Green Way
ဘီယာကို ရွက်ဖျန်းဆေးလုပ်ဖျန်းတာ အကျိုးရှိလား?

ဘီယာကို ရွက်ဖျန်းဆေးလုပ်ဖျန်းတာ အကျိုးရှိလား?

Thein Soe Min
Thein Soe Min 18/12/2023

အစိမ်းရောင်လမ်းမှာ ဒီလိုမေးခွန်းမျိုးလေးတွေ တက်လာလေ့ရှိတယ်။ နည်းလမ်းအသစ်လေးတွေကို အပင်နည်းနည်းမှာ စမ်းသပ်တာက ကောင်းပေမယ့် ကြားဖူးနားဝနဲ့ ပိုက်ဆံအကုန်ခံပြီး အများကြီးလိုက်လုပ်ရင်တော့ အကျိုးမရှိဘဲ ငွေကုန်ရုံသပ်သပ် ဖြစ်သွားတာ ဒါမှမဟုတ် ပိုဆိုးသွားတာမျိုး ဖြစ်မှာစိုးလို့ သေချာရှင်းပြချင်ပါတယ်။ ဘီယာကို ရွက်ဖျန်းဆေးအနေနဲ့ ဖျန်းဖို့စိတ်ကူးရှိရင် ဒီဆောင်းပါးကို ပြီးတဲ့အထိ ဖတ်ပေးပါ။ 

ကုန်တဲ့ပိုက်ဆံနဲ့ ထိရောက်မှုရှိလားဆိုရင် မရှိဘူးလို့ပဲ ပြောရမှာပါ။ ဘီယာမှာ သကြား (ကာဗွန်ဟိုက်ဒရိတ်)၊ အသားဓာတ် (နိုက်ထရိုဂျင်)၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အရက် နဲ့အခြားအနည်းလိုအဟာရဓာတ် (မပြောပလောက်) တဲ့ပမာဏပဲ ပါပါတယ်။ နောက် ဘီယာမှာ ၉၀ ရာခိုင်နှုန်း (၁၀ ပုံပုံရင် ၉ပုံ)က ရေပါပါတယ်။  ကဲ တစ်ခုချင်းစီ ကြည့်ရအောင်။ 

  • သကြား (ကာဗွန်ဟိုက်ဒရိတ်) - ဘီယာမှာပါဝင်တဲ့ သကြားဓာတ်ကို အပင်ကတော့ ယူလို့မရပါဘူး။ မြေကြီးထဲက အဏုဇီဝပိုးလေးတွေအတွက်တော့ စားလို့ရချင်ရနိုင်ပါတယ်။ ဒါကလည်း အချိုးအရမ်းနည်းသလို ရွက်ဖျန်းဖြစ်တဲ့အတွက် ထိရောက်မှုက သိသာမှာမဟုတ်ပါဘူး။ 
  • အသားဓာတ် (နိုက်ထရိုဂျင်) - ဘီယာမှာ အသားဓာတ်(နိုက်ထရိုဂျင်) အနည်းငယ် ပါဝင်ပါတယ်။ USDA (အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန) ကပြောတာတော့ ၁၂ ပေါင် (၃၄၀ ဂရမ်) မှာ အသားဓာတ်က (၀.၇) ဂ၇မ်ပဲ ရှိပါတယ်။ သဘောက အစတစ်ထောင်ပုံမှ ၂ ပုံလောက်ပဲ ပါတဲ့သဘောမျိုးပါ။ ဒါတောင် ဘီယာသီးသန့်ပဲ ပြောတာပါ။ တကယ်ဖျန်းမယ်ဆိုရင် ရေရောဦးမှာဆိုတော့ ဆင့်ပါးစပ် နှမ်းပက်ရုံပဲ​ရှိပါတယ်။ 
  • ကာဗွန်ဒိုင်အောက်ဆိုဒ် - ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပင်က လေထဲကနေ အသက်ရှုလိုက်တိုင်းကို ရနေတာကြောင့် ဘီယာကနေ အောက်ကျခံပြီး အပင်တွေက မယူပါဘူး။ ဒါကြောင့် ဒီအာဟာရအတွက် ဖျန်းရတာပါဆို အပင်တွေ စကားပြောတတ်ရင် အပင်ပန်းမခံပါနဲ့ ပြန်ပြောကြပါလိမ့်မယ်။ 
  • အရက် - အပင်တွေအတွက် အရက် မလိုအပ်ပါဘူး။ အရက်ကိုတော့ အချို့ သဘာဝပိုးသတ်ဆေးတွေမှာ သုံးတာ တွေ့မိပါလိမ့်မယ်။ ဒါကလည်း ပိုးနှိမ်နှင်းဖို့အတွက်ထည့်တာပါ။ 
  • ရေ - ရေအတွက်နဲ့တော့ ဘီယာမသုံးပါနဲ့တော့။ 
  • အခြားအနည်းလိုအာဟာရဓာတ် - အရက်မှာ သံဓာတ်၊ ဇင့်ဓာတ်၊ ကောပါးဓာတ်တို့လိုမျိုး မမြင်သာလောက်တဲ့ ပမာဏနည်းနည်းလေးပါတယ်ဆိုပေမယ့် အကျိုးမထူးပါဘူး။ 

အစိမ်းရောင်လမ်းပေါ်မှာ ဘီယာအကြောင်းဖတ်ဖူးကြတာမျိုးရှိမှာပါ။ ဒါက ခရုတို့ ပက်ကျိတို့ထောင်ချောက်ဆင်ဖမ်းဖို့အတွက် ပြောထားတာပါ။ ဒီအတွက်ဆောင်းပါးက ဒီမှာ ဖတ်ပါ။ ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး

အဲဒီတော့ ပြန်အကျဉ်းချုံးရရင် ဘီယာကိုရွက်ဖျန်းအနေနဲ့သုံးတာ နားထောင်ကောင်းသလိုလိုရှိနေပေမယ့် ပိုက်ဆံကုန် လူပန်းပြီး ဘာတစ်ခုမှ အကျိုးမရှိတာမို့လို့ လိုက်မလုပ်ပါနဲ့လို့ အကြံပြုချင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

1
win ko thu

win ko thu

1 year ago

အရက်ကဘယ်လိုပိုးမျိုတွေကိုနှိမ်နှင်းနိုင်ပါလည်ခင်ဗျာသိပရစေ

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....