Green Way
ရုံးပတီသက်တမ်းအလိုက် သဘာဝမြေသြဇာကျွေးနည်း

ရုံးပတီသက်တမ်းအလိုက် သဘာဝမြေသြဇာကျွေးနည်း

Agriculturalist K.S
Agriculturalist K.S 24/06/2024

ရုံးပတီသီး၏ မူရင်းဒေသသည် အရှေ့တောင်အာရှ၊ အာဖရိကတိုက် ဖြစ်ပြီး ဝါ၊ ချဉ်ပေါင်၊ ကပ်စေးနှဲ၊ ဝက်ချေးမနှဲတို့နှင့် မျိုးရင်း အတူတူဖြစ်သည်။ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မိုး၌ပိုမိုဖြစ်ထွန်းကာ နွေ၊ ဆောင်း၌ စိုက်ပျိုးပါက ဖြစ်ထွန်းမူနည်းသဖြင့် မိုးစိုက်ပျိုးခြင်းထက် အပင်ကို စိပ်စိပ်စိုက်ပေးရန် လိုအပ်သည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး နုန်းမြေတွင် ပိုမို ဖြစ်ထွန်းသည်။

သဘာဝနည်းဖြင့် သက်တမ်းအလိုက် မြေသြဇာကျွေးရာတွင်

(၁) မြေခံအဖြစ်ထည့်သွင်းခြင်း

ရုံးပတီစိုက်ရန် စိုက်ကျင်းများထဲသို့ သဘာဝမြေသြဇာကို စနစ်တကျ ထည့်ပေးရမည်။ ကြက်ချေး၊ ငှက်ချေး၊ လင်းနို့ချေး တစ်မျိုးမျိုး ပြည်ဝက်ကို ပြာတစ်ပြည်အား မြေကြီး ဆတူရောပြီး ကျင်းအနက်၏ သုံးပုံတစ်ပုံခန့်ကို ထည့်ပေးရမည်။ ကျန်သုံးပုံနှစ်ပုံကို နွားချေး ပြည်ဝက် + (သစ်ရွက်ဆွေး၊ လွှစာဆွေး၊ ဝါးရွက်ဆွေး၊ စပါးခွံဆွေး) တစ်ပြည်အား တူးလို့ရသော မြေသားနဲ့ ပြန်ရောပြီး စိုက်ကျင်းထဲ ထည့်ပေးရမည်။ ကောက်ရိုးဖြင့် မြေငွေ့ဖုံးခြင်း ဆောင်ရွက်ရမည်။ (နွေနှင့်ဆောင်းကာလတွင်သာ မိုးကာလတွင် မိုးများလွန်းသောဒေသဖြစ်ပါက ကောက်ရိုးအုပ်ပေးပါက ရေဝပ်ကာ အပင်ဖြစ်ထွန်းမည်မဟုတ်) မြေခံအဖြစ် ရုံးပတီတစ်ပင်အတွက် ၄င်းနည်းအတိုင်း ထည့်ပေးပါက လုံလောက်ပါပြီ။

(၂) ရွက်ဖြန်းဆေးဖြန်းခြင်း

၁၅ - ၄၅ ရက်သား = ၄၅ ရက်သားအထိ ငါးအမိုင်နိုကို ၅ ရက်တစ်ခါ ဖြန်းပေးရမည်။ ၃၀. ၄၅ ရက်သားများ၌ ပေါင်းလိုက် မြေဆွကာ အပင်တစ်ပင်ကို ဖွဲပြာ ၂ လုံးစီ အုံပေးရမည်။ (တိကျစရာမလို၊ ခက်မှန်းခြေဆို ရပါပြီ။) ပြီးနောက် နွေနှင့်ဆောင်းဖြစ်ပါက မြေငွေ့ထပ်ဖုံးပေးရမည်။

၄၅ - ၆၅ ရက်သား = အသီးမလိုက်ခင်အချိန် ၄၅. ၅၀. ၅၅. ၆၀. ၆၅ ရက်သားများ၌ ငါးအမိုင်နိုဖြန်းခြင်းကို ရပ်နား၍ ယူရီးယားဓာတ်ပါသော သဘာဝမြေသြဇာရည်ကို ဖြန်းပေးရမည်။ နွားကျင်ငယ်အချဉ်ဖောက်ရည်ကိုဖြစ်စေ၊ နွားကျင်ငယ်ကို အီးအမ်ဖြင့် ရောပြီး တစ်ညသိပ်၍ဖြစ်စေ ဖြန်းပေးနိုင်သည်။ သို့မဟုတ် ကြက်ချေး၊ ငှက်ချေး၊ လင်းနို့ချေးကို ရေစိမ် ဖြန်းပေးနိုင်သည်။ နှစ်မျိုးလုံးရောပြီး ဖြန်းပေးနိုင်ပါက ပိုကောင်းပါသည်။

၆၅ - ၉၀ ရက်သား = အသီးကောင်းနေချိန်ဖြစ်သော ၆၅ ရက်သား၌တစ်ဖန် ပေါင်းလိုက် မြေဆွပေးရမည်။ ၆၅. ၇၅. ၈၅ ရက်သားများ၌ ကြက်ချေး၊ ငှက်ချေး၊ လင်းနို့ချေးတစ်မျိုးမျိုးကို တစ်ပင်ကို နို့ဆီဗူးတစ်လုံး၊ ဖွဲပြာ နို့ဆီဗူးတစ်လုံးစီ ခွဲထည့်ပေးရမည်။ အထက်တွင်ပြောခဲ့သော အားဆေးကိုလည်း ဆက်လက်ဖြန်းပေးရမည်။

အပင်သတ်တမ်း ၁၅ ရက်သားမှ စပြီး ၉၀ ရက်သားအထိကို ပိုးကျရောက်မူကို စစ်ဆေးပေးပါ။ ပိုးစတင်ကျရောက်ပါက ချက်ချင်း ဆေးရွက်ကြီးကို ၃ ရက်တစ်ခါ ဖြန်းပါ။ ပိုးကင်းစင်သွားမှ ဆေးဖြန်းချိန်ကို ရပ်နားပါ။

၄င်းနည်းအတိုင်း မြေသြဇာကို စီမံခန့်ခွဲကျွေးပါက ဓာတုဖြင့် သမားရိုးကျ စိုက်ပျိုးခြင်းထက် အထွက်နုန်း ၂၀% ကစပြီး ၅၀% အထက် ထွက်နိုင်ပါသည်။

အထက်ဖော်ပြပါ အပင်ပြုစုနည်း၏ အားသာချက်မှာ အထွက်နှုန်းကောင်းသော သဘာဝရုံးပတီစိုက်ခင်းကို ရရှိနိုင်သော်လည်း အားနည်းချက်များဖြစ်သော အချိန်ပိုပေး၍ ပြုစုစောင့်ရှောက်ရခြင်း၊ သဘာဝအားဆေးလိုအပ်ချက်ရှိခြင်းနှင့် ကုန်ကျစရိတ် စသည်တို့ကြောင့် စီးပွားဖြစ် အများအပြားစိုက်ပျိုးရန်မှာ အခက်ဖြစ်နေပေလိမ့်မည်။ သို့သော် ဧကလိုက်စိုက်ပျိုးသူများအဖို့ အထက်ပါနည်းအတိုင်း သေသေချာချာ ပြုစုစောင့်ရှောက်နိုင်ပါက ရေရှည်မိမိမြေဆီလွှာ ပြန်လည်ဖွံ့ဖြိုးလာခြင်း၊ နှစ်သက်အားရစရာကောင်းသော အထွက်နှုန်းများကို ပိုင်ဆိုင်လာခြင်း၊ ဓာတုကင်းစင်၍ လူ့ကျန်းမာ‌ရေးအတွက် ဆိုးကျိုးမဲ့သော သီးနှံများဖြစ်လာခြင်းစသော ကောင်းကျိုးများကြောင့် တောင်သူများအနေဖြင့် သဘာဝရုံးပတီခင်းလေးကို စပြီးစိုက်ပျိုးလိုက်ပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
Ye Kyaw Min

Ye Kyaw Min

7 months ago

ဆေးရွက်ကြီးဖြန်းရန်အတွက်စပ်နည်းသိပါရစေ။ အခြားအပင်၊ဥပမာ -ခရမ်း/ငရုပ်/ပဲတောင့်ရှည်တွင်ဖြန်းလို့ရပါသလားခင်ဗျာ။

Soe Win

Soe Win

1 year ago

ဘာလိူ့ အသက်တိုတာလဲ တစ်ခါသီးပြီး သေရော

win ko thu

win ko thu

2 years ago

ကျေးဇူးပါ

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....