စပါးပင်တွင်ကယ်လ်ဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ
Ca ဓာတ်ချို့တဲ့လျှင် အမြစ်၏လုပ်ငန်းစဥ်များကို ထိခိုက်စေသဖြင့် အပင်ကို သံဓာတ်အဆိပ်သင့်မှု ဖြစ်ပေါ်စေသည်။ လယ်စပါးတွင် ဖြစ်ပွားမှုအလွန်နည်းပါးသည်။ တောင်ယာစပါးတွင် အဖြစ်များသည်။ Ca ချို့တဲ့မှုဖြစ်နိုင်သော အကြောင်းရင်းများမှာ-
- မြေဆီလွှာတွင်းစုပ်ယူနိုင်သော Ca ဓာတ်အလွန်နည်းခြင်း ( သဲဆန်သောမြေ၊ အက်စစ်ပေါက်သောမြေ၊ အလွန်ပျက်စီးနေသာ မြေဆီလွှာများ)
- ရေသွင်းစပါးကို နှစ်ရှည် ဆက်တိုက်စိုက်ပျိုးခြင်း
- N (သို့) K မြေသြဇာ အလွန်အကျွံသုံးခြင်း
- မြေငံများတွင် P မြေသြဇာ အလွန်အကျွံကျွေးခြင်းကြောင့် Ca Phosphate ဖြစ်ကာ အပင်မှ Ca ကို မစုပ်ယူနိုင်ခြင်း
- Ca ချို့တဲ့မှုသည် အလွန်ပြင်းထန်မှသာ လက္ခဏာများကို မြင်တွေ့ရလေ့ရှိသည်။
လက္ခဏာ
ချို့တဲ့မှု မဆိုးရွားလျှင် စပါးပင်သည် ခပ်ပါးပါးဖြစ်နေသည်။ ဆိုးရွားလာပါက အပေါ်အရွက်များ ဖြူလိပ်ပြီး တွန့်လိမ်ကွေးနေသည်။ အရွက်ဟောင်းများ၏ရွက်လယ်ကြောတလျှောက်တွင် ရောင်မညီကွက်များဖြစ်လာပြီးနောက် တဖြေးဖြေးအရွက်များ အညိုရောင်ပြောင်းကာသေဆုံးသည်။ ကယ်လ်ဆီယမ်လိုအပ်မှုများလာပါက အပင်အရပ်ပုကာ အပင်ကြီးထွားမှု ရပ်တန့်ပြီး သေဆုံးသည်။

ပြုပြင်ရန် နည်းလမ်းများ
မြေဆီလွှာ အတွင်းမှ ကယ်လ်ဆီယမ် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် သစ်ပင်အမှိုက်သရိုက် မြေဆွေးများနှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ခြင်း ၊ မီးရှို့ ထဲ့သွင်းခြင်းပြုလုပ်ပါ။
ရရှိနိုင်ပါက Single Superphosphate (13−20% Ca) (သို့) triple superphosphate (9−14% Ca) ကိုထည့်သွင်းပေးပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကယ်လ်ဆီယမ်ဓာတ်
သူရသန်းရွေ
1 year agoမျိုးခင်းရေမြုပ်ပြီးနုတ်လိုက်ရင်မတ်မနေပဲဂုတ်ကျိုးကျနေပါတယ်အမျိုးတို့ရေဆေးသုံးလို့ရရင်ကူညီကြပါအုံး
win ko thu
1 year agoကျေးဇူးပါ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026