တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
တဆေးဆိုတာ ဆဲလ်တစ်လုံးသာရှိတဲ့ မှိုဖြစ်ပါတယ်။ တဆေးကို အပင်မျက်နှာပြင်ပေါ်နဲ့ အထူးသဖြင့် သကြားဓာတ်ရှိတဲ့ အရာတွေ ( ဉပမာ ပန်းပွင့်ဝတ်ရည် အသီး) စတဲ့ အရာတွေမှာ တွေ့နိုင်ပါတယ်။ စီးပွားရေးအရ အရေးပါတဲ့ အက်စကိုမိုက်စိမှိုအုပ်စုဝင် တဆေး ကို ပေါင်မုန့်ဖုတ်ရာ၊ အရက်နဲ့ ဝိုင်ပြုလုပ်ရာ မှာသုံးကြပါတယ်။ အက်စကိုမိုက်စိ အုပ်စုမှာမှ Saccharomyces cerevisiae မှိုမျိုးစိတ်ကို သုံးကြတာများပါတယ်။
တော်တော်များများကတော့ တဆေးကို ပေါင်မုန့်ဖုတ်ခြင်း၊ ဝိုင်ပြုလုပ်ခြင်း တို့မှာ အသုံးပြုကြတာကို သိပြီးသားဖြစ်ကြမှာပါ။
တခြားအသုံးဝင်ပုံတွေကတော့....
၁။ ပတ်ကျိများကို နှိမ်နှင်းခြင်း
တဆေးကို ပတ်ကျိများ နှိမ်နှင်းဖို့အတွက် ထောင်ခြောက်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဓာတုဆေးများ အသုံးပြုမယ့်အစား တဆေးနဲ့အတူ သကြားနဲ့ဆားပါထည့်ပြီး ရေနွေးနွေးလေးနဲ့ဖျော်ကာ ပတ်ကျိများကို ကာကွယ်နှိမ်နှင်းနိုင်ပါတယ်။
၂။ စိုက်ခင်းထဲရှိ အကျိုးပြုအင်းဆက်များအတွက်အစားအစာ အဖြစ်အသုံးပြုခြင်း
အကယ်၍ သင့်မှာ ပန်းစိုက်ခင်းရှိမယ်ဆိုရင် သင့်အိမ်မှာ တဆေးကို ဆောင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဆေးကို ပျားရည်၊ ရေ နဲ့ရောပြီး ပျား၊ အကျိုးပြုအင်းဆက်တို့အတွက်အစာ အဖြစ်သုံး နိုင်ပါတယ်။ ပျားက ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို လုပ်ဆောင်ပေးပါတယ်။ အကျိုးပြုဂျပိုးကတော့ အခြား ဖျက်ပိုးများကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးအတွက်အကျိုးပြုတဲ့ လိပ်ခုံးကျိုင်းပေါ့။ လိပ်ခုံးကျိုင်းရဲ့ သားလောင်းအဆင့်ရော အကောင်ကြီးအဆင့်ကပါ ပျ၊ ပိုးစေးနှဲ၊ ချ တို့ကို စားသုံးကြပါတယ်။ ဒီတော့ တဆေးကို ပျားရည်၊ ရေနဲ့ရောပြီး အစာအဖြစ်သုံးမယ်ဆိုရင် အကျိုးပြုလိပ်ခုံးကျိုင်းတွေ ပေါများလာပြီး ပျ၊ ပိုးစေးနှဲ၊ ချတို့ကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
၃။ အမြန်ဆွေးမြေ့စေခြင်း
တဆေးက မြေကြီးထဲမှာရှိတဲ့ အမှိုက်သရိုက်များ၊ ရွက်ခြောက် ရိုးပြတ်များနဲ့ အခြားဟင်းချက်စွန့်ပစ်ပစ္စည်း များကို မြန်မြန်ဆွေးမြေ့စေပါတယ်။ တဆေးကို ရေ၊ သကြားတို့နဲ့ ရောပြီး စိုက်ပျိုးရေးမှာသုံးဖို့ သဘာဝမြေဆွေးမြေဩဇာများ ပြုလုပ်ရာမှာထည့်ပေးခြင်းဖြင့် မြန်မြန်ဆွေးမြေ့စေနိုင်ပါတယ်။
၄။ နှင်းဆီပင်အတွက် မြေဩဇာအဖြစ်အသုံးပြုခြင်း
တဆေးနဲ့ ရေကိုရောဖျော်ပြီး နှင်းဆီပင်ရဲ့ ပင်စည်ခြေမှာ လောင်းပေးခြင်းဖြင့် နှင်းဆီဖူး ကို ပို၍ဖူးစေပါတယ်။
၅။ ပေါင်မုန့်ဖုတ်ခြင်း မှာ အသုံးပြုခြင်း
တဆေးကို ပေါင်မုန့်ဖုတ်ရာမှာ အများဆုံးသုံးကြပါတယ်။ တဆေးက ပေါင်မုန့်ဖုတ်ရာမှာ အောက်ဆီဂျင်နဲ့ ဓာတ်ပြုတဲ့အတွက် ပေါင်မုန့်ပေါက်လာပြီး ဖောင်းဖောင်းကြွကြွ လေးဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။
၆။ ချောကလက်ပြုလုပ်ရာမှာ အသုံးပြုခြင်း
ချောကလက်တော်တော်များများ ပြုလုပ်ရာမှာ တဆေးကလည်း ပါဝင်ပစ္စည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ချောကလက်ပြုလုပ်ဖို့ ကိုကိုးမှုန့်ကို အချဉ်ဖောက်ပေးတဲ့နေရာမှာ တဆေးကို အသုံးပြုပါတယ်။ ကိုကိုးမှုန့်ကို အချဉ်ဖောက်ပြီးမှ ချောကလက် ပြုလုပ်ကြတာဖြစ်ပါတယ်။ အချဉ်ဖောက်တဲ့ ဖြစ်စဉ်ကတော့ ဘီယာ၊ ဝိုင်တို့ကို ပြုလုပ်ရာမှာ သုံးတဲ့ နည်းဖြစ်တဲ့ အချဉ်ဖောက်ခြင်းနဲ့ တူတူပါပဲ။
၇။ ဆံပင်အတွက် အသုံးဝင်ခြင်း
တဆေးကို အခြေခံပြီး ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆံပင်နဲ့ ပတ်သတ်တဲ့ လူသုံးကုန်ပစ္စည်းများမှာ ပါဝင်တဲ့ တဆေးရဲ့ အာနိသင်ကတော့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဆံသားကို တောက်ပစေနိုင်ပါတယ်။
၈။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း
လေ့လာတွေ့ရှိချက်များအရ တဆေး စားပွဲတင်ဇွန်း (၂) ဇွန်းမှာပါရှိတဲ့ ပရိုတင်းဓာတ်က နွားနို့တစ်ခွက် (သို့မဟုတ်) အသား တစ်အောင်စ မှာပါဝင်တဲ့ ပရိုတင်းဓာတ်ပမာဏ နဲ့ ညီမျှပါတယ်။
၉။ ဇီဝလောင်စာအဖြစ်အသုံးပြုခြင်း
ကမ္ဘာမှာ မကြာသေးခင်က တဆေးကို ဇီဝလောင်စာထုတ်လုပ်မှုမှာ အသုံးပြုလာတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တဆေးက သကြားကနေ အီသနောကိုပြောင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် အီသနောကို ယာဉ်တွေမှာ ဒီဆယ်အစား ဇီဝလောင်စာဆီအဖြစ်အသုံးပြုနိုင်ပါတယ်။
၁၀။ ပဋိဇီဝဆေးအဖြစ်အသုံးပြုခြင်း
ယနေ့ခေတ်မှာ ပဋိဇီဝဆေးတော်တော်များများက တဆေးကို ခန္ဓာကိုယ်အတွက် ဖြည့်စွက်စာအဖြစ် ထည့်သွင်းအသုံးပြု ဖော်စပ်လာကြတာတွေ့ရပါတယ်။ အသားမစားတဲ့ သက်သက်လွတ်စားသုံးသူများလည်း တဆေးနဲ့ ဖော်စပ်ထားတဲ့ဆေးဝါးများကို စားသုံးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တဆေးမှာ ဗီတာမင်ဓာတ် ကြွယ်ဝပြီး အသားဓာတ်ပါဝင်မှုများ တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သတ်သတ်လွတ်စားသုံးသူတို့ရဲ့ အစားအသောက်များမှာ ဗီတာမင်ပမာဏ၊ အထူးသဖြင့် ပရိုတင်းဓာတ်ပမာဏနည်းပါးတဲ့အတွက်ကြောင့် တဆေးကိုသုံးပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်အတွက် ဖြည့်စွက်စာများကို စားသုံးလာကြတာကိုတွေ့ရပါတယ်။
၁၁။ ဝိုင်ပြုလုပ်ရာမှာ အသုံးပြုခြင်း
နာနတ်၊ စပျစ်စတဲ့ ဝိုင်တွေပြုလုပ်ရာမှာ တဆေးကိုသုံးကြပါတယ်။ တဆေးက နာနတ်၊ စပျစ်သီးတို့မှာ ပါရှိတဲ့ သကြားဓာတ်ကို အီသနောအဖြစ်ပြောင်းပေးပြီး အချဉ်ဖောက်စေပါတယ်။
၁၂။ အသားအရေအတွက် လိမ်းစရာ ခရင်မ်များထုတ်လုပ်ခြင်း
တဆေးကလည်း သက်ရှိမှိုအမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် များပြားပြီး မတူညီတဲ့ ဓာတ်တွေ ပါရှိပါတယ်။ အထူးသဖြင့် အမိုင်နိုအက်ဆစ်၊ ဗီတာမင်များပါဝင်တဲ့ အတွက်ကြောင့် အသားအရေအတွက်ကောင်း ကျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ တဆေးကို အသားအရေပိုင်းဆိုင်ရာကုသမှုများမှာ အသုံးပြုလာကြပါတယ်။
၁၃။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျော့ချပေးခြင်း
Yarrowia lipolytica မျိုးစိတ်ဖြစ်တဲ့ တဆေးက ပတ်ဝန်းကျင်မှာရှိတဲ့ ဟိုက်ဒရိုကာဗွန် နဲ့ အခြားညစ်ညမ်းစေတဲ့ သတ္ထုများကို ဖြိုခွဲပေးတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပေးနိုင် ပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ။
Ref: https://sciencing.com/common-uses-yeast-8217336.html
https://allusesof.com/food/25-uses-of-yeast/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ညိမ်းထွန်း
2 years agoလေ့လာသိရှိခွင့်ရတဲ့အတွက်ကျေးဇူးပါ
ဖြိုးဝေသန်း
3 years agoဖုန်းနံပါတ်လေးပေးလို့ရမလား
Kyaw Zin Naing
3 years agoပြောပြပေးပါလား
O win
4 years agoသူတို့သင်ထားတဲ့လုပ်နည်းတွေမှာ ပညာမလျိုထားဘူးလား လျိုထားရင်တော့ လုပ်တဲ့အချိန်မအောင်မြင်နိုင်ဘူး
O win
4 years agoဒီထဲမှာပြပေးလို့ရပါသခားဆရာကြီး
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန်းအောင်
See all
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022
ဘာလို့ ညဘက်မှပွင့်တာလဲ ညမွှေးပန်းလေးရေ..
15/02/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....