Green Way
ပဲတို့ရဲ့ အဓိကအစာဖြစ်တဲ့ ဖော့စဖောရပ်ဓာတ်

ပဲတို့ရဲ့ အဓိကအစာဖြစ်တဲ့ ဖော့စဖောရပ်ဓာတ်

သော်ဇင်
သော်ဇင် 26/11/2025

ဖော့စဖရပ်စ် (Phosphorus - P) သည် မြေဆီလွှာအများစုတွင် နိုက်ထရိုဂျင် (Nitrogen - N) ပြီးနောက် အပင်များ ကြီးထွားမှုကို သက်ရောက်မှုရှိသည့် ဒုတိယမြောက် အရေးကြီးဆုံး အာဟာရဓာတ်ဖြစ်သည်။ ၎င်းသည် ဆဲလ်များ စွမ်းအင်ကူးပြောင်းခြင်း၊ အလင်းမှီစုဖွဲ့ခြင်း (photosynthesis) နှင့် အသက်ရှုခြင်း (respiration) တို့တွင် ပါဝင်သည့် အပင်အာဟာရဓာတ်တစ်ခုဖြစ်ပြီး၊ နျူကလစ်အက်ဆစ် နျူကလီယိုတိုက်များ (nucleic acid nucleotides)၊ ဖော့စ်ဖိုလစ်ပစ်များ (phospholipids) နှင့် ဖော့စ်ဖောရိတ် ပါဝင်သော သကြားများ (phosphorylated sugars) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဖော့စဖရပ်စ်သည် အထူးသဖြင့် အပူပိုင်းဒေသ နေရာဒေသများမှာစိုက်ပျိုးရေး ထုတ်လုပ်မှုအတွက်မြေဆီလွှာအများစုတွင် P ဓာတ်ရရှိနိုင်မှု အလွန်နည်းပါးသောကြောင့် အပင်များမှအလွယ်တကူရယူနိုင်မှု အနည်းဆုံး အာဟာရဓာတ်များထဲမှ တစ်ခုပါဝင်သည်။ အစီရင်ခံစာအရ မတ်ပဲ (mungbean) အထွက်နှုန်းကို ဖော့စဖရပ်စ် ထည့်သွင်းပေးခြင်းဖြင့် သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။ အခြားသော သုတေသီများစွာကလည်း ပဲမျိုးစုံ အစေ့အဆန် အထွက်နှုန်းသည် P2O5 ကို တစ်ဟက်တာလျှင် ၅၀ ကီလိုဂရမ်အထိ တိုးမြှင့်ထည့်သွင်းပေးခြင်းဖြင့် မြင့်တက်လာကြောင်း ဖော်ပြခဲ့ကြသည်။ 

မတ်ပဲ (Black gram - Vigna mungo L.) သည် ပဲပင်မျိုးနွယ်ဝင်ဖြစ်သည့်အတွက် ဖော့စဖရပ်စ် ထည့်သွင်းမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိပါသည်။ ဖော့စဖရပ်စ်သည် မတ်ပဲအတွက် လိုအပ်သော အဓိက အာဟာရဓာတ်ဖြစ်သည်။ ပဲပင်များတွင် နိုက်ထရိုဂျင် လိုအပ်ချက်သည် ဖော့စဖရပ်စ် လိုအပ်ချက်ထက် နည်းပါးသည်။ အကြောင်းမှာ အဓိက ပရိုတင်းဓာတ်ကို လေထုထဲမှ နိုက်ထရိုဂျင် ဖမ်းယူမှုမှတစ်ဆင့် ရရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖော့စဖရပ်စ်သည် ပဲမျိုးရင်းဝင် သီးနှံများ၏ ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အထူးသဖြင့် မတ်ပဲအတွက် အဓိက အာဟာရဓာတ်တစ်ခုဖြစ်သည်။ ပဲမျိုးရင်းဝင် အပင်များသည် ယေဘုယျအားဖြင့် အပင်နှင့် အကျိုးပြုဘက်တီးရီးယားများ အသုံးပြုရန်အတွက် ဖော့စဖရပ်စ် လိုအပ်ချက် မြင့်မားပါသည်။ 

မြေဆီလွှာတွင် P ဓာတ်စုစုပေါင်း ပမာဏ များသော်လည်း အပင်ကြီးထွားရန်အတွက် အသုံးပြုနိုင်သော P ဓာတ်မှာ ထိန်းချုပ်အကန့်အသတ်ရှိတတ်သည်၊၊ အထူးသဖြင့် အက်စစ်ဓာတ်ရှိသော မြေဆီလွှာများတွင် P ဓာတ်သည် မြေဆီလွှာ အစိတ်အပိုင်းများက လျင်မြန်စွာ ထိန်းချုပ်ထားပြီး အပင် အသုံးမပြုနိုင်သော ပုံစံများအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိသည်။ အက်စစ်ဓာတ်ရှိသော မြေဆီလွှာများတွင်P ဓာတ် ရရှိနိုင်မှု နည်းပါးခြင်းသည် သီးနှံအထွက်နှုန်းကို နည်းစေနိုင်သည့် အဓိက အတားအဆီးတစ်ခု ဖြစ်သည်။ 

အပင်များသည် သီးနှံအထွက်နှုန်းတိုး‌စေရန်အတွက် ကြီးထွားမှု၏ အစောပိုင်းအဆင့်များမှစ၍ လုံလောက်သော P ဓာတ်ကို လိုအပ်ပါသည်။ ကြီးထွားမှု ရာသီအစောပိုင်းတွင် P ဓာတ် ရရှိမှု ထိန်းချုပ်ကန့်သတ်ခံရခြင်းသည် သီးနှံအထွက်နှုန်းကို ကျဆင်းစေတတ်ပြီး အကောင်းဆုံး အထွက်နှုန်းနှင့် ရင့်မှည့်ချိန် လျှင်မြန်စေရန် လုံလောက်သော P ဓာတ်ရရှိစေရန်အတွက် P ဓာတ်မြေသြဇာကို ထည့်သွင်းပေးလေ့ရှိသည်။ မြေဆီလွှာ စုစုပေါင်း P ဓာတ်သည် ပုံမှန်အားဖြင့် မြေမျက်နှာပြင် ၂၅ စင်တီမီတာတွင် မြေဆီလွှာ ၁ ကီလိုဂရမ်လျှင် ၁၀၀ မှ ၂၀၀၀ မီလီဂရမ် (သို့မဟုတ် တစ်ဟက်တာလျှင် ၃၅၀ မှ ၇၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်သော်လည်း၊ ဤ P ဓာတ်ပမာဏ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ သီးနှံများ ချက်ချင်းစုပ်ယူနိုင်ပါသည်။ သီးနှံများ စုပ်ယူမှုသည် တစ်ဟက်တာလျှင် ၃ မှ ၃၀ ကီလိုဂရမ်အထိ ရှိနိုင်သောကြောင့် P ဓာတ်မြေသြဇာ ထည့်သွင်းခြင်းမရှိပါက အသုံးပြုနိုင်သော မြေဆီလွှာ P ဓာတ်သည် တဖြည်းဖြည်း လျော့နည်းသွားမည်ဖြစ်သည်။ 

P ဓာတ်သည် နျူကလစ်အက်ဆစ်များ၊ ဖော့စ်ဖိုလစ်ပစ်များ (phospholipids) နှင့် ATP (Adenosine Triphosphate) ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ၎င်း၏အခန်းကဏ္ဍသည် ဆဲလ်ကွဲခြင်း၊ ပန်းပွင့်ခြင်း၊ အသီးသီးခြင်း၊ အစေ့တည်ခြင်း၊ သီးနှံ ရင့်မှည့်ခြင်း၊ အမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပဲအမြစ်ဖုဖွဲ့ခြင်းတို့တွင် အရေးကြီးပါသည်။ အမြစ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ပဲအမြစ်ဖုများ ဖြစ်ပေါ်ခြင်းသည် ကြီးထွားလာသော အပင်အစိတ်အပိုင်းများသို့ အာဟာရဓာတ်နှင့် ရေထောက်ပံ့မှုကို တိုးတက်စေပြီး အလင်းမှီစုဖွဲ့သော ဧရိယာ (photosynthetic area) ကို တိုးစေကာ ဆက်လက်၍ ကုလားပဲ (chickpea) တွင် အထွက်နှုန်း ပိုမိုထုတ်လုပ်နိုင်စေပါသည်။ ပဲသီးနှံအမျိုးမျိုးတွင် P ဓာတ်မြေသြဇာ ထည့်သွင်းခြင်းက အစေ့အဆန် အထွက်နှုန်းကို တိုးစေသော်လည်း၊ P ဓာတ်မြေသြဇာ အလွန်အကျွံ ထည့်သွင်းခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဆက်စပ်မှုရှိနေပါသည်။ ဖော့စဖရပ်စ်သည် ပဲအထွက်နှုန်းအတွက် အရေးကြီးပြီး ၎င်းသည် ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်း၊ အမြစ်ဖုများ ဖြစ်ပေါ်ခြင်းကို စတင်ပေးခြင်း၊ ရိုင်ဇိုဘီယမ် - ပဲပင် ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းဆောင်ရည်ကို သြဇာသက်ရောက်ခြင်း စသည့် အခန်းကဏ္ဍများတွင် အရေးပါကြောင်း သုတေသနစာတမ်းများအရသိရပါသည်။

အပူပိုင်းဒေသ မြေဆီလွှာများရှိ P ဓာတ် ချို့တဲ့မှုများသည် မူလအားဖြင့် မြေဆီလွှာ P ဓာတ် ပမာဏ နည်းပါးခြင်း သို့မဟုတ် စိုက်ပျိုးမှုကြောင့် P ဓာတ် လျော့နည်းသွားခြင်းတို့မှ အဓိကအားဖြင့် ဖြစ်ပေါ်လာပါသည်။ ပဲမျိုးရင်းဝင် အပင်များသည် ဖော့စဖရပ်စ်ကို နှစ်သက်သော အပင်များဖြစ်သောကြောင့် ကြီးထွားမှုနှင့် အစေ့တည်ခြင်းအတွက်သာမက စွမ်းအင်လိုအပ်သော လုပ်ငန်းစဉ်ဖြစ်သည့် နိုက်ထရိုဂျင် ဖမ်းယူခြင်းအတွက်ပါ ဖော့စဖရပ်စ် လိုအပ်ပါသည်။ အစေ့ကြီးထွားခြင်းအတွက် P ဓာတ်သည် အစေ့များတွင် P ဓာတ် သိုလှောင်သည့် အဓိက ပုံစံဖြစ်သော ဖိုက်တင် (phytin) ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ P ဓာတ် လုံလောက်စွာ မရရှိပါက အစေ့အရွယ်အစား၊ အစေ့အရေအတွက်နှင့် အပင်ရှင်သန်နိုင်စွမ်းတို့ကိုလည်း လျော့နည်းစေနိုင်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Continue reading related topics, questions and articles.

4
Nang Mon Seng Lao

Nang Mon Seng Lao

6 months ago

အပင်ကြီးထွားဖို့N Pကဘယ်ဟာအဓိဿျပါသလဲခုကသဲမြေမှာပဲပင်ကမထွားနိင်ဖြစ်နေလို့ဘယ်လိုဟာရွေးသင့်လည့း

Aung. khanig win

Aung. khanig win

7 months ago

ဘယ်

Aung. khanig win

Aung. khanig win

7 months ago

ဖော့စဖောရပ်ကယ်မှာရနိုင်လဲ

Dr. မောင်စိုးမိုး

Dr. မောင်စိုးမိုး

7 months ago

Probio P ကို Legumes (ပဲမျိုးစုံ) စိုက်ပျိုးရေးတွင် အသုံးပြုနည်း အသေးစိတ် Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU &amp; Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> Legumes စိုက်ပျိုးရေးအတွက် Probio P ၏ အရေးပါမှု ၁။ မြေဆီလွှာ ကျန်းမာရေး · မြေဆီလွှာအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှု မြှင့်တင်ခြင်း · မြေဆီလွှာ pH ထိန်းညှိပေးခြင်း · အာဟာရဓာတ်များ သီးနှံအား ရရှိစေရန် ကူညီခြင်း ၂။ Rhizobium ဘက်တီးရီးယားများ လှုပ်ရှားမှု မြှင့်တင်ခြင်း · နိုက်ထရိုဂျင်ဖမ်းယူမှု ပိုမိုကောင်းမွန်စေခြင်း · အမြစ်အစုများ (Root Nodules) ဖွံ့ဖြိုးမှု မြှင့်တင်ခြင်း · သဘာဝနိုက်ထရိုဂျင်ဓာတ်မြေသြဇာ ထုတ်လုပ်မှု မြှင့်တင်ခြင်း --- Probio P အသုံးပြုနည်း အဆင့်ဆင့် နည်းလမ်း ၁ - မျိုးစေ့ လူးနယ်ခြင်း (Seed Treatment) ပြင်ဆင်နည်း: · Probio P 50 ဂရမ် + ရေ 1 လီတာ + သကြား/ပျားရည် 1 ဇွန်း · သေချာရောမွှေပါ (မိနစ် ၂၀ ခန့်) အသုံးပြုနည်း: · ပဲမျိုးစေ့ ၁ ကီလိုဂရမ်ကို ပျော်ရည်ဖြင့် လူးနယ်ပါ · မိနစ် ၃၀ ခန့် အခြောက်ခံပါ · ချက်ချင်း စိုက်ပျိုးပါ ကျေးဇူးတင်စရာ အကျိုးကျေးဇူးများ: · မျိုးစေ့အညှောင့်ထွက်နှုန်း မြန်ဆန်ခြင်း · ပင်ပွားများ ပိုမိုထွက်ခြင်း · ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း နည်းလမ်း ၂ - မြေပြင်ဆင်ချိန် အသုံးပြုခြင်း ပမာဏ: · စိုက်ကွင်း ၁ ဧက လျှင် Probio P 200-300 ဂရမ် အသုံးပြုနည်း: · Probio P + သဘာဝမြေသြဇာ + ရေ ရောမွှေပါ · စိုက်မည့်မြေပြင်ချိန်တွင် ဖြန်းချပါ · ထယ်ရေးနက် ထိုးသွင်းပေးပါ နည်းလမ်း ၃ - ပဲပင် ကြီးထွားချိန် အသုံးပြုခြင်း အဆင့် (၁) - ပင် ထွက်ချိန် (၁၅ ရက်) · Probio P 100g/ဧက + ရေ 100 လီတာ · ပျော်ရည်ပြုလုပ်ကာ အရွက်ဖျန်းပါ အဆင့် (၂) - ပန်းပွင့်ချိန် (၄၅ ရက်) · Probio P 150g/ဧက + ရေ 150 လီတာ · အပင်ခြေ + အရွက်ဖျန်းပါ အဆင့် (၃) - သီးတောင့်ဖြစ်ချိန် (၆၀ ရက်) · Probio P 100g/ဧက + ရေ 100 လီတာ · အရွက်ဖျန်းပါ --- ပဲအမျိုးအစားအလိုက် အသုံးပြုနည်း ၁။ ပဲတီစိမ်း/ပဲလွမ်း · မျိုးစေ့လူးနယ်ခြင်း: 50g/မျိုးစေ့ 1kg · မြေပြင်ဆင်ချိန်: 200g/ဧက · အရွက်ဖျန်းဆေး: 100g/ဧက/ကြိမ် ၂။ ပဲပုပ်�/ပဲဝါ · မျိုးစေ့လူးနယ်ခြင်း: 60g/မျိုးစေ့ 1kg · မြေပြင်ဆင်ချိန်: 250g/ဧက · အရွက်ဖျန်းဆေး: 120g/ဧက/ကြိမ် ၃။ ကုလားပဲ/မတ်ပဲ · မျိုးစေ့လူးနယ်ခြင်း: 40g/မျိုးစေ့ 1kg · မြေပြင်ဆင်ချိန်: 180g/ဧက · အရွက်ဖျန်းဆေး: 80g/ဧက/ကြိမ် --- Probio P ၏ ကျေးဇူးတင်စရာ အကျိုးကျေးဇူးများ ၁။ နိုက်ထရိုဂျင် ဖမ်းယူနိုင်စွမ်း မြင့်တက်ခြင်း · Rhizobium ဘက်တီးရီးယားများ ပိုမိုအလုပ်လုပ်ခြင်း · သဘာဝနိုက်ထရိုဂျင် ၂၀-၃၀% ပိုမိုရရှိခြင်း · ဓာတ်မြေသြဇာ ကုန်ကျစရိတ် ၂၀% ခန့် သက်သာခြင်း ၂။ မြေဆီလွှာ ကျန်းမာရေး ကောင်းမွန်ခြင်း · မြေဆီလွှာအတွင်း အာဟာရဓာတ်များ ပိုမိုရရှိခြင်း · မြေဆီလွှာ pH ၆.၀-၇.၀ အတွင်း ထိန်းသိမ်းနိုင်ခြင်း · မြေဆီလွှာအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၃။ သီးနှံအထွက်နှုန်း မြင့်တက်ခြင်း · ပဲသီးတောင့်အရေအတွက် ၁၅-၂၀% ပိုမိုခြင်း · ပဲစေ့အဆင့်အတန်း ပိုမိုကောင်းမွန်ခြင်း · အထွက်နှုန်း ၂၀-၃၀% ခန့် မြင့်တက်ခြင်း --- အထူးသတိပြုရန် အချက်များ ၁။ အသုံးပြုချိန် · နံနက်ခင်း (၆နာရီ-၉နာရီ) သို့မဟုတ် ညနေခင်း (၄နာရီ-၆နာရီ) · နေပူပြင်းသော အချိန် တွင် မဖျန်းရ · မိုးရွာချိန် နှင့် ကပ်လျှက် မဖျန်းရ ၂။ ရေအရည်အသွေး · သန့်ရှင်းသော ရေ ကိုသုံးပါ · ကလိုရင်းဓာတ် ကင်းစင်သော ရေ · ရေချဉ်ငန်ဓာတ် (pH) ၆.၅-၇.၅ အတွင်း ရှိရန် ၃။ အခြားဆေးဝါးများနှင့် တွဲဖက်အသုံးပြုခြင်း · ပိုးသတ်ဆေး/မှိုသတ်ဆေး များနှင့် တစ်ချိန်တည်း မသုံးရ · ဓာတ်မြေသြဇာ များနှင့် တွဲဖက်အသုံးပြုနိုင်သည် · သဘာဝမြေသြဇာ များနှင့် ပေါင်းစပ်အသုံးပြုနိုင်သည် --- စီးပွားရေး အရ အကျိုးကျေးဇူးများ ၁။ ကုန်ကျစရိတ် သက်သာခြင်း · ဓာတ်မြေသြဇာ ကုန်ကျစရိတ် ၂၀-၃၀% သက်သာခြင်း · ဆေးဝါးကုန်ကျစရိတ် ၁၅-၂၀% သက်သာခြင်း · အထွက်နှုန်း ၂၀-၃၀% မြင့်တက်ခြင်း ၂။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း · ဓာတ်မြေသြဇာ အသုံးပြုမှု လျှော့ချနိုင်ခြင်း · မြေဆီလွှာ ညံ့ဖျင်းမှု ကာကွယ်နိုင်ခြင်း · ရေထုညစ်ညမ်းမှု ကာကွယ်နိုင်ခြင်း ---

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....