ကြက်ဥခွံကို ဘယ်လိုသုံးမလဲ
ကြက်ဥစားပြီးတိုင်း ကြက်ဥခွံတွေကို လွင့်ပစ်လေ့ရှိပါသလား။ လွင့်ပစ်လေ့ရှိတယ်ဆိုရင်တော့ မလုပ်တော့ပါနဲ့။ ကြက်ဥခွံကို သုံးလို့ရတဲ့နေရာတွေရှိသလို သုံးလိုက်တဲ့အတွက်လည်း အကျိုးရှိပါတယ်။ ဘယ်လိုပုံစံမျိုး သုံးလို့ရလဲဆိုတာ ဆက်ဖတ်ကြည့်ပါအုံး။
၁။ မြေသြဇာ
ကြက်ဥခွံကို မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကိုချေပြီး အပင်အောက်ခြေမှာပုံထားမယ်ဆိုရင် အပင်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရရှိမှာဖြစ်ပါတယ်။ အပင်စစိုက်စဉ်ကတည်းက ကြက်ဥခွံကိုတစ်ခါတည်းထည့်ပေးမယ်ဆိုရင် အပင်ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အရွယ်ရောက်ပြီးတဲ့ အပင်တွေမှာတော့ နှစ်ပတ်ခြားတစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကို အပင်တွေမှာသုံးမယ်ဆိုရင် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥခွံ၏ ကြမ်းရှသောထောင့်များကြောင့် ခရု၊ ပတ်ကျိများ ကျရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အိမ်မှာစိုက်ထားတဲ့ပန်းအိုးထဲကို ကြောင်များဝင်ရောက်နိုင်ပါတယ်။ ကြက်ဥခွံထည့်ထားမယ်ဆိုရင် ကြောင်အန္တရာယ်ကို ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ မြေဆွေးပုံးထဲကိုလည်း ကြက်ဥခွံထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မြေဆွေး၏ ချဉ်ငံဓာတ် (pH) ကိုထိန်းညှိပေးပါတယ်။
၂။ ပျိုးအိတ်
ကြက်ဥကို ထက်ခြမ်းမခွဲပဲ အပေါက်ဖောက်ပြီး သုံးထားမယ်ဆိုရင် ပျိုးအိတ်အဖြစ် သုံးနိုင်ပါတယ်။ ကြက်ဥခွံထဲကို မြေတစ်ဝက်လောက်ထဲပြီး မျိုးစေ့ထည့်၍ ရေအနည်းငယ်ဖျန်းကာ ပျိုးပင်စိုက်နိုင်ပါတယ်။ နောက်ပြီး ကြက်ဥထည့်တဲ့ကဒ်ထဲမှာ ကြက်ဥခွံတွေကိုပြန်စီထည့်ပြီး ပျိုးပင်စိုက်နိုင်ပါတယ်။
၃။ ကြက်စာ
ကြက်တွေမွေးထားမယ်ဆိုရင်တော့ ကြက်စာအနေနဲ့ ပြန်သုံးလိုရပါတယ်။ ကြက်မတွေက ဥဥဖို့ ကယ်လ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကြက်ဥခွံမှာ ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက် မှုန့်ညက်နေအောင်ထောင်းပြီး ကြက်စာနဲ့ရောကျွေးနိုင်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်ပဲသုံးသင့်ပါတယ်။
ဖြိုးသဥ္ဇာကျော်
ကိုးကား
https://www.thespruce.com/uses-for-egg-shells-1389039
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
Thein Soe
5 years agoအပင်တွေမှာဖျန်းလို့ရမလားခင်ဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖြိုးသဥ္ဇာကျော်
See all