ဘာလို့ ညဘက်မှပွင့်တာလဲ ညမွှေးပန်းလေးရေ..
ညလေပြေထဲမှာ ပျံ့သင်းလာတဲ့ ရနံ့လေးတွေရဲ့ သယ်ဆောင်ရာနောက်ကို လိုက်သွားမိရင် တခါတရံ ညမွှေးပန်းလေးတွေကို တွေ့ရပါလိမ့်မယ်..။
အဖြူရောင်ပွင့်ဖတ်လေးတွေနဲ့ အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေပြီး အီနေအောင်မွှေးလှတဲ့ အဲ့ဒီချစ်စရာ ညမွှေးပန်း သင်းသင်းလေးတွေက ဘာလို့ညဘက်မှ ပွင့်ကြရတာလဲ..??
ဖြူဖြူမွှေးမွှေးလေးတွေနဲ့ဆိုပေမယ့် သူတို့မှာလည်း အဆိပ်ကလေးတွေနဲ့ဗျ..။
ဆိုတော့.. အိမ်တွင်း အလှစိုက်အပင်လေးတွေအဖြစ်လည်း စိုက်လို့ရတဲ့.. ညမွှေးပန်းလေးတွေအကြောင်း ပြောပြမယ်နော်..။
ကျွန်တော်တို့တွေဟာ နေ့ခင်းဘက်မှာ ပန်းများ အရောင်အသွေးစုံလင်စွာနဲ့ လှလှပပ ဖူးပွင့်နေတာကို မြင်ဖူးကြပေမဲ့ ညဘက်မှာပါ လှလှပပ ဖူးပွင့်နိုင်တာကိုရော တွေးဖူးပါသလား။ ပန်းပွင့်အများစုကတော့ နေကျသွားချိန်၊ အပူချိန်ကျသွားချိန်ဆိုရင် ပြန်ပြီးဖူးငုံသွားကြတယ်ဗျ။ ဆိုလိုချင်တာကဗျာ ဥယျာဉ်ခြံ မျက်နှာစာ ရှေ့မှာ ညဘက်ပိုင်း အလှလျော့သွားတာပေါ့ဗျာ။ ညဘက်ပိုင်းမှာဆိုရင် လရောင်ခြည်က ရိုက်ခက်လာတဲ့ အလင်း ရောင်နဲ့ ညပိုင်းဖူးပွင့်ကြတဲ့ ပန်းတွေရဲ့ အရောင်အသွေးစုံလင်ပြီးပန်းရနံ့များမွှေးကြိုင်နေမယ် ဆိုတဲ့ စိတ်ကူး လေးနဲ့တင်ကို စိတ်ချမ်းသာစရာပါ။
ကဲ ဒီတော့ အဓိကအကြောင်းကို ဆက်မယ်ဗျာ ...
ညဘက်မှာပွင့်တဲ့ ပန်းတွေကရံဖန်ရံခါ ပိုပြီးမွှေးနေခြင်းရဲ့ အဓိကအချက်ကတော့ ညဘက်ပိုင်းမှာ ဝတ်မှုန်ကူးပေးကြတဲ့ အင်းဆက်လေးတွေကို ဝတ်မှုန်ကူးဖြစ်စဉ်အတွက် ဆွဲဆောင်ဖို့လိုအပ်တဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ညဘက်ပိုင်းပွင့်တဲ့ ပန်းတော်တော်များများက အဖြူရောင်များပါတယ်။ ဘာလို့လဲဆိုရင် ညဘက်ပိုင်း ဝတ်မှုန်ကူးအင်းဆက် တို့ကို ပိုပြီးဆွဲဆောင်နိုင်တဲ့ အချက်ကြောင့်ပဲဖြစ်ပါတယ်။
ညဘက်မှာပွင့်တဲ့ပန်းတွေကတော့ …
• ညမွှေးပန်း
• နှင်းပန်း
• ညနေခင်းနှင်းဆီ
• ပဒိုင်းပန်း
• ဆေးရွက်ကြီးပန်း
• မဉ္ဇူပန်းပင် တို့ဖြစ်ပါတယ်။
ဆိုတော့ … ညမွှေးပန်းက ဘာလို့ညမှာ ပွင့်ကြတာလဲ ?
ညမွှေးပန်းပင်က အခြားပန်းပင်တွေလိုပဲ နေ့ခင်းဘက်မှာ နေရောင်ခြည်နဲ့ ထိတွေ့ပြီး ပန်းပွင့်စေတဲ့ ဟော်မုန်းကို ထုတ်ပါတယ်။ ၎င်းဟော်မုန်းကို ဖလော်ရီဂျင် ( florigen) လို့ခေါ်ပြီး နေ့ခင်းဘက်မှာပဲ အရွက်ကနေ ပန်းပွင့်မယ့် အဖူးလေးတွေဆီကို ရွှေ့ပြောင်းကြတဲ့ အလုပ်ကိုလုပ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ အဖူးလေးတွေဆီမှာ ဖလော်ရီဂျင်ဟော်မုန်းများ စုလာပြီး ညဘက်ပိုင်းကျမှ ပန်းပွင့်ကြတာဖြစ်ပါတယ်တဲ့..။
ညမွှေးပန်းက နေရောင်ခြည်ရရှိမှု တစ်ရက်ကို အနည်းဆုံး လေးနာရီတော့လိုအပ်ပါတယ်။ သူ့ရဲ့ ရနံ့ သင်းလေးကြောင့်လူသိများကြပြီး နေ့ခင်းပိုင်းမှာထက် ညဘက်မှာဆို ပိုပြီး မွှေးပါတယ်။ ဆေးရွက်ကြီးပင်ရဲ့ ပန်းပွင့်လည်းအတူတူပါပဲ။ ညဘက်မှာ သူ့ရဲ့ အနံ့က ပိုပြီးပြင်းပါတယ်။
ညမွှေးပန်းနဲ့ ပတ်သက်ပြီး မေးလေ့ရှိကြတဲ့ မေးခွန်းအချို့ကိုပါ ဖော်ပြပေးလိုပါတယ်။
ညမွှေးပန်းက နှစ်တစ်နှစ်ရဲ့ ဘယ်ကာလမှာ ပွင့်ကြတာလဲ ?
ညမွှေးပန်းရဲ့ အဓိကအချက်ဖြစ်တဲ့ ရနံ့က ဂျူလိုင်လကနေ အောက်တိုဘာလအတွင်း ပိုပြီး သိသိသာသာ မွှေးပါတယ်။ အဲ့ဒီကာလအတွင်းမှာတော့ ထပ်ခါထပ်ခါပွင့်ကြတာကိုတွေ့ရပါတယ်။
ညမွှေးပန်းမှာ ကျရောက်တတ်တဲ့ ဖျက်ပိုးက ဘာတွေလဲ ?
အဓိက ကျရောက်လေ့ရှိတာကတော့ စုပ်စားပိုးဖြစ်တဲ့ ပျ ဖြစ်ပါတယ်။ ပျ ဖျက်ဆီးမှုပုံစံကတော့ အပင် ရည်တွေကိုစုပ်စားကြပါတယ်။ တစ်ခြားအရွက်တွေကို ကိုက်စားကျတဲ့ အင်းဆက်ပိုးမွှား တွေလည်းရှိပါတယ်။
ညမွှေးပန်းက အဆိပ်ရှိသလား ?
အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ညွှန်ကြားချက်များအရ ညမွှေးပန်းက လူတွေအတွက် အဆိပ်ဖြစ်နိုင်တယ်လို့ ယူဆထုတ်ပြန်ထားပါတယ်။ ပန်းပွင့်၊ အရွက်၊ အသီး အပါအဝင် အပင်အစိတ်အပိုင်း တော်တော်များများ နို့တိုက်သတ္တဝါတွေအတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။
ကဲ.. ဒီလောက်ဆိုရင် ညဘက်ပိုင်းမှာ ပွင့်ကြတဲ့ ပန်းများနဲ့ ညမွှေးပန်းအကြောင်းကို ဗဟုသုတ အနေနဲ့ အနည်းငယ် သိရှိသွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ် ။
https://askinglot.com/why-does-night-blooming-jasmine-bloom-at-night
https://moviecultists.com/does-night-blooming-jasmine-only-bloom-at-night
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tun Tun Win
4 years agoနှင်းအကြောင်းလဆွေးနွေးချင်တယ်
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန်းအောင်
See all
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
22/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022