ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA)
ငါးအမိုင်နို အက်စစ်သည် အပင် အတွက် လိုအပ်သော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု အားပေးသောဓာတ်ကို အဓိက ပေးစွမ်းစေပါတယ်။ ပြုလုပ်ရန် အတွက် လိုအပ်သော ပစ္စည်းများမှာ….
· ငါးရိုး၊ ငါးခေါင်း၊ အူနှင့် အကြေးခွံ့(အရေခွံ့)၊ ငါးစွန့်ပစ်ပစ္စည်း (အညစ်အကြေး၊ ကလီစာ)
· သကြားကြမ်း/ ထန်းလျက်/ ကြံသကာ
· စဉ့်အိုး (သို့) ပလပ်စတစ်အိုး
· စက္ကူစ၊ ကြိုးစ
အချိုးအစားမှာ ငါးစွန့်ပစ် ပစ္စည်းများကို အလေးချိန် ဆတူရှိသော သကြားကြမ်းနှင့် ရောပါ။
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ဦးစွာ ပထမ ငါးအရိုးနှင့် ခေါင်း၊ ဝမ်းတွင်းသား၊ အရိအချွဲများ စသည်တို့ကို စဉ်းတီတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲ ထည့်ပါ။
၂။ ငါး၏ စွန့်ပစ်ပစ္စည်းများနှင့် အလေးချိန် ဆတူရှိသော သကြားကြမ်း (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာ သုံးနိုင်ပါတယ်)နှင့် ရောမွှေကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ထည့်ကာ စက္ကူစဖြင့် ဖုံးအုပ်ပြီး ကြိုးစဖြင့် ချည်နှောင်ပါ။ မြန်မြန် အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။
၃။ ထို့နောက် အိုးထိပ်ဝကို ပလပ်စတစ် အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့် ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူ မနီးသောနေရာတွင် ထားပါ။ ၂ ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာ ထွက်ပါက အဆင်သင့် ဖြစ်ပါပြီ။
(သတိပြုရမည့် အချက်မှာ စဉ့်အိုးအတွင်း ထည့်လျှင် စဉ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တဝက် လေဟာနယ် ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို ၂ရက် ၃ရက်တခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။)
၃။ နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်ပါတယ်။ အဲ့ဒီအခါကျ စဉ့်အိုးရဲ့ တဝက် သာသာပဲ ထည့်သင့်ပါတယ်။ နို့မို့ဆို လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့ အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်ပါတယ်။
၄။ ထားနိုင်လျှင် ၄ပတ်မှ ၆ပတ်အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ် ရရှိပါမယ်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ရေသန့် ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်း ထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။
အသုံးဝင်ပုံ
· အပင်များအား ဖျန်းသည့်အခါ ၎င်းသက်သက် ဖျန်းလျှင် ရေအဆ ၃၀၀မှ ၅၀၀ ရောဖျန်းနိုင်ပါတယ်။ ရေ ၄ ဂါလံပုံးတွင် ၄၀ စီစီမှ ၆၀ စီစီ (လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ခန့်)အထိ ရောစပ် ဖျန်းနိုင်သည်။
· အပင်ငယ် ပျိုးပင်များကို ၃၀ စီစီခန့်သာ ရောစပ်ပါ။ အပင်ကြီးများကို အရွက်ရော အပင်ခြေတဝိုက် မြေများကိုပါ ဖျန်းနိုင်ပါတယ်။
· မြေဆွေး ပြုလုပ်ရာတွင်လည်း တင်း ၂၀ မှ ၃၀ မြေဆွေးပုံတွင် ငါးအမိုင်နို ၁လီတာမှ ၁ဂါလံအထိ အဆင်ပြေသလို ရောစပ်နိုင်ပါတယ်။
Wai Aung Chan Myo
Continue reading related topics, questions and articles.
U Myint Oo
2 months ago၂ နှစ်ရှိ့ပါပြီ ကောင်းနေတုန်းပါ ပိုကြာကြာ ထားလို့ရမဲ့ နည်းလမ်းရှိ့ရင် ပြန်လည် မျှဝေခဲ့ပါ
ဟိန်းမင်းသူ
4 months agoထိုင်းနိုင်ငံတစ်နိုင်ငံလုံး အိမ်တွင်းထုပ်နိုင် နေကြသုံးနေကြသော EM အပြင်းစား လုပ်နည်း။ တန်ဘိုးရှိ၍ မှတ်တမ်းတင်ပါသည်။ ☘️☘️☘️☘️☘️☘️☘️☘️ EM ဖျော်ရည်အပြင်းပြုလုပ်ခြင်း ====================== ၁။ လိုအပ်သောပစ္စည်း - (က) ငှက်ပျောသီးမှည့် (၁)ပိသာ။ ( ခ ) ရွှေဖရုံသီးမှည့် ( ၁) ပိသာ။ ( ဂ ) သင်္ဘောသီးမှည့် (၁) ပိသာ။ (ဃ) မုန့်လုပ်ထန်းလျှက်( ၂) ပိသာ။ ( င ) ကြက် ဥ (၅)လုံး။ ( စ ) ဆန်ဆေးရည် (၁၀)လီတာ။ ၂။ ထန်းလျှက်ကိုကြိုပြီး အအေးခံထား ပါ ရလာသောထန်းလျှက်ရည် ကြက်ဥ ဆန်ဆေးရည် အသီးအနှံတို့ကို ဂါလံ ၅၀ ဆန့်စဉ်အိုးထဲထည့်ပြီးရေ(၃)ပုံ(၂)ပုံဖြည့် ပါ အားလုံးကိုမွှေပေးပြီးအဝတ်ပါးနက်စ ဖြင့်လုံအောင်စည်းပြီးအေး၍ခြောက်သွေ့ ပြီး နေရောင်ခြည်တိုက်ရိုတ်မထိတွေ့နိုင် သောနေရာတွင်ထား၍ (၂)ရက် (၁) ကြိမ် ခန့်လှုပ်ပေးပါ(၁၄)ရက်ကြာပါက မှိုမျှင် လေးများထွက်လာသည်ကိုတွေ့ရှိရပါမည် မှိုမျှင်မတွေ့ရပါက ထန်းလျှက် (၂၅)ကျပ် သားကိုကြို၍ အအေးခံ၍ထပ်ထည့်ပေးရ ပါမည်။ ၃။ (၄၅) ရက်ခန့်အကြာတွင် အသုံးပြု နိုင်ပြီဖြစ်သော EM ဖျော်ရည်အပြင်းကို ရရှိပြီဖြစ်ပါသည်။ ၄။ EM ဖျော်ရည်အပြင်း (၁) လီတာကို ရေ(၂၀)လီတာဖြင့်ရောစပ်၍EMဘိုကာရှီ မြေသြဇာပြုလုပ်နိုင်သည် ရေအဆ ၅၀၀ မှ ၁၀၀၀ အထိရောစပ်၍ အပင်များကို လောင်းခြင်း အပင်ခြေလောင်းခြင်းများ ကိုပြုလုပ်နိုင်သည်။ ၅။ EM ဖျော်သည် သဘာဝဖျော်ရည်ဖြစ် ၍ ပိုးမွှားရောဂါဒါဏ်ကို ခံနိုင်ရည်ရှိသည် အပြင်အပင်များကိုကျန်းမာသန်စွမ်းစေ၍ စားသုံးသူလူနှင်တိရိစ္ဆာန်များအတွက် ဓာ တုကင်းလွတ်သော သီးနှံများအဖြစ် ခိုင် မာစွာ ရပ်တည်နိုင်သည့် Organic farming system သို့ဦးတည်မည့် လုပ် ငန်းစဉ်တခုဖြစ်ပါကြောင်းနှင့် တောင်သူ များအတွက်အကုန်အကျသက်သာပြီး ရိုး ရှင်းလွယ်ကူသော နည်းပညာလေးဖြစ်၍ အတုယူနိုင်ဖို့တင်ပြပေးလိုက်ပါသည်။ ဆရာသော်ဇင်ထွန်း ပြောပြပေးထားတာကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျားးးးးးး
Ko Myo
5 months agoငါးအမိုင်နိုအက်စစ်နဲ့ အခြား ပိုးဆေးမှိုဆေးနဲ့ ရောသုံးလို့ ရလားဗျ
Wai Gyi
7 months agoစပါးပင်တွေကိုဖျန်းလို့ရလား ဘယ်နှစ်ကြိမ်လောက်ဖျန်းသင့်ပါသလဲ
ဦးယုစံ
11 months agoဖော်စပ်ပြီး အချိန်ဘယ်လောက်ထားခံပါသလဲ ခင်ဗျာ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....