt
5 years agoဆရာတို့ဆီက ရရှိသောနည်းပညာများမှာအဖိုးကြီးလှပါ၏ ကျေးဇူးပြု၍ ကျနော်တို့နားလည်လွယ်မည့် အချိန်အတွယ်များကို ဖော်ပေးစေလိုပါသည် ဥပမာ မီးသွေးဆို ပိသာ သို့မဟုတ် တင်းတောင်း စသည့်ချိန်တွယ်နည်းအချိုးအစားများနှင့်ဆို ပိုမိုနားလည်ကြပါမည် ကျေးဇူးပါ ဆရာ ဆရာမများ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026