သစ်စိမ်းမြေဩဇာနဲ့ပတ်သက်ပြီး မေးလေ့ရှိသောမေးခွန်းများ
သစ်စိမ်းမြေသြဇာဆိုတာ မြေဆီလွှာတိုးတက်ကောင်းမွန်စေဖို့အတွက်ကို လုပ်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။
ဘယ်လိုနည်းလမ်းနဲ့လဲ?
မြေဆီလွှာအတွင်း အာဟာရပြည့်ဝ စိမ်းစိုနေတဲ့ အပင်တွေပေါင်းထည့်ပေးတာဖြစ်ပါတယ်။
ဘာပင်တွေသုံးကြလဲ?
ပဲပင်၊ ပဲပုပ်၊ ပန်းဂျုံ၊ ရိုင်းဂျုံ၊ ရိုင်းမြက်၊ ညံပင်၊ ပိုက်ဆံလျှော်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဘောစကိုင်း၊ ဒန့်ချွဲ၊ မဲရိုင်း စတဲ့ အပင်တွေကို သုံးကြပါတယ်။
ဘယ်ချိန်မှာ ထည့်ရမလဲ?
သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးထားသော အပင်တွေ ပန်းစပွင့်ချိန်မှာ ထယ်ထိုး ထွန်မွှေပေးခြင်းဖြင့် ထည့်သွင်းပါတယ်။
ကောင်းကျိုးကကော
- နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်ခြင်း - လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်တွေကို အပင်တွေ စားသုံးဖို့အတွက် ဖမ်းယူပေးနိုင်ပါတယ်။
- ပဲပင်တွေကို သစ်စိမ်းမြေသြဇာအဖြစ် သီးလှည့်စိုက်ပျိုးလိုက်ခြင်းက နှံစားသီးနှံတွေနဲ့ ဆီထုတ်သီးနှံခင်းတွေမှာ ရောဂါဖြစ်ပေါ်စေမှုကို နည်းပါးသွားစေပါတယ်။
- မြေသားတိုက်စားမှုကို တားဆီးပေးနိုင်တယ်။
- မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်လာစေပါတယ်။ သစ်စိမ်းမြေသြဇာထည့်ပေးခြင်းအားဖြင့် မြေဆီလွှာအတွင်းမှာ လေဝင်လေထွက်ကောင်းလာစေပါတယ်။ ရေ အဝင်အထွက်လည်း ကောင်းမွန်လာစေပါတယ်။ အမြစ်ကြီးထွားဖို့အတွက်နေရာ ပိုရလာစေပါတယ်။

အားနည်းချက်ကကော
မြေအစိုဓာတ်ကို အသုံးပြုရတယ်။ အပင်စိုက်ရင်တော့ ရေကိုအသုံးပြုကြရတာပါပဲ။ မြေအစိုဓာတ်ပုံမှန်ရရှိနိုင်တဲ့ ဒေသမျိုးမှာ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးတာက အခက်အခဲမဟုတ်ပေမဲ့ မြေအစိုဓာတ်အတွက် အခက်အခဲရှိနေတယ်ဆိုရင် ကိုယ်တကယ်စိုက်မယ့်သီးနှံ မစိုက်ခင် တစ်လလောက်စောပြီး သစ်စိမ်းမြေသြဇာပင်တွေကို ထယ်ထိုးနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ဒါမှသာ မြေကြီးထဲမှာ အစိုဓာတ်ပြန်ရဖို့ အချိန်လုံလုံလောက်လောက်ပေးနိုင်မှာပါ။
ကုန်ကျစရိတ်ကိုချိန်ရမယ်၊ သစ်စိမ်းမြေသြဇာအတွက် သီးနှံကို မစိုက်ပဲ အချိန်ပေး မြေနေရာပေးပြီး စိုက်ပျိုးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဝင်ငွေနည်းသွားမယ့်အပြင်ကို သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးတဲ့ အပင်အတွက်နဲ့ ထယ်ထိုးဖို့အတွက်လည်း ကုန်ကျစရိတ်လည်း ရှိပါဦးမယ်။ ချိန်ဆ လုပ်ကိုင်နိုင်ဖို့ ဖော်ပြရခြင်းဖြစ်ပါတယ်။
ရွေးချယ်ရမယ်။ ပဲစိုက်တဲ့ မြေမှာ ပဲပင်ကိုပဲ သစ်စိမ်းမြေသြဇာအဖြစ် ထည့်သွင်းမယ်ဆိုရင် ရှိနေတဲ့ ပိုးမွှားရောဂါတွေ ပိုဆိုးလာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့်မို့ သစ်စိမ်းမြေသြဇာအဖြစ်သုံးတဲ့ အပင်တွေကို ရွေးချယ်တဲ့အခါမှာ ကိုယ်စိုက်ပျိုးတဲ့ သီးနှံနဲ့ ချိန်ဆပြီး ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကုန်ကျစရိတ်ရှိတယ်။ အဓိကက မျိုးစေ့ဖိုးပါ။ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုမဲ့ မျိုးတွေဟာ ဝယ်ယူစိုက်ပျိုးရတယ်ဆိုရင်တော့ ကုန်ကျစရိတ်ထဲမှာ အများဆုံးဖြစ်လာမှာပါ။
နိုင်ထရိုဂျင်ဖမ်းယူပေးတဲ့ အနုဇီဝသက်ရှိအတွက် ကုန်ကျစရိတ်လည်းရှိပါတယ်။ ပဲပင်တွေမှာ ရိုင်ဇိုဘီယမ်လို နိုက်ထရိုဂျင်ဖမ်းယူပေးတဲ့ ဘက်တီးရီးယားတွေပါစေချင်လို့ မျိုးစေ့မှာ လူးနယ်စိုက်ဖို့ ဝယ်ယူတယ်ဆိုရင်လည်း ဒီကုန်ကျစရိတ်ပါထည့်ပေါင်းရမှာပါ။
ထယ်ထိုးထွန်မွှေခလည်း ထည့်စဉ်းစားရပါမယ်။ တစ်နိုင်တစ်ပိုင် နွားတစ်ရှဉ်းနဲ့ ကိုယ်တိုင်မလုပ်ပါဘူးဆိုရင်တော့ အလုပ်သမားခနဲ့ စက်ဖိုးတော့ ကုန်ကျစရိတ်ရှိလာမှာပါ။
ပြန်ရတာကကော
မြေကြီးကို စစ်ဆေးတဲ့အခါမှာ နိုက်ထရိုဂျင်ပမာဏတိုးတက်လာမှာဖြစ်ပြီးတော့ နောက်သီးနှံတစ်ရာသီအတွက် လုံလောက်တဲ့ ပမာဏဖြစ်ပြီး နောက်ထပ်ကျန်တဲ့ သီးနှံအကြွင်းအကျန်တွေကတော့ ဖြည်းဖြည်းချင်းဆွေးမြည့်ကာ နိုက်ထရိုဂျင်ကို ဖြည်းဖြည်းချင်း ထုတ်ပေးနေမှာဖြစ်ပါတယ်။
နောက်ထပ် ကောင်းကျိုးတွေကတော့
- မြေသားကို တိုးတက်ကောင်းမွန်လာစေပါတယ်။
- မြေထဲတွင် နိုက်ထရိုဂျင်ဓာတ်များ တိုးပွားလာစေပါတယ်။
- မြေကြီးအတွင်း လေဝင်လေထွက်ကောင်းမွန်လာစေပါတယ်။
- မြေကြီးအတွင်း အကျိုးပြု အနုဇီဝသက်ရှိများ တိုးပွားလာစေပြီး ကယ်လ်စီယမ်၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီဆီယမ်စတဲ့ ဓာတ်တွေကိုလည်း အပင်တွေက အလွယ်တကူ ရရှိလာနိုင်မှာဖြစ်ပါတယ်။
Ref: https://saskatchewan.ca/business/agriculture-natural-resources-and-industry/agribusiness-farmers-and-ranchers/crops-and-irrigation/soils-fertility-and-nutrients/green-manuring-with-legumes
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
သစ်စိမ်းမြေသြဇာ
မြင့်ကျော်
2 years agoဓါတ်မြေသြဇာသုံးစွဲရမည့်အချိန်နဲ့သုံးစွဲနည်း။ ပိုးသတ်ဆေးသုံးစွဲရမည့်အချိန်နဲ့သုံးစွဲနည်း။ နည်းလမ်းမှန်မှန်လေးလမ်းညွှန်ပေးပါရန်
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026